Posts

Showing posts from 2018

Computer forensics Part (37-38) Solid-State Drive (SSD) - Forensics

Image
Hard Disk မှာ Spindle မော်တာကြောင့် လည်ပတ်နေတဲ့ Platter တွေ Platter ပေါ်မှာရှိတဲ့ data တွေသိမ်းထားတဲ့ (track,sector,cluster) တွေကို ဖတ်ဖို့ ရွေ့လျားနေတဲ့ Read / Write Head ပါတဲ့ arm တွေပါရှိပါတယ်။ဒါပေမဲ့ Solid-State Drive (SSD) မှာတော့ လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေ မပါဝင်ပါဘူး။ data တွေကို Flash Memory (same as usb stick) ပေါ်မှာ Block အနေနဲ့သာ သိမ်းထားပါတယ်။ လည်ပတ်နေတဲ့ ပစ္စည်းတွေမပါဝင်တဲ့အတွက် vibration ဖြစ်ခြင်းမရှိ၊ အပူထွက်မူနည်းပါးပြီး HD ထက် အထိအခိုက်ခံတဲ့ အတွက် Solid State Drive လိုခေါ်ဆိုရခြင်းဖြစ်ပါတယ်။ data input-out နုန်းမြန်ဆန်ခြင်း၊ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဝင်တဲ့ အတွက် ထိခိုက်ခံမှုမှာ hard disk ထက်သာလွန်ခြင်း၊ ဆူညံမှုနည်းပါခြင်း၊ size သေးငယ်ခြင်း၊ Power အစားသက်သာခြင်း၊ data ပမာဏ သိုလှေင်မှုများလာပြီး ဈေးနှုန်းလဲ တစ်ဖြည်းဖြည်းသက်သာ လာခြင်းတို့ကြောင့် နောင်တွင်အသုံးပြုမှု ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ SSD မှာ Data တွေကို အဓိက read- write လုပ်တဲ့ Flash Memory ပေါ်မှာပြုလုပ်ခြင်းဖြစ်ပါတယ်။ SSD Flash Memory မှာ သုံးမျိုးရှိပါတယ်။SSD သက်တမ်းကြာဖို့ TRIM ကိုသု

What is Cyber Forensics ? Part 36 Hard Disk Platter Forensics

What is Cyber Forensics ? Part 36 Hard Disk Platter Forensics =============== Platter ဆိုတာ Hard Disk မှာ Data တွေကို အဓိက ထားပြီး သိမ်းတဲ့နေရာ ဘယ်လိုနေရာမှာ ဘယ်လိုသိမ်းတယ်ဆိုတာ ကလေးက အစသိပြီးဖြစ်နေမှာပါ အခု အနေအထား အခုအချိန်ဆိုရင် တစ်ကယ်တော့ Platter မှာခြစ်ရာ ပွန်းရာပါနေတဲ့ အထိ Data ကို အရေးကြီးရင် အရေးကြီးသလို ပြန်ဆယ်လို့ရပါတယ် ... (အခု post အရာတော့ ဒီလောက်အထိပါပဲ) Youtube မှာကြည့်သလို လေလုံခန်းဆိုတာက ရှိနေရင် ပိုကောင်းပါတယ် .. ဘာလို့လေလုံခန်းလိုသလဲဆိုတာလဲဆိုတာ PLATTER နဲ head အကြား အကွာအဝေးနဲ့ SPINDLE RPM နှုန်းကို သိရင် နားလည်ကြမှာပါ .. တစ်ကယ်တန်းလိုလားဆိုရင် လိုပါတယ် ရှိရင် ပိုကောင်းပါတယ် ... ခြားနားချက်လေးတွေပဲရှိတာပါ .... အဓိက အချက်လေးတွေကိုတော့ Hard disk forensics အပိုင်းမှာ အချို့ကို ဖော်ပြပြီးပါပြီး ... =============== - HD Cover ကိုဖွင့်ပါမယ် .. - arm အနေအထားကိုကြည့်ရပါမယ် ... -arm အနေအထားအရ Theory မလွတ်ပဲ စိတ်ရှည်စွာ ဖြုတ်ရပါမယ် (Youtube ကြည့်ပြီး အရေးမကြီးလောက်ဘူး ထင်ရပေမဲ့ .. အသေးစိတ် ဂရုစိုက်ရပါမယ် .. ) -Same Doner HD လို့သာ Google Tor youtue တွေမှ

What ls Digital Forensics ? (Part 35) ATA Password (SSD and Hard Disk Forensics )

Image
What is Digital Forensics? (Part 35 ) ATA Password (SSD and Hard Disk Forensics ) အချို့သော Knowledge ရှိတဲ့ User တွေနဲ့ Organization တွေက BIOS , UEFI, hard disk password (ATA) တွေကိုထားရုံမက Full Disk Encryption (FED) တွေ Self-Encrypting Drives (SED) နဲ့ပါ တွဲပြီးထားကြပါတယ်။ BIOS password, UEFI password တွေကတော့ Forensics process မှာ ခေါင်းသိပ်မခဲရပေမဲ့ Self-Encrypting Drives (SED) တစ်ခုဖြစ်တဲ့ ATA Password မှာ စဉ်းစားရမဲ့ အပိုင်းတွေပါလာပါတယ်။ Googling ရှာ Linux tools / HD tools/boot CD တစ်ခုခုသုံးပြီး Password ကို ဖျက်လို့ရနိုင်ပေမဲ့ data lost ဖို့က 90 ရာနှုန်းလောက်သေချာပါတယ်။ PC Repair ဆိုင်တွေအတွက်ကတော့ အဆင်ပြေချင်ပြေနိုင်ပေမဲ့။ Forensics အပိုင်းကျတော့ detail လဲကျပြီး data တွေကို တတ်နိုင်သမျှဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အဓိကလိုချင်တာက Recovery ပြန်မခေါ်ချင်တဲ့ အချက် ဖြစ်ပါတယ်။ ATA password ကို Unlock လုပ်ဖို့အတွက်ဆို.......... User Password အမျိုးအစားကဘာလဲ ......... ? Master Password အမျိုးအစားကဘာလဲ ......... ? High နှင့် Maximun Security ကဘာလဲ......... ? ကိုယ်စစ်ရမဲ့ HD

What is Cyber Forensics ? Part 34 Locard's principle , inman-Rudin Paradigm

Image
What is Cyber Forensics ? Part 34 Locard's principle , inman-Rudin Paradigm   =============== Locard's principle , inman-Rudin Paradigm အကြောင်းမဖော်ပြခင် ကျန်ခဲ့တဲ့ တစ်ချက်ကို အရင်ဆုံးဖော်ပြပါမည်။ Peer view   =========== Peer View လို့ခေါ်တဲ့ ပြင်ပကနေ သက်ဆိုင်ရာ Digital Forensics Field ကို ကျွမ်းကျင်တဲ့သူရဲ့ မှတ်ချက် ဒါမှ မဟုတ် ထွက်ဆိုချက်။ တရားရုံးမှာ တစ်ဖက်ရှေ့နေကနေ သက်သေ အနေနဲ့သွင်းနိုင်သလို အစိုးရှေ့နေ ဒါမှ မဟုတ် ကျန်တစ်ဖက်ရှေ့နေကလဲ သွင်းနိုင်ပါသည်။ (နိုင်ငံအလိုက်Cyber Law အပေါ်မူတည်ပါသည်) ============ Locard's Principle ဆိုတာကတော့ ပြင်သစ်လူမျိုး မှုခင်းဆရာဝန် Dr.Edmond Locard (1877-1907) ဖော်ထုတ်ခဲ့တဲ့ အချက်ပါ။   " မှုခင်းတစ်ခုမှာ ရှာဖွေတတ်ရင် သဲလွန်စကို ရရှိနိုင်ပါသည်ဟူသော အချက်ပါ။ " ဖော်ထုတ်ချက်ကို Physical Investigation မှာသာ အဓိကထားပြီး သုံးပေမဲ့ digital ခေတ်ရာက်လာတဲ့ အခါမှာ Theory ကနေ ပြီး ထပ်ဆင့်ချဲ့ယူကြပါတယ်။   Digital Evidence ဆိုတာ ရှာဖွေဖို့ခက်လဲသလို ပျက်စီးလွယ်ပါသည်။ ဒါကြောင့် ကျန်ခဲ့သော Evidence တစ်ခုထဲကနေ ဖော်ထုတ်နိုင်ဖို့

What is Cyber Forensics ? Part 33 Forensics Methods and Principles (Hypothesis)

Image
What is Cyber Forensics ? Part 33 Forensics Methods and Principles (Hypothesis) Digital Forensics လုပ်ငန်း တစ်ခုလုံးဟာ Scientific Process လုပ်ငန်းစဉ်တော်တော်များများပါဝင်နေပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်တော်တော်များများဟာ scientific အနေနဲ့သာလုပ်ကိုင်ရပါတယ်။ Philosophy နဲ့ ပတ်သတ်လို့ 2 ချက်ပါဝင်ပါတယ်။(Verification နဲ့ Falsifiability) ။ ဒါကြောင့် Digital Forensics Scientific Methods အချို့ကို ဆက်ပြီးတွေးကြည့်ရအောင်ပါ။ ပထမဆုံး Method ကတော့ Hypothesis အပိုင်းဖြစ်ပါတယ်။ hypothesis ဟာ မှန်းဆခြင်း သက်သက်မဟုတ်ပါ။ အမေးရှိရင် အဖြေရှိတယ်ဆိုတဲ့ အတိုင်း မိမိ မှန်းဆချက်ကို forensics လုပ်ငန်းမှာ ရှာဖွေနိုင်ရမယ် ပြီးရင် သက်သေပြနိုင်ရပါမယ်။ ဥပမာ အနေနဲ့ ကြည့်မယ်ဆိုရင် ... Crime Case Back Ground (NOTE: Base On CHFI&CCFP Note Not Real Wold Case) ====================================== Organization တစ်ခုရဲ့ Confidential ဖြစ်တဲ့ PDF တစ်စောင်ပျောက်ဆုံးသွားပါတယ်။ အဲဒီ file ကိုသိမ်းထားတဲ့ ကွန်ပျူတာ ကိုင်တွယ်သူက A ဖြစ်ပါတယ်။ စစ်ဆေးသူက C ဖြစ်ပါတယ်။ (မရွှေမိုး(korea) စာတွေဖတ်တာများလို့   :D ) ပထမဆုံ

What is Cyber Forensics ? Part 32 (RAID - FORENSICS) (Part 2 )

Image
What is Cyber Forensics ? Part 32 (RAID - FORENSICS) (Part 2 ) Raid Forensics Part 2 မှာ ကျွန်တော်တို့ Detail ကျကျသွားကြည့်ရအောင်ပါ.. ဒါကြောင့် Crime Case တစ်ခုဖြစ်တဲ့ ရုပ်ရှင်ကား Copy Right ချိုးဖောက်မှုကို Example အနေနဲ့ပြပြီး Forensics လုပ်သွားပါမယ် .။ မှတ်ချက်။ ။ (CHFI နဲ့ CCFP မှာပါတဲ့ example Case များကို ပေါင်းစပ်ပြထားခြင်းဖြစ်ပါသည်။ Case Back Ground =============== ရုပ်ရှင်ထုတ်လုပ်ရေး Company တစ်ခုမှာ ရုပ်ရှင်ကား တစ်ကားဟာ Editing လုပ်နေတုန် (RAW file အနေနဲ့) ခိုးယူခြင်းခံရပြီး You tube မှာ တင်လိုက်ပါတယ်။ Company ရဲ့ physical Security ပိုင်း၊ CCTV Camera ပိုင်း ၀န်ထမ်းပိုင်း ကို တစ်ဖွဲ့က စစ်ပါမယ်။ Digital Lab ကိုရောက်လာတာကတော့ Ant PC Eciton SL950X (Work Station) ဖြစ်ပါတယ်။ သူ့ရဲ့ Specific ကတော့ ------- Window 10 64 bit Processor Brand Intel Processor Type Core i7 4.2 GHz RAM Size 16 GB Hard Drive Size 1 TB + 1 TB (Raid0) Graphics Coprocessor Nvidia Geforce GTX 1070 Graphics Card Description Nvidia Geforce GTX 1070 ======================================== S

What is Cyber Forensics ? Part 31 (Redundant Array of Independent Disks) (RAID) (FORENSICS)

Image
What is Cyber Forensics ? Part 31 (Redundant Array of Independent Disks) (RAID) (FORENSICS) (Part 1) ======================================= RAID စနစ်ကို data များပျက်စီးခြင်းမှကာကွယ်နိုင်ရန်နဲ့ Performance ကောင်းစေဖို့ အတွက် အဓိက ထားပြီးအသုံးပြုကြပါတယ်။ ကိုယ်လုပ်ကိုင်နေတဲ့ အဖွဲ့ အစည်း အသုံးပြုတဲ့ Data တွေပေါ်မူတည်ပြီး Raid Level တွေကို သတ်မှတ် အသုံးပြုနိုင်ပါတယ်။ Raid system မှာ အသုံးပြုတဲ့ နည်းပညာ ၃ ခုရှိရပါတယ်။ အဲဒါတွေကတော့ striping, mirroring, parity, နဲ့ ပေါင်းစပ်အသုံးပြုခြင်းတို့ဖြစ်ပါတယ်။ Striping။ data တွေကို Block Size အနေနဲ့ ပိုင်းလိုက်ပြီး Hard Disk တွေမှာသွားပြီး သိမ်းထားခြင်းဖြစ်ပါတယ်။ Block Size ကတော့ 32KB ကနေ 128KB ,1 MB အသီးသီးရှိပါတယ်။data တွေကို Block အနေနဲ့ ပိုင်းပြီး သိမ်းလိုက်ပြီး array Member တွေဖြစ်တဲ့ Hard disk တစ်ပြိုင်ထဲ သွားပြီး သိမ်းတဲ့အတွက် Read/Write Performance ပိုပြီးကောင်းပါတယ်။ ဒါပေမဲ့ Fault to­le­ran­ce မရပါဘူး။ Mirroring Data တွေကို Array member ဖြစ်တဲ့ Hard disk တွေပေါ်မှာ သွားပြီး တစ်ပြိုင်းတည်း သိမ်းထားခြင်းဖြစ်ပါတယ်။ A ဆိုတဲ့ Fil

What is Cyber Forensics ? Part 30 (What Happen When The File is Deleted in Window ?)

Image
What is Cyber Forensics ? Part 30 Window မှာ file နဲ့ Folder တွေကို ဖျက်လိုက်တဲ့ အခါမှာ ဘာတွေဖြစ်သွားသလဲ ..... ? =============================================== ကွန်ပျူတာမှာ file နဲ့ Folder တွေကို ဖျက်လိုက်တဲ့ အခါမှာ ဖိုင် တွေ ဖိုဒါတွေရှိတဲ့ Logical Drive နေရာကနေ ကွယ်ပျောက်သွားတာ တွေ့ရပါမယ်။  ဒါပေမဲ့ 0 , 1 အဖြစ်နဲ့ hard disk ရဲ့ Sector တွေပေါ်မှာ cluster အစုအဝေးအနေ နဲ့ ကျန်ရှိနေပါတယ်။ Delete သာမန် အနေနဲ့ ရိုးရိုး Delete လုပ်လိုက်တဲ့ file , folder တွေက recycle bin ထဲကို ရောက်သွားပါမယ် (file , folder တွေက မြင်နေကြနေရာမှာ မရှိတော့ပါဘူး) ( Recycle bin ထဲမှာ မှား ဖျက်မိရင် ပြန်ပြီး Restore လုပ်နိုင်တဲ့ အနေအထားပါ) ။ Recycle Bin ကို clean လုပ်လိုကတဲ့အခါမှာ Recycle Bin က clean ဖြစ်သွားပါမယ်။ဒါပေမဲ့ data တွေ တစ်ကယ်တန်းရှိနေတဲ့ Cluster ပေါ်မှာတော့ ဆက်လက်ပြီးတည်ရှိနေပါတယ်။ Shift+Delete Shift+Delete နှိပ်ပြီး ဖျက်တာကတော့ Data တွေက Recycle Bin ထဲကို ရောက်မသွားပဲ မြင်ကွင်းကနေ ပျောက်သွားမှာပါ။ ဒါပေမဲ့ Hard disk ရဲ့ Cluster ပေါ်မှာ bit တွေ အဖြစ်ကျန်နေခဲ့ပါတယ်။ =======================

What is Cyber Forensics ? Part 29 Hard Disk Forensic . (Part 3) Boot Loader , Boot Sector , Master Boot Record (MBR) & Window System Boot Process

Image
=============================== Boot Loader (Boot manager) ဆိုတာ Program တစ်ခုဖြစ်ပြီး boot လုပ်တဲ့ အချိန်မှာ Operation system ကို Computer Ram ပေါ်ကို ဆွဲတင်ပါတယ်။ Boot loader မှာ အဆင့်အမျိုးမျိုးရှိပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုပါတယ်။ နောက်ဆုံအဆင့်ကတော့ Operation System တက်လာတဲ့ အဆင့်ဖြစ်ပါတယ်။ Boot Sector ဆိုတာကတော့ Hard Disk ရဲ့ Memory Sector တစ်ခုဖြစ်ပြီး Hard Disk ရဲ့ ပထမဆုံး Track ပထမဆုံး Sector မှာတည်ရှိပါတယ်။ သူ့မှာ bootstrapping system အတွက် code တွေပါရှိပါတယ်။ ဥပမာ အားဖြင့် ပြေရမယ်ဆိုရင်e power-on self-test (POST) လုပ်တဲ့ အပိုင်းတွေ ပါဝင်ပါတယ်။ Boot sector မှာ Two Bytes ရှိပါတယ်။ (POST hardware တွေ ကောင်းမကောင်း စစ်ဆေးသော အပိုင်း) =============================== Boot Sector မှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်။ Volume Boot Record (VBR) VBR က HD ရဲ့ ပထမဆုံး Sector မှာ ဒါမှမဟုတ် partition တစ်ခုစီရဲ့ ပထမဆုံး Sector မှာရှိပါတယ်။.Operation System တွေကို loading လုပ်ဖို့အတွက် code တွေပါရှိပါတယ်။ =============================== Master Boot Record (MBR) (512 Bytes) St

What is Cyber Forensics ? Part 28 Hard Disk Forensic . (Part 2) Hard Disk (bad Sector, slack space, firmware half or full damage )

Image
Sector ဆိုတာ track ပေါ်မှာ data တွေသိမ်းဖို့အတွက် ဖွဲ့စည်းထားတဲ့အသေးဆုံး physical storage ဖြစ်ပါတယ်။ အရင်ကတော့ sector တစ်ခုမှာ 512 (byte) ရှိပေမဲ့ နောက်ပိုင်း 2011 လောက်ကနေ စပြီး 4,096 bytes (4k) (Advanced Format ) စနစ် ဖြစ်လာပါတယ်။ Bad sector ပျက်စီးနိုင်တာက စက်ရုံကနေထုတ်လိုက်ပြီး သယ်ယူစဉ် ထိမ်းသိမ်းထားစဉ်မှာ ပျက်စီးခြင်း (အဖြစ်နည်းပါသည်) head နဲ့ platter ကြားမှာ အကြောင်းအမျိုးမျိုးကြောင့် ဖုန်ဝင်သွားတဲ့အခါ၊မှာ read/write head က platter ကို ခြစ်မိပြီး Track ပေါ်က sector များ ပျက်စီးနိုင်ပါတယ်။ hard disk power on နေတဲ့အချိန်မှာ လွတ်ကျတဲ့အခါ / ရုတ်တရက် power Off သွားတဲ့ အခါမှာ sector များ အများဆုံးပျက်စီးနိုင်ပါတယ်။arm နဲ့ platter တွေ အနေထားမမှန်တဲ့အခါမှာ head က Platter ပေါ်က Track လမ်းကြောင်းပေါ်ရှိ sector တွေကို ခြစ်မိလို့ bad sector ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က sector တစ်ခုခြင်းစီမှာပါတဲ့ ECC ပိုင်း ကနေfile တွေကို error correction မလုပ်နိုင်တဲ့အခါမှာ ဖြစ်တတ်ပါတယ်. malware ကြောင့်လဲ bad sector ဖြစ်နိုင်ပါတယ်။ အခု အချက် ၂ ချက်ကြောင့် bad sector ဖြစ်တာကတော့ data တွေကို ပြန်လည

What is Cyber Forensics ? Part 27 Hard Disk Forensic . (Part 1) .

Image
What is Cyber Forensics ? Part 27 Hard Disk Forensic . (Part 1) . Hard Disk တစ်ခုကို forensics မလုပ်ခင် Hard disk ရဲ့ဖွဲ့စည်းပုံကို အရင်ဆုံး သိထားရပါမယ် ... ပုံမှာ ပါတဲ့ အတိုင်း Platter ဆိုတာကတော့ Hard disk မှာ Data တွေကို အဓိက သိမ်းဆည်းထားတဲ့နေရာပါ။ Platter ကို ပါးလွှာချောမွေ့တဲ့ aluminum alloy, or glass နဲ့ ပြုလုပ်ထားပြီး meganitic အရည်ကို အပေါ်ကနေ သုတ်ထားပါတယ်။ Platter size ကတော့ 5.25-inch ဒါမှမဟုတ် 3.5-inch ရှိပါတယ်။platter ရဲ့ အပေါ်ဘက်မှာရော အောက်ဘက်မှာ ပါ data တွေကို သိမ်းထားပါတယ်။ data တွေကို platter ပေါ်မှာ 0 1 အနေနဲ့ သိမ်းထားပါတယ်။ အရင်ကတော့ Hard disk မှာ Platter တွေ 6 ခုလောက်ပါပေမဲ့ နည်းပညာ မြင့်မားလာတာနဲ့ အမျှ platter အရည်အတွက်လည်း နည်းသွားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ Platter အရည်အတွက် နည်းတာနဲ့ အမျှ Fault ဖြစ်နိုင်ချေလဲ နည်းသွားပါတယ်။ ====================== Spindle ကတော့ platter တွေလည်ပတ်ဖို့ အတွက်လည်ပတ်ပေးရတဲ့ Motor ဖြစ်ပါတယ်။ တစ်မိနစ် လည်ပတ်နှုန်းကတော့ 4,200 RPM ကနေ 15,000 RPM အထိရှိပါတယ်။, လက်တွေ့မှာ အသုံးအများဆုံး Hard disk တွေ၇ဲ့ လည်ပတ်နှုန်းကတော့ 5,4

OPEN SOURCE INTELLIGENCE (OSINT)

Image
Second War ပြီးတဲ့ အချိန်ကနေစပြီး သတင်းမီဒီယာတွေ TV အစီအစဉ်တွေဟာပိုမိုများပြားလာပြီး ပြောဆိုရေးသာမှု အပိုင်းမှာ ပိုမိုပွင့်လင်းလာခဲ့ပါတယ်။ အဲဒီနောက် Internet ပေါ်လာတဲ့ အချိန်မှာတော့ သတင်းအချက်အလက်စီးဆင်းမှုဟာ ပိုမိုမြန်ဆန်ကျယ်ပြန့်လာပါတယ်။ ဘယ်နေရာမဆို အဆိုးနဲ့ အကောင်းဒွန့်တွဲနေသလိုပါပဲ။ အခုလိုတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေရှိသလို တစ်ဖက်မှာလဲဆိုးကျိုးတွေက ရှိလာပြန်ပါတယ်။ ဆိုက်ဘာရာဇ၀တ်မှု၊ အကြမ်းဖက်အဖွဲ့အစည်း၊ အစိုးရကို ဝေဖန်တိုက်ခိုက်မှုတွေ စတဲ့အ ဖွဲ့အစည်းတွေက အင်တာနက်ကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြပါတယ်။ Juniper Research အရဆိုရင် လာမဲ့ 2019 မှာ cybercrime ကြောင့် ကမ္ဘာနဲ့တစ်ဝှမ်းက စီးပွားရေးလုပ်ငန်းနဲ့ အစိုးရပိုင်းကနေ ကာကွယ်မှုအတွက် ကုန်ကျငွေ ၂ ဘီလီယံခန့် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒါကြောင့်အစိုးရပိုင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ငွေအကုန်ကျသက်သာပြီး တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေမဲ့ Open Source Intelligence စနစ်ကို အသုံးပြုလာကြပါတယ်။ Open Source Intelligence (OSINT) စနစ်ဆိုတာ ကမ္ဘာအနှံမှာ Publice ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ Open Source Intelligence (OSIN

What is Cyber Crime (Myanmar Version) Part 1 to 26 စုစည်းမှု PDF

Image
What is Cyber Crime (Myanmar Version) Part 1 to 26 စုစည်းမှု PDF  ဘယ်သူတွေဖတ်သင့်သလဲ .... မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၀န်ကြီးဌာနများတွင် IT ပိုင်းလုပ်ကိုင်နေသော ၀န်ထမ်းများ ဥပဒေ၀န်ထမ်းများ Network administrator များ Cyber Crime ကိုစိတ်ပါဝင်စားသူများ ... Download link ==> https://drive.google.com/open?id=1_FcOnlSoqgfrj0hK0lw-z6pqo-w-gj8S https://www.facebook.com/forensicsmyanmar https://forensicsmyanmar.blogspot.com/ # Cybercrime

What Is Cyber Forensics Part (26) Window Registry Analysis Part (4) (Window Forensics)

Image
Registry အပိုင်းဟာ ရှုပ်ထွေးပြီး စစ်ဆေးမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိယူရပါမယ်.။ Window Forensics လက်တွေ့လုပ်ဆောင်တဲ့အချိန်မှာ လုပ်ဆောင်ဖို့အခက်အခဲ အနည်းငယ်ရှိပါမယ်။ ဒါကြောင့် Forensics စစ်ဆေးဖို့ tools တွေလိုအပ်လာပါတယ်။ Law Enforcement အဖွဲ့အစည်း ပိုင်းအနေပဲ ၀ယ်ယူရနိုင်တဲ့ Tools တွေ Hardware တွေရှိသလို Free ဖြစ်တဲ့ Tools တွေ Hardware တွေလဲရှိပါတယ်။Eg kali, auto spy (current version 4.9) စသည်ဖြင့်ရှိပါတယ်။ More tools Search in Google .... အခု Post မှာအဓိက ပြောချင်တာက Forensics Tools တွေက Window Forensic လုပ်ဆောင်တဲ့အခါမှာ Result တွေထွက်လာမယ် ... ထွက်လာတဲ့ Result တွေကို ဥာဏ်ရှိသလို ပိုင်းခြားရှာဖွေရပါမယ်.. ပုံမှာ ပြထားတဲ့ Result တော်တော်များများက window registry ပိုင်းမှာ မှတ်သားထားတာကို Forensics Tools ကနေ စုစည်းပြီး ထုတ်ပေးထားတာပါ။ Window Registry ကိုအဓိက ထားပြီးရေးသားနေတာကြောင့် ကျန်တဲ့ အပိုင်းကို ခန ချန်ထားခဲ့ပါမယ်။ (Key point အနေနဲ့ပြောချင်တာက Forensics Tools မှာ ဘာကို စစ်ဆေးမယ် . ဘယ်အပိုင်းကို စစ်ဆေးမယ်, Result တွေထဲက ဘာကိုရှာရမယ်..Result တွေက ဘယ်ကနေ ရရှိလာတယ်ဆိုတာ

What Is Cyber Forensics Part (24+25)

Image
indow Registry Analysis Part (2) (Window Forensics) User တစ်ယောက်ဟာ Window ကိုစတင်အသုံးပြီဆိုတာနဲ့ သူလုပ်ဆောင်သမျှအားလုံးကို Registry ကနေမှတ်တမ်းတင်ထားပါတယ်။ ဥပမာ .... Login Time Account Level File Open activities Network Connecting activities Browser activities portable device ချိတ်ဆက်မှု စတာတွေကို မှတ်တမ်းတင်ထားပါတယ်။ အချို့သော အချက်အလက်တွေကတော့ Window Shut Down ချတာနဲ့ ပျောက်သွားပါတယ်။ Every things Leave a Trace. မှတ်သားထားတဲ့နေရာတွေကတော့ part 23 မှာရေးထားတဲ့ key တစ်ခုချင်းစီအောက်မှာရှိနေတဲ့ Sub key တွေ အောက်မှာ သွားသိမ်းဆည်းထားတာပါ။ Registry File location Windows\System32\Config --------------------------- ဒါကတော့ registry မှာ တစ်ကယ်အလုပ်လုပ်တဲ့ hive (subkey) တွေရဲ့ Location ပါ။ HKEY_LOCAL_MACHINE \SYSTEM : \system32\config\system HKEY_LOCAL_MACHINE \SAM : \system32\config\sam HKEY_LOCAL_MACHINE \SECURITY : \system32\config\security HKEY_LOCAL_MACHINE \SOFTWARE : \system32\config\software HKEY_USERS \UserProfile : \winnt\profiles\username HKEY_USE