Cell Site Analysis and Covid19

Cell Site Analysis and Covid19
တောင်ကိုးရီယားက ထိထိရောက်ရောက်အသုံးနိုင်ဆုံးလို့ယူဆလို့ရပါတယ်။ ICT နဲ့ Covid ကို ထိန်းချုပ်တဲ့နေရာမှာ လူတစ်ယောက်က ရောဂါဖြစ်ပွားဖူးတဲ့နေရာကိုရောက်ခါနီးဆိုရင် Phone ကို SMS Ring Tone အသံအမြင့်နဲ့ alarm ပေးပါတယ်။ ဘယ်နေရာကတော့ ရောဂါဖြစ်ပွားဖူးတယ်ဆိုတာပေါ့။ GPS တည်နေရာနဲ့ပေးတာမဖြစ်နိုင်ပါဘူး။ ရောဂါရှိနေတဲ့နေရာရဲ့ အနီးတစ်ဝိုက်ကို ရောက်တယ်ဆိုတာနဲ့ ဖြစ်တဲ့အနီးတစ်ဝိုက်မှာရှိတဲ့ Signal အကောင်းဆုံး Cell Tower ၊ Cell Site တွေကို Mobile ဖုန်းကသွားရောက်ချိတ်ဆက်ပါတယ်။ အဲဒီအချိန်မှာ SMS ဝင်တာပါ။ ဥပမာ ကျွန်တော် OOREDOO သုံးပါတယ် ပြင်ဦးလွင်မှာနေတော့ မေမြို့နဲ့ ပတ်သတ်တဲ့ Ooredoo Promotion ,etc စသည်ဖြင့် Sms ဝင်ပါတယ်။ နေပြည်တော်ရောက်ရင်လဲ နေပြည်တော်နဲ့ ဆိုင်တဲ့ကြော်ငြာတွေဝင်တတ်ပါတယ်။ အခုတော့ မသိတော့ပါ မရောက်တာကြာတော့။
Privancyတွေကတော့တောင်ကိုရီယားမှာဆိုတော့ သူ့ Law အတိုင်းရှိမှာပါ။ ICT အကြောင်းရေးထားတာမှာလဲ SMS Alarm အတွက် Privancy သတ်မှတ်ချက်မပါပါဘူး။ နယ်စပ်လေဆိပ်တွေကနေဝင်လာရင် သုံးရမဲ့ Appplication၊ Q ဝင်ရင်သုံးရမဲ့ Application မှာတော့ Privancy အကြောင်းတွေ လိုက်နာရမည့် အကြောင်းတွေ ရေးထားပါတယ်။
နောက်တစ်ခုကတော့ Positive ပြတဲ့လူနာသွားရောက်ခဲ့တဲ့နေရာတွေကို မေးမြန်းပြီး Cell Site Analysis လုပ်ကာ ဆေးစစ်တာလုပ်တာပါ။ ဒါကတော့ အချိန်သတ်မှတ်ချက်နဲ့လုပ်တာပါ။ Case လူနာက စားသောက်ဆိုင်တစ်ခုသွားထိုင်မိတယ်ဆိုပါတော့ - -- အချိန်အတွင်း အဲဒီနေရာမှာ အနီးကပ်ဆုံးရှိခဲ့တဲ့ လူတွေကို သေချာအောင်ရှာဖွေတာပါ။ လူတိုင်းလိုလိုမှာ ရှိတဲ့ ဖုန်းတွေက Cell Tower ကိုချိတ်ဆက်နေတဲ့အတွက်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကတော့ ဥပဒေ၊ နည်းပညာ၊ Sim Registration တော်တော်တင်းကျပ်တဲ့အတွက် အဆင်ပြေကြတာပါ။အီတလီမှာလဲ နောက်ပိုင်းစသုံးတယ်လို့ယူဆရပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool