Digital Forensics လုပ်ငန်းဆိုတာဘာလဲ Digital Evidence မှာဘယ်အချက်တွေနဲ့ ပြည့်စုံရမလဲ စစ်ဆေးသူတွေ ဘယ်လိုစစ်ဆေးကြလဲ



Digital Forensics ဆိုသည်မှာ Electronic Device Electronic Media ​တွေက​နေ​ပေးပို့တဲ့အချက်​အလက်​​တွေ နဲ့ Electronic Device Electronic Media ​တွေထဲမှာ သိမ်းဆည်းထားတဲ့ အချက်​အလက်​​တွေကို ပြန်​လှန်​ရှာ​ဖွေခြင်း စစ်​​ဆေးခြင်းဖြစ်​ပါတယ်


လုပ်​ငန်းခွဲ​ဝေခြင်း

စစ်​ဆင်းခြင်း အဆင့်​ ၁ 
နောက်​တစ်​ဆင့်​က​တော့စစ်​ဆေးဖို့ေ​​​ရာက်​ရှိလာတဲ့ Electronic Device ​တွေကိုCopy ယူစစ်​​ဆေးခြင်းပါဝင်​ပါတယ်​. Forensics Copy (Second Copy) လို့လဲ​ခေါ်ပါတယ်​. မူရင်းသက်​သေခံပစ္စည်းနဲ့ စစ်​​ဆေးခြင်းမပြုလုပ်​ရပါဘူး. မူရင်းသက်​​သေခံပစ္စည်နဲ့ စစ်​​ဆေးရင်​ Digital Evidence ဖွင့်​ဆိုချက်​အရ မှန်​ကန်​မှုမရှိနိုင်​ပါ



စစ်​ဆေးတဲ့အမှု စစ်​​ဆေးသူစစ်​​ဆေးတဲ့နည်းလမ်း​နေ့ရက်​အချိန်​တွေက​တော့ ရုံးပိုင်းဆိုင်​ရာအရပြုလုပ်​ခြင်ြးုဖစ်​ပါတယ်
စစ်​​ဆေးခြင်း အဆင့်​ ၂

စစ်​​ဆေးခြင်းအပိုင်း ၃


စစ်​​ဆေးခြင်းအပိုင်း ၄ 
ခေါ်ပါတယ်


===========


digital forensics ဆိုသည်မှာ Electronic Device Electronic Media တွေကနေပေးပို့တဲ့အချက်အလက်တွေ နဲ့ Electronic Device Electronic Media တွေထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ပြန်လှန်ရှာဖွေခြင်း စစ်ဆေးခြင်းဖြစ်ပါတယ်

Digital Evidence ဆိုတာကတော့ အထက်ပါ Electronic Device Electronic Media တွေကို စစ်ဆေးရာမှာ ရရှိလာတဲ့ သက်သေခံအချက်အလက်တွေဟာ အများယုံကြည်လက်ခံနိုင်တဲ့အနေအထားရှိခြင်း- မှန်ကန်မှုရှိခြင်းတို့နဲ့ပြည့်စုံပြီး ရလာတဲ့ သက်သေခံချက်က ဥပဒေအရလဲ သက်သေခံတင်သွင်းနိုင်ရပါမယ်

နိုင်ငံတွေ မှာပြဌာန်းထားတဲ့ ဥပဒေအရ

အဖွဲ့အစည်းတွေအရ ကွဲပြားခြားနားမှုရှိပေမဲ့ Over All Process အရ တူညီတဲ့အချက်တွေ လုပ်ဆောင်ရမဲ့အချက်အလက်တွေကတော့ တူညီပါတယ်



ပထမဆုံးအပိုင်းကတော့ First Responder Team ကနေအပ်နှံတဲ့ သက်သေခံ Device နဲ့ အချက်အလက်တွေကို လက်ခံခြင်းအပိုင်း (အဖွဲ့အစည်အလိုက်ပုံစံ

တွေ ဖြည့်စွက်ရမဲ့ အချက်အလက်တွေ ကွဲပြားပါတယ်)



လုပ်ငန်းခွဲဝေခြင်း

ရောက်ရှိလာတဲ့ အမှုအနေအထား Device အနေအထား အရ စစ်ဆေးမည့်သူတွေနဲ့ ရရှိလာတဲ့ သက်သေခံချက်ကို တရားဥပဒေလမ်းကြောင်းအတိုင်း

Digital Forensics Team အနေအထားအရ ကိုယ်ကျွမ်းကျင်ရာ တာဝန်ယူထားတဲ့ လုပ်ငန်းအရ လုပ်ငန်းခွဲဝေခြင်းဖြစ်ပါတယ် တရားရုံးမှာ သက်သေခံမဲ့ သူကိုလဲ ရွေးချယ်ပါတယ် စစ်ဆေးမဲ့သူနဲ့ တရားရုံးမှာ သက်သေခံဖြေရှင်းမဲ့သူဟာ တစ်ဦးတည်းဖြစ်နိုင်သလို

ဥပဒေနားလည်တဲ့ အခြားသူတစ်ဦးလဲဖြစ်နိုင်ပါတယ်

များသောအားဖြင့် တစ်ယောက်စီသတ်သတ်ဖြစ်တာများပါသည်. တရားရုံးမှာဖြေရှင်းမဲ့သူကလဲ Digital Forensics နဲ့ပတ်သတ်တဲ့ Process တွေ Back Ground Knowledge တွေ Certificate တွေရထားတဲ့သူများပါတယ်



စစ်ဆင်းခြင်း အဆင့် ၁ 

Write Protect (သက်သေခံပစ္စည်းအား အချက်အလက်ထံမံဖြည့်စွက်ပြင်ဆင်ထုတ်ပယ်လို့မရအောင်ပြုလုပ်ခြင်း)First Responder Team က အကြောင်းတစ်စုံ

တစ်ရာကြောင့် Write Protect လုပ်မထားတဲ့ Device 

တွေ Media တွေကို Write Protect ပြုလုပ်ပါတယ်

နောက်တစ်ဆင့်ကတော့စစ်ဆေးဖို့ရောက်ရှိလာတဲ့ Electronic Device တွေကိုCopy ယူစစ်ဆေးခြင်းပါဝင်ပါတယ်. Forensics Copy (Second Copy) လို့လဲခေါ်ပါတယ်. မူရင်းသက်သေခံပစ္စည်းနဲ့ စစ်ဆေးခြင်းမပြုလုပ်ရပါဘူး. မူရင်းသက်သေခံပစ္စည်နဲ့ စစ်ဆေးရင် Digital Evidence ဖွင့်ဆိုချက်အရ မှန်ကန်မှုမရှိနိုင်ပါ

မူရင်း သက်သေခံပစ္စည်းနဲ့စစ်ဆေးရင်စစ်ဆေးနေချိန်အတွင်း မူရင်း Device ပျက်စီးသွားနိုင်တဲ့ အခြေအနေကြောင့်လဲပါပါတယ်. Forensics Copy Formant ကတော့ Copy ပြုလုပ်တဲ့ Technically အရ စစ်ဆေးမဲ့

Technology အရ ကွဲပြားနိုင်ပါတယ်



နောက်ထပ်လုပ်ဆောင်ရမဲ့

အချက်အလက်ကတော့ Hashing အပိုင်းပါ မူရင်း

သက်သေခံ Device နဲ့ အထဲမှာပါဝင်တဲ့အချက်အလက်တွေနဲ့ Forensics Copy ပြုလုပ်ထားတဲ့အထဲမှာပါဝင်တဲ့ အချက်အလက်တွေဟာ တူညီကြောင်း ဖြည့်စွက်

ပြင်ဆင်ထုတ်ပယ်ထားခြင်းမရှိကြောင်း ပြနိုင်ဖို့အတွက်ပါ. မူရင်း Device ရဲ့ Hash Value တန်ဖိုးဟာ Forensics Copy ရဲ့ Hash Value တန်ဖိုးနဲ့တူညီရပါမည်



( Forensics Copy လုပ်ခြင်း Hash တန်ဖိုးရယူခြင်းတို့အတွက်စစ်ဆေးသူအနေနဲ့ အချိန်များစွာပေးရပါသည် ထိုအချက်ကို ဥပဒေ နည်းဥပဒေ ပြဌာန်းသူများ ဂရုပြုစေချင်ပါသည် လုံလောက်သော အချိန် လုံလောက်

သော စစ်ဆေးသူတွေရှိမှသာ မှန်ကန်တဲ့ သက်သေခံ

ချက်တွေ ရရှိလာမှာ ဖြစ်ပါတယ်)



စစ်ဆေးတဲ့အမှု စစ်ဆေးသူစစ်ဆေးတဲ့နည်းလမ်းနေ့ရက်အချိန်တွေကတော့ ရုံးပိုင်းဆိုင်ရာအရပြုလုပ်ခြင်းြုဖစ်ပါတယ်

စစ်ဆေးခြင်း အဆင့် ၂

အခုအချိန်မှာ Forensics Copy ရရှိထားပြီးဖြစ်ပါသည် 

Forensic Copy ကနေ အမှုအနေအထား သက်ဆိုင်ရာအချက်အလက်တွေကိုဆွဲထုတ်ပြီး စစ်ဆေးခြင်းအပိုင်းဖြစ်ပါတယ် ...သက်သေခံရရှိနိုင်ဖို့အတွက်

ဆက်စပ်တဲ့အရာမှန်သမျှကို စစ်ဆေးသူက ဆက်စပ်စဉ်းစားပါတယ် ပေါင်းစပ်ပါတယ် 

Detail ကတော့အရင်စာအုပ်တွေမှာရေးထားပါတယ်.



စစ်ဆေးခြင်းအပိုင်း ၃

အပေါ်မှာ အမှုအနေအထားအရ သက်သေခံအချက်အလက်ရှိဖို့အတွက် ဆက်စပ်စဉ်းစားထားတာတွေ ပေါင်းစပ်ပြီး စစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ် .. အမှုအနေအထား ထွက်ဆိုချက် ငြင်းချက်တွေအရ ပြန်လည်စစ်ဆေးရတာလဲရှိပါတယ်. စစ်ဆေးမှုပြီးဆုံးသွားတဲ့အခါ

တွေ့ရှိချက်တွေကို မှတ်တမ်းတင်ပါတယ်



ဥပမာ ဘယ် Device ရဲ့ ဘယ်နေရာကနေ တွေ့ရှိတယ်တွေ့ရှိမှုကဘာဆိုတာ



စစ်ဆေးခြင်းအပိုင်း ၄ 

စစ်ဆေးတွေ့ရှိချက်ကို အမှုအနေအထားအရ တရားဥပဒေလမ်းကြောင်းအတိုင်း တရားရုံးအတွက် ထွက်ဆိုချက်ပေးဖို့ ရေးသားတဲ့အပိုင်းဖြစ်ပါတယ် 

များသောအားဖြင့် တရားရုံးမှာ ထွကိဆိုချက်ပေးမည့်သူကရေးသားတာဖြစ်ပါတယ် ... Expert Withnes အပိုင်းလို့လဲ

ခေါ်ပါတယ်



ကျန်တဲ့အပိုင်းတွေကတော့ မူရင်း Device Forensics Copy နဲ့အတူတရားရုံးမှာလျှောက်လဲခြင်းအပိုင်းဖြစ်ပါတယ်

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)