မြန်မာနိုင်ငံတွင် Sim Reigistration / Live Evidences ( CDR/IPDR) / Lawful Intersection အတွက် ပြသာနာများ

မြန်မာနိုင်ငံတွင် Sim Reigistration / Live Evidences ( CDR/IPDR) / Lawful Intersection အတွက် ပြသာနာများ
လက်ရှိတည်ဆဲဥပဒေများအရဆိုရင် လေ့လာမိသလောက် Call Detail Record / IP Address Detail Record တောင်းရင် Lawful Intersection လုပ်မယ်ဆိုရင် အားနည်းချက်တွေရှိပါတယ်။ တယ်လီကွန်းတွေကနေ ဆက်သွယ်ရေးဥပဒေ အခန်း (၁၉) ၇၅၊ ၇၆ ပါတဲ့အတိုင်း တောင်းဆိုချက်တွေကိုပေးရမှာဖြစ်သော်လည်း နိုင်လွတ်လုံ ဥပဒေအရ တော်တော်လေးကို ခက်ခဲနေတာ အချိန်ကြာမြင့်နိုင်တာကို သွားတွေ့ရပါတယ်။ နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ချက်ချင်းလုပ်ဆောင်ရမည့် ကိစ္စတွေမှာ အခက်အခဲများစွာရှိနိုင်ပါတယ်။ ဆက်သွယ်ရေးဥပဒေမှာလဲ Sim Registration အတွက် သတ်မှတ်ချက်တွေကို တိကျစွာ ပြဌာန်းထားတာ မရှိရှိပါဘူး။ အချို့အဖွဲ့အစည်းတွေဆို Date Out နေပြီး ဥပဒေပိုင်းအရာ လုပ်ဆောင်ရမည့် အချက်တွေ ကွဲကွဲပြားပြားမပါဝင်ပါဘူး။ ပြဌာန်းချက်တွေက အဓိပ္ပာယ်မရှင်းလင်းတဲ့အတွက် လိုရာကိုဆွဲပြီးယူနိုင်ပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေမှာ ပုဒ်မ (၈၊၉၁၀) မှာပါတဲ့ ဆက်သွယ်ရေး နဲ့ ဆိုင်တဲ့ Digital Evidences တွေကို ရယူတဲ့နေရာမှာလဲ မလိုအပ်ပဲ အချိန်ကြာတာတွေ Evidences အပြည့်အစုံမဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ အရေးယူလုပ်ဆောင်မယ်ဆိုရင်တောင် တာဝန်ရှိသူက နိုင်လွတ်လုံ ဥပဒေအရ အခြေအနေမကောင်းရင် ကိုယ်ပါ ထောင်ကျနိုင်ပါတယ်။ ပြသာနာနောက်တစ်ခုမှာ Cyber law , Electronic Law များထုတ်ပြန်ပြီးနောက် တိကျစွာလုပ်ဆောင်ရန်တွက် နည်းဥပဒေမရှိခြင်းဖြစ်ပါသည်။ အဓိကပြသာနာတွေကို ရေးသားထားခြင်းဖြစ်ပါသည်။
ဆက်သွယ်ရေးဥပဒေ အခန်း (၁၉)
၇၅။ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက် နှင့် ဆက်သွယ်မှုများကို မဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေ ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်။
၇၆။ ဝန်ကြီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သော ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကိစ္စများအတွက်သော်လည်းကောင်း၊ အများပြည်သူများ၏ အကျိုးအတွက်သော် လည်းကောင်း လုပ်ငန်းလိုင်စင်ရရှိသူတစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အတွင်း ဝန်ဆောင်မှုပြုလုပ်နေမှုကို လိုအပ်ပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်းပြုနိုင်သည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
အခန်း(၄)
အီလက်ထရောနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ
၆။ အစိုးရအဖွဲ့သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ နှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်များအဖြစ် လည်းကောင်းပါ ဝင်စေလျက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဗဟို အဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာ ဝန်ပေးနိုင်သည်။
(ဂ) ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၇။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊
(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အတွေ့အကြုံဗဟုသုတ ကြွယ်ဝပြီး ကမ္ဘာ လုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ခြင်း၊
(ဂ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရေးအတွက် အီ လက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာမူဝါဒများ၊ ဥပဒေရေးရာများ၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေရှိစေရန် ဆောင်ရွက်ပေးခြင်း၊
(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးနည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း၊
(င) ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊
(စ) မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်း အဖွဲ့များဖွဲ့ စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။
၈။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို သင့်လျော်သည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်တာဝန်ပေးနိုင်သည်။
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း (link)
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
အခန်း (၄) တားမြစ်ချက်များ
၈။ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ-
(က) နိုင်ငံသားတစ်ဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားဖမ်းဆီးခြင်းမပြုရ။
(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေ သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့်စုံစမ်းခြင်းမပြုရ။
(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြော ကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း မပြုရ။
(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက် သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။
(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့်စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။
(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရ။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
အခန်း (၅) ပြစ်ဒဏ်များ
၁၀။ မည်သူမဆို ပုဒ်မ ၇ ပါတားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ် ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အ နည်းဆုံးခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (link)

Comments

Popular posts from this blog

eCDFP (Data Representation & File Examination) (Part-5)

NTFS Index Attributes

A Case Study on Geoprofiling and Imagery Analysis