FAT 32 File System
File System Analysis မှာပါတဲ့ FAT 32 File System အကြောင်းကပြီးသလောက်ရှိသွားပါပြီ။ နောက်ထပ်လာမှာက NTFS File System အကြောင်းဖြစ်ပါတယ်။ FAT အကြောင်းကို လိုတိုရှင်းဆိုရင် Boot Sector မှာ Storage မှာ Cluster တွေဘယ်လောက်ရှိတယ် Cluster တစ်ခုမှာ Sector တွေဘယ်လောက်ရှိတယ်ဆိုတဲ့ Information ရှိပါတယ်။ File System Information (FSINFO) မှာ လက်ရှိ Data တွေသိမ်းထားတာ ဘယ်လောက် ပမာဏ ရှိတတယ်။ (Cluster အရေအတွက်ပေါ့) နောက်ထပ်ဘယ်လောက် သိမ်းလို့ရသေးတယ်ဆိုတဲ့ Information ရှိပါတယ်။ Bootstrap ကတော့ Error ဖြစ်ရင်အသုံးပြုတာ။ Press Any Key To Continue ဆိုတဲ့စာတက်လာပြီး Cluster တစ်ခုထဲမှာသိမ်းထားတဲ့ Good Configuration ကိုယူပေးပါတယ်။ FAT1 FAT2 နေရာမှာက ဘယ် File က Cluster နေရာ ဘယ်လောက်ယူထားတယ်။ဥပမာ Image1 File က Cluster နံပတ် ၁၀၀ ကနေ ၂၀၀ အထိယူထားတယ်ဆိုတာကို သိမ်းထားပါတယ်။Root Directory (Root) ထဲမှာ File တစ်ခုချင်းစီရဲ့ File Name, Metadata တွေပါ၀င်တယ်။ Data Area မှာတော့ လက်တွေ့မြင်နေရတဲ့ File, Folder တွေ ရှိပါတယ်။ (File တစ်ခုက FAT File System ပေါ်မှာ ဘယ်လိုနေရာယူထားတယ် ဆိုတာ မျက်စိထဲ မြင်ကြည့်လိုက်ပါ။) ဒီလိုဆိုရင်