Call Detail Record (CDR)

Call Detail Record (CDR) က တယ်လီကွန်းတွေမှာ Billing အတွက်ထားတာဖြစ်ပါတယ်။ Investigation ဘက်မှာတော့ အခြားကြောင်းအရာတွေ နဲ့ဆက်စပ်ပြီး အသုံးပြုပါတယ်။ CDR ကိုတစ်ကယ်တန်း စစ်ဆေးမယ်ဆိုရင်တော့ Telecom Billing System ကနေရတဲ့ .txt .csv .html .pdf   Doc  RFt File Type  တွေနဲ့ရရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့  Pdf နဲ့ မရရင် အဆင်ပြေပါတယ်။ ကိုယ်တိုင် Analysis လုပ်နိုင်အောင်ဖြစ်ပါတယ်။ Call Detail Record (CDR) Analysis လုပ်ရင် သိထားရမည့် ခေါင်းစဉ်တွေကတော့
IMSI IMEI CGI Cell Tower Coverage Cell Tower List Event Type  CDR Traffic User CDR Event Type CDR File Format Integrity Of The Data Hash Code etc .. စသည်ဖြင့် ဖြစ်ပါတယ်။

Call Detail Record (CDR) ကိုသေသေချာချာလုပ်မယ်ဆိုရင် အဓိက လိုအပ်တာက Sim Registration နဲ့ CDR ကို ဘယ်အချိန်အတိုင်းအတာထိ Telecom ကနေသိမ်းထားရမယ်ဆိုတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဓီကထားတဲ့နိုင်ငံတွေမှာတောင် 6 နှစ် 7 နှစ်အထိ သိမ်းဆည်းထားပါတယ်။ MMS ပါပို့လို့ရတယ်ဆိုရင်တော့ နှစ်အနည်းငယ်လျော့ပါတယ်။ ဒါတောင် ဘယ်အပိုင်းတွေကို သိမ်းထားရမယ်ဆိုတဲ့ အချက်ကို သတ်မှတ်ထားပါတယ်။
နောက်တစ်ခုလိုအပ်တာက နိုင်ငံတစ်ခုလုံမှာရှိတဲ့ အော်ပရေတာတိုင်းရဲ့ Cell Tower တည်နေရာနဲ့ အသေးစိတ်အချက်အလက်ဖြစ်ပါတယ်။ Cell Tower  Location တွေ မရှိရင် အသေးစိတ်လုပ်ရမဲ့ အချိန်ဆို အခက်အခဲရှိပါတယ်။

Call Detail Record (CDR)  စစ်ဆေးဖို့အတွက်  Analysys Application လဲမရှိဘူး  Cell Tower  Location တွေလဲမရှိဘူးဆိုရင် စစ်ဆေးဖို့ အကောင်းဆုံး Application ကတော့ Excel ပါ။ Excel မှာ Formula ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ ( တယ်လီကွန်းတွေကနေ CDR  True Copy File Type ရခဲ့ရင်)

CDR Keys
Who, What, Where, Which , When, To Who

(ပုံတွေက Example အနေနဲဲ့ဖြစ်ပါတယ်။ CDR File မှာ တယ်လီကွန်းတွေမှာ အသုံးပြုတဲ့ Billing System အလိုက် Excel အကွက် ရှေ့နောက် အခေါ်အဝေါ်ကွာခြားနိုင်ပါတယ်။ ပါဝင်တာတွေ သဘောတရားတွေကတော့ အတူတူပါ။)

မြန်မာနိုင်ငံအခြေအနေမသိပါ။


Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool