အော်ပရေတာ အားလုံး သို့မဟုတ် တစ်ခုချင်းစီရဲ့ Cell Site Location Map မရှိရင် ဘယ်လိုလုပ်လို့ရလဲ

အော်ပရေတာ အားလုံး သို့မဟုတ် တစ်ခုချင်းစီရဲ့ Cell Site Location Map မရှိရင် ဘယ်လိုလုပ်လို့ရလဲ
CDR True Copy ရခဲ့ရင် သို့မဟုတ် Cell Tower တည်နေရာနဲ့ ဒီဂရီ ရခဲ့ရင် Map ပေါ်မှာ Location ချကြည့်လို့ရပါတယ် www.cellmapper.net မှာ အော်ပရေတာတွေရဲ့ Cell Tower တွေရှိပါတယ်။ ဒါပေမဲ့ မပြည့်စုံပါဘူး။ Account ဖွင်ပြီး Tower မရှိရင်လဲ Tower နေရာချကြည့်ပြီး ခန့်မှန်းတိုင်းတာလို့ရပါတယ်။ အရင် Post တွေမှာ Cell Mapper မှာ သုံးရမယ့် ဝေါဟာရအကြောင်းတွေ သတ်မှတ်ချက်တွေ ရေးထားပြီးပါပြီ။ နောက်ပိုင်းတော့ ဖုန်းကနေ Signal အကောင်းဆုံးတိုင်ကို ချိတ်ဆက်ရမှာ (အလွယ်ပြောရရင် ဖုန်းကနေ Cell Tower ကို ချိတ်ဆက်ရာမှာ ပြတဲ့ Signal အတုံးလေးတွေ အနည်းအများကိုကြည့်ပြီး ခန့်မှန်းနေရာကို ပြောနိုင်မယ်ထင်ပါတယ်)
ဥပမာ 5 တုံး အပြည့်ဆိုရင် Tower တိုင်နဲ့ အနီးဆုံနေရာ ၊
တာဝါတိုင်နဲ့ အနီးဆုံးမှာ ရှိနေပေမဲ့ ကြားထဲမှာ အဆောက်အဦး တောင်ကုန်း မြေနိမ့် စတဲ့ Radio Frequency ကို နှောက်ယှက်တဲ့အရာ ရှိနေမယ်ဆိုရင် နေရာက တစ်မျိုးဖြစ်နိုင်ပါတယ်။ ဒါက မြေပုံကို အချို့နေရာတွေမှာ သုံးရတဲ့အကြောင်းအရင်းပါ။


Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool