Posts

Showing posts from December, 2018

Computer forensics Part 37 Solid-State Drive (SSD) - Forensics

Image
Hard Disk မှာ Spindle မော်တာ​ကြောင့် လည်ပတ်နေတဲ့ Platter တွေ Platter ပေါ်မှာရှိတဲ့ data တွေသိမ်းထားတဲ့ (track,sector,cluster) တွေကို ဖတ်ဖို့ ရွေ့လျားနေတဲ့ Read / Write Head ပါတဲ့ arm တွေပါရှိပါတယ်။ဒါပေမဲ့ Solid-State Drive (SSD) မှာတော့ လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေ မပါဝင်ပါဘူး။ data တွေကို Flash Memory (same as usb stick) ပေါ်မှာ Block အနေနဲ့သာ သိမ်းထားပါတယ်။ လည်ပတ်နေတဲ့ ပစ္စည်းတွေမပါဝင်တဲ့အတွက် vibration ဖြစ်ခြင်းမရှိ၊ အပူထွက်မူနည်းပါးပြီး HD ထက် အထိအခိုက်ခံတဲ့ အတွက် Solid State Drive လိုခေါ်ဆိုရခြင်းဖြစ်ပါတယ်။ data input-out နုန်းမြန်ဆန်ခြင်း၊ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဝင်တဲ့ အတွက် ထိခိုက်ခံမှုမှာ hard disk ထက်သာလွန်ခြင်း၊ ဆူညံမှုနည်းပါခြင်း၊ size သေးငယ်ခြင်း၊ Power အစားသက်သာခြင်း၊ data ပမာဏ သိုလှေင်မှုများလာပြီး ဈေးနှုန်းလဲ တစ်ဖြည်းဖြည်းသက်သာ လာခြင်းတို့ကြောင့် နောင်တွင်အသုံးပြုမှု ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ SSD မှာ Data တွေကို အဓိက read- write လုပ်တဲ့ Flash Memory ပေါ်မှာပြုလုပ်ခြင်းဖြစ်ပါတယ်။ SSD Flash Memory မှာ သုံးမျိုးရှိပါတယ်။SSD သက်တမ်း