အွန်လိုင်းပေါ်က လိမ်လည်မှုများ (အပိုင်း ၂ )
ဖြစ်ရပ် ၅ လူတွေက ခက်သည် Online ပေါ်မှာ အများအထင်သေးမခံရနိုင်ဖို့အတွက် ရှိသမျှအထုတ်အကုန်ဖြည်ပြသည် အချို့သူတွေစိတ်ထဲမှာ နိုင်ငံခြားသာတစ်ယောက်နဲ့ အပေါင်းအသင်းဖြစ်ရင် ပြောနိုင်ဆိုနိုင်ရင် အခြားသူ အထင်ကြီးမယ် ထင်ကြသည် .... နောက်တစ်မျိုးက လောဘ နဲ့ ယုံလွယ်စိတ် မြန်မာပြည်မှာ ဖားခုန်စနစ်ဖြင့်တိုးတက်လာသော နည်းပညာများနှင့်အတူပါလာသော လိမ်လည်နည်းများကို မသိသမှု ဒီအချက်တွေကိုအခွင့်ကောင်းယူပြီး မသမာသူက SocialNetwork ပေါ်မှာ သားကောင်ရှာဖွေကြသည် ပထမဆုံး Social Media ပေါ်မှာ နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ယောက်ပုံစံ ဒါမှမဟုတ် ချမ်းသာတဲ့ပုံစံ အသွင်ယူပါတယ်. ဘယ်လိုအသွင်ယူနိုင်သလဲ မြန်မာနိုင်ငံမှ လူများသည် FB မှလွဲပြီး ကျန်တဲ့ Social Network ကိုအသုံးပြုတာနည်းပါးပါတယ် ဒါကြောင့် Twitter Linkedin လိုနေရာမျိုးကနေ မြန်မာပြည်ကလူတွေ အထင်ကြီးစေလောက်တဲ့ လူတစ်ယောက်ရဲ့ Profile ကို ယူပြီး အကောင့်တစ်ခုဖန်တီးလိုက်ပါတယ် အပေါ်မှာဖော်ပြခဲ့တဲ့ အားနည်းချက်တွေနဲ့ ကိုက်ညီတဲ့ လူတွေကိုရွေးချယ်ပြီး Frien