Cell Global Identity (CGI)


Base Transceiver Station (BTS) ကျွန်တော်တို့ အခုလက်တွေ့မြင်နေရတဲ့ Cell Tower / Cell Site တွေမှာ Cell Global Identity (CGI) လို့ခေါ်တဲ့ နံပတ်ပါရှိပါတယ်။ (CGI) မှာပါတဲ့ အရာတွေကတော့ အောက်ကပုံမှာပြထားပါတယ်။ Cell Tower / Cell Site တွေက နိုင်ငံမှာ 360 ဒီဂရီ ပတ်လည်ရှိပြီးတာများပြီး Sector ( Cell Tower ) မှာမြင်နေရတဲ့ တိုင်အဖြူကြီးတွေကတော့ 120 ဒီဂရီ ရှိတာများပါတယ်။ Base Transceiver Station (BTS) ရဲ့ Cell Global Identity (CGI) မှာပါဝင်တာကတော့ MCC Code ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ Telecom တွေအတွက် 414 ဖြစ်ပါတယ်။ MNC Code ကတော့ ပုံမှာပြထားတဲ့အတိုင်း အော်ပရေတာအလိုက်ကွဲပြားပါတယ်။ Local Area Indentification ( LAI ) နံပတ်ကတော့ လက်ရှိတိုင်စိုက်ထားတဲ့ Area အစုအဝေးရဲ့ နံပတ်ပါ။ (BTS တိုင်တွေကို စုပေါင်ထားတာကို Base Station Controller (BSC) လို့ခေါ်ပါတယ်။ Cell Identity (CID) ကတော့ BTS ရဲ့နံပတ် သို့မဟုတ် Sector ဖြစ်ပါတယ်။ နေရာတစ်ခုမှာ (BTS) တိုင်တွေဘယ်လောက်စိုက်ထားတယ် (BTS) ဘယ်နှစ်ခုက ဘယ်နေရာမှာရှိတဲ့ Base Station Controller (BSC) ကို ချိတ်ဆက်ထားတယ်ဆိုတာ အော်ပရေတာတွေဆီကနေ ရရှိနိုင်ပါတယ်။ #ForensicsMyanmar
#CGI



Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool