Posts

Showing posts from May, 2021

SSD Forensic Challenges - Part (1)

Image
SSD တွေက HDD နဲမတူတဲ့အချက်ကတော့ Flash Translation Layer (FTL)မှာ Garbage collection  နဲ့ Ware-Leveling တို့ကြောင့်ဖြစ်ပါတယ်။ FTL က Logical Block နဲ့ Physical Block ကို ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ SSD တင်တဲ့ထား Operation System ကနေ Physical  File နေရာတွေကို Track လုပ်မထားပါဘူး။ HDD နဲ့ကွဲပြားချက်ဖြစ်ပါတယ်။    Garbage  Collection  (GC) HDD မှာလို Data တစ်ခုသိမ်းမယ်ဆိုရင် ရှိနေပြီးသား Data ပေါ်မှာ SSD Nand Flash က မသိမ်းနိုင် OverWrite မလုပ်နိုင်ပါဘူး။ Data  သိမ်းမယ်ဆိုရင် Block ကို Erase လုပ် ပြီးမှ သိမ်းရပါတယ်။ မဖျက်ခင် Block ထဲက Data ကို အခြား Block ပေါ် ပြောင်းတာလဲရှိပါတယ်။ အခုလို Bock ကို Erase လုပ် Block တွေကို ပြန်နေရာချတာကို Garbage Collection လို့ခေါ်ပါတယ်။ Garbage collection က SSD ထဲကနေ မလိုအပ်တဲ့ data တွေဖယ်ထုတ်ပြီး နောက်ထပ် data တွေသိမ်းလို့ရအောင် ပြုလုပ်ပေးပါတယ်။data သိမ်းဆည်းဖို့ အမှန်တစ်ကယ် Page တစ်ခုသာ လိုအပ်ပေမဲ့ Garbage collection ပြုလုပ်တဲ့အခါ Block တစ်ခုလုံးကို ဖျက်ပါတယ်။ Block ထဲမှာ data တွေရှိရင်လဲ အခြား  Page,Block ကို အလိုအလျှောက်ပြောင်းလဲပေးပါတယ်။  Photo (1)  အရဆိုရင်

Digital Forensics Quizs (34-35-36)

 Digital Forensics Quizs (34-35-36) #Question  Digital Forensics and Incident Response (DFIR) ကို Undergraduate ဒါမှမဟုတ် Graduate courses ဘယ်အဆင့်မှာ သင် သင့်ပါသလဲ ?  #Answer  Catch The Young ဆိုသလိုပဲ. ငယ်ရွယ်တဲ့အချိန်မှာ စပြီးသင်ယူတာ အကောင်းဆုံးဖြစ်ပါတယ်။ Undergraduate အဆင့်မှာ Cyber Security, Programming  လိုမျိုးဘာသာရပ်နဲ့ DFIR ဘာသာရပ်ကို  အခြေခံသင်သင့်ပါတယ်။ အခြေခံမရှိသေးတဲ့အတွက်  DFIR လိုမျိုးဘာသာရပ်ကို အရမ်းငယ်ရွယ်တဲ့ အချိန်ဆိုရင် သင်ယူဖို့မသင့်တော်ပါဘူး။ လက်ရှိ India DFIR Profrssional တော်တော်များများမှာ Programming အားနည်းပါတယ်။ ဘာလို့လဲဆိုရင် Undergraduate နဲ့ Post Graduate အဆင့်မှာ ကောင်းစွာမသင်ယူခဲ့ရလို့ဖြစ်ပါတယ်။DFIR တစ်ယောက်က  Applications Analysis အပိုင်းတွေလိုက်ဖို့အတွက် Programming  ကိုသိဖို့လိုအပ်ပါတယ်။   #Question  Digital Forensics Analysis Tools တွေကိုဝယ်ယူတဲ့အခါ ဘာတွေကို သတိထားသင့်ပါသလဲ ?  #Answer Digital Forensics Analysis Tools ရွေးချယ်တာက အရေးကြီးတဲ့ အပိုင်းမှာပါဝင်ပါတယ်။ ကိုယ်ရှာဖွေလိုတဲ့ အချက်အလက်တစ်ခုရဲ့  အဖြေကိုရနိုင်တဲ့ Analysis Tools တွေအများကြီးရှိပါတယ်

Digital Forensics Quiz 33

Image
 #Question Volatile Evidences တွေကိုဘယ်လိုရယူနိုင်ပါသလဲ ? #Answer Random Access Memory (RAM) က Volatile Information ဖြစ်ပါတယ်။ Computer Power Off တာနဲ့ အချက်အလက်တွေရှိတော့မှာ မဟုတ်ပါဘူး။ Storage Media ဖြစ်တဲ့ HHD SSD တို့ကိုတော့ Non Volatile Information လို့ခေါ်ပါတယ်။ Power Off နေပေမဲ့ အချက်အလက်တွေရှိနေတုန်းမို့လို့ပါ။ RAM ထဲမှာတော့ စစ်ဆေးသူစိတ်၀င်စားနိုင်တဲ့ အချက်အလက်တွေပါ၀င်နိုင်ပါတယ်။ ဥပမာ Execute Command , Clear Test Password, Unencrypted Information,IP Address, Encryption Key (Bitlocker or Ransomware)  Volatile Information ကိုရယူစဉ်ဂရုစိုက်ရမှာတွေက  Machine ရဲ့ Running လုပ်နေတဲ့ပုံစံမပျက်အောင်ထားပါ။ Running System ကို ဓာတ်ပုံရိုက်ကူးပါ  Document လုပ်ပါ။ Browser Activity , Opening Folder Opening Documents  Machine မှာ Encryption စနစ်သုံးထားခြင်း ရှိ မရှိ စစ်ဆေးပါ။ Machine ရဲ့ Operation System Version  ကို မှတ်သားပါ။ Machine ရဲ့ Current Time Date ကို မှတ်သားပါ ဓာတ်ပုံရိုက်ကူးပါ။  RAM Dump ကို Memory Stick ဖြင့်ရယူပါ။ အခြားသော Volatile Information များကိုရယူပါ။ Document Every Steps I

Digital Forensics Quizs (31-32)

  Digital Forensics Quizs (31-36)  #Queation  Anti Forensics ဆိုတာဘာလဲ ?  #Answer  Criminal ကျူးလွန်သူတွေက Anti Forensics လုပ်ခဲ့မယ်ဆိုရင် စစ်ဆေးသူအနေနဲ့တော်တော်‌လေး အခက်တွေ့နိုင်ပါတယ်။ Anti Forensics Methods တွေကတော့ data hiding အချက်အလက်တွေကို ဝှက်ထားခြင်း။data wiping အပြီးတိုင် ဖျက်ဆီးခြင်း။Tail obfuscation ရှုပ်ထွေးအောင်ပြုလုပ်ထားခြင်း Encryption ပြုလုပ်ခြင်း Stenography ပြုလုပ်ခြင်း Disk Cleaning ပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ Anti Forensics ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Digital Forensics စနစ်တွေ အောက်သွားအောင် Digital Forensics Tools တွေရဲ့ လုပ်နိုင်စွမ်းရည် ကျဆင်းအောင် Recovery လုပ်လို့မရအောင် စစ်ဆေးသူ Knowledge မပြည့်ရင် စစ်ဆေးမှုမဖြစ်နိုင်အောင်ပြုလုပ်တာပဲ ဖြစ်ပါတယ်။  Anti Forensics ; Counter Forensics ပြုလုပ်ခြင်းကြောင့် Challenge တွေရှိလာပါတယ်။ စစ်ဆေးသူအနေနဲ့ Anti Forensics အလုပ်လုပ်ပုံတွေ နည်းလမ်းတွေကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဒါမှသာ Anti Forensics ပြုလုပ်ထားမထား သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ  usboblivon ဆိုရင် ကွန်ပျူတာမှာ လာတပ်တဲ့ usb log တွေကို ဖျက်တာဖြစ်ပါတယ်။ သူက စပြီး Run တာ

Digital Forensics & Incident Response & OSINT START ME LINKS

 Digital Forensics & Incident Response နဲ့ OSINT  စတင်လေ့လာမဲ့သူတွေအတွက် အသုံး၀င်တဲ့ Links တွေစုစည်းပေးထားတာပါ။  Digital Forensics ဘက်စကူးတဲ့အချိန် တော်တော်ဒုက္ခရောက်ခဲ့ရတဲ့အတွက် နောက်လူတွေ အဆင်သင့် လေ့လာနိုင်အောင်ပါ။  ကူညီအားပေတဲ့သူတိုင်းကို ‌အထူးကျေးဇူးတင်ပါတယ်။  Good Luck  START ME LINKS