Deep Drive into SSD Recovery and Forensics
SSD ကို Quick Format ဒါမှမဟုတ် SSD ထဲက Data တွေ ဖျက်လိုက်ရင် ဘယ်လိုရယူနိုင်မလဲ ? SSD တစ်လုံးဆီက Data ပြန်ရဖို့ဆိုရင် L2P Table (Logical-to-Physical Table) အကြောင်းကို အရင်နားလည်ဖို့ လိုပါတယ်။ L2P Table ဆိုတာ ဘာလဲ ? L2P Table ဆိုတာ SSD တစ်လုံးမှာ Computer မြင်ရတဲ့ address (Logical) နဲ့ Data တွေ တကယ်ရှိနေတဲ့ Flash Chip ထဲကနေရာ (Physical) ကို ချိတ်ဆက်ပေးထားတဲ့ မြေပုံ ဖြစ်ပါတယ်။ SSD တွေဟာ Data တွေကို နေရာချရင် (Static) အနေနဲ့ သိမ်းတာမဟုတ်ဘဲ Wear leveling အရအမြဲနေရာရွှေ့နေတဲ့အတွက် ဒီ Table မရှိရင် Data တွေကို ရှာမတွေ့နိုင်ပါဘူး။ ဘာကြောင့် L2P Table လိုအပ်တာလဲ ? HDD တွေမှာတော့ ဒေတာတစ်ခုကို ဖျက်ပြီး အဲဒီနေရာမှာပဲ ပြန်ရေး (Overwrite) လို့ ရပါတယ်။ ဒါပေမဲ့ SSD မှာတော့ Data ရှိတဲ့နေတဲ့နေရာတွေမှာ နောက်ထပ် Data ထပ်ပြီး Write လို့ မရပါဘူး။ အရင်ဖျက် (Erase) လုပ် ပြီးမှ ပြန် Write လို့ ရပါတယ်။ Wear Leveling အလုပ်ကတော့ Flash chip တစ်နေရာတည်းကိုပဲ ခဏခဏ Data သွား Write နေရင် အဲဒီနေရာက မြန်မြန်ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် Controller က ဒေတာတွေကို SSD ရဲ့Chip တစ်ခုလုံးမှာ နှံ့နေအောင် လိ...