Digital Forensics Framework

Digital Forensics လုပ်​ငန်းစဉ်​​တွေကို ခွဲခြားရာမှာ အချို့ပညာရှင်​​တွေက အဆင့်​ ၅ ဆင့်​ရှိတယ်​ ၆ ဆင့်​ရှိတယ်​ ၇ ဆင့်​ရှိတယ်​ဆိုပြီး အမျိုးမျိုးသတ်​မှတ်​ကြပါတယ်​. ဘယ်​လု​ကွာခြားသလဲဆိုရင်​ လုပ်​ငန်းစဉ်​​တွေထဲက တစ်​ခုမှာ ​​ပေါင်းလုပ်​လိုက်​ရတာမျိုးဖြစ်​ပါတယ်​ ဒါမှမဟုတ်​ အ​သေးစိတ်​ခွဲခြားခြင်း သက်​ဆိုင်​ရာနိုင်​ငံရဲ့ နည်းဥပ​ဒေမှာ သတ်​မှတ်​ထားတဲ့ လုပ်​ငန်းစဉ်​အတိုင်းဖြစ်​​နေတတ်​တာမျိုးပါ . အဆင့်​ ၅ ဆင့်​ပဲရှိရှိ ၆ ဆင့်​ပဲရှိရှိ လုပ်​ငန်းသ​ဘောသ​ဘောဝအရ​တော့ အတူတူပဲဖြစ်​ပါတယ်​.



#ThirdEye

#DigitalForensics

Digital Forensics လုပ်ငန်းစဉ်တွေကို ခွဲခြားရာမှာ အချို့ပညာရှင်တွေက အဆင့် ၅ ဆင့်ရှိတယ် ၆ ဆင့်ရှိတယ် ၇ ဆင့်ရှိတယ်ဆိုပြီး အမျိုးမျိုးသတ်မှတ်ကြပါတယ်. ဘယ်လု်ကွာခြားသလဲဆိုရင် လုပ်ငန်းစဉ်တွေထဲက တစ်ခုမှာ ပေါင်းလုပ်လိုက်ရတာမျိုးဖြစ်ပါတယ် ဒါမှမဟုတ် အသေးစိတ်ခွဲခြားခြင်း သက်ဆိုင်ရာနိုင်ငံရဲ့ နည်းဥပဒေမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းဖြစ်နေတတ်တာမျိုးပါ . အဆင့် ၅ ဆင့်ပဲရှိရှိ ၆ ဆင့်ပဲရှိရှိ လုပ်ငန်းသဘောသဘောဝအရတော့ အတူတူပဲဖြစ်ပါတယ်.



အခုကျွန်တော်အရင်က ဆွဲထားတဲ့ Digital Forensics လုပ်ငန်းစဉ်ပါ ..ပြန်လေ့လာရင်းလေ့လာရင်းနဲ့ အချက်တစ်ခုကျန်ခဲ့တာကိုသွားတွေ့ရပါတယ် .မထည့်ရင်လဲ လုပ်ငန်းသဘောသဘာဝအရတော့ မပြောင်းလဲပါဘူး ဒါပေမဲ့ မပြည့်စုံသလို

ခံစားရလို့ပါ. ပထမ အဆင့်နဲ့ ဒုတိယအဆင့်ကြားမှာကျန်ခဲ့တာကို သက်သေခံ Device အမျိုးအစားအရ Team Leader က စစ်ဆေးမည့်သူကိုရွေးချယ်ပေးတာခြင်း ပူးတွဲတာဝန်ပေးခြင်း ဖြစ်တဲ့  Management ပိုင်းပါ



ဥပမာ အမှုတစ်ခုထဲကနေ Forensicd Lab ကိုရောက်လာတာ Window Laptop တစ်လုံးနဲ့ Apple Laptop တစ်လုံး Android Phone တစ်လုံးနဲ့ Apple Phone တစ်လုံး စုစုပေါင်း ၄ မျိုး

ရောက်ရှိလာတာပါ ... Team Leader ကနေ ကိုယ့်ဆီမှာ

ရှိတဲ့ HR အရရယ် Individual ကျွမ်းကျင်တာအရရယ်

စစ်ဆေးမဲ့သူကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်. တစ်ယောက်ထဲကနေ အကုန်နားလည့်ဖို့ဆိုတာ မလွယ်ကူပါဘူး

နားလည်မယ်ဆိုရင်လဲ တစ်ယောက်ထဲမှာ ဝန်ပိသွားနိုင်ပြီး

Digital Forensics မှာအရေးကြီးတဲ့ အာရုံးစူးစိုက်မှုမရနိုင်တော့ပါဘူး

 အခုဥပမာအရဆိုရင် မတူညီတဲ့ Laptop OS နှစ်မျိုး မတူညီတဲ့Phone အမျိုးအစား ၂ လုံး .. ဒါဆိုရင် Phone 2 လုံးကို စစ်ဆေးဖို့ တစ်ယောက်ကို ရွေးမလား ဒါမှမဟုတ်

Android Ph ကိုတစ်ဦး Apple Phone ကို တစ်ဦး တာဝန်ပေးမလား .. Laptop ၂ လုံးကိုလဲ တစ်ယောက်ထဲတာဝန်ပေးမှာလားဒါမှမဟုတ် တစ်ဦးစီတာဝန်ပေးမလား

ဒါကTeam Leader ရဲ့ ကိုယ့်ရဲ့ Team ရဲ့ အခြေအနေကကိုကြည့်ပြီး တာဝန်ခွဲဝေတဲ့အပိုင်းပါ



#ThirdEye



#DigitalForensics

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)