ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) ႏွင့္ အီလက္ထေရာနစ္ ဥပေဒ ပုဒ္မ ၃၄(ဃ)

cyber bullying ကိစၥေတာ္ေတာ္မ်ားမ်ားမွာ
ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) ႏွင့္ အီလက္ထေရာနစ္ ဥပေဒ ပုဒ္မ ၃၄(ဃ) ႏွစ္ခုလုံးနဲ႕ တရားစြဲႏုိင္ပါတယ္ ေလာေလာဆယ္ တရားစြဲတာ အမ်ားဆုံးက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ပဲတရားစြဲတာမ်ားပါတယ္။ အီလက္ထေရာနစ္ ဥပေဒ ပုဒ္မ ၃၄(ဃ) ကေတာ့ 66 ထက္စာရင္ ေထာင္ဒဏ္ ေငြဒဏ္ပုိမုိမ်ားျပားပါတယ္။
လက္လွမ္းမွီသေလာက္ ေလ့လာၾကည့္တဲ့ အခါမွာ ၆၆(ဃ) နဲ႕ပဲ တရားစြဲဆုိၾကၿပီး ခ်မွတ္တဲ့ စီရင္ထုံး အရ ျပစ္ဒဏ္ ကလဲ ၆လ ထက္မပုိတာကုိ သြားေတြ႕ေနရပါတယ္။ အဲေတာ့ေနာက္လူေတြ က်ဴးလြန္ခဲ့ရင္လည္း
ေရွ႕က စီရင္ထုံးေတြအရ ၆ လ ေလာက္ပဲ က်ဖုိ႕မ်ားပါတယ္
ဒစ္ဂ်စ္တယ္သက္ေသခံ ဆုိတာ Information ကုိ သိမ္းဆည္းႏုိင္တဲ့ Device မွန္သမွ် ဒစ္ဂ်စ္တယ္သက္ေသခံ ျဖစ္ပါတယ္ ယာယီသိမ္းဆည္းႏုိင္တဲ့ Device ေတြလဲပါ၀င္ပါတယ္။ Eg RAM
အီလက္ထေရာနစ္သက္ေသခံခ်က္ဆုိတာကေတာ့ အခ်က္အလက္ေတြကုိ ပုိ႕ေဆာင္ႏုိင္ျခင္း လက္ခံနုိင္ျခင္း ရွိတဲ့ Device မွန္သမွ်ဟာ အီလက္ထေရာနစ္သက္ေသခံ ျဖစ္ပါတယ္။ အခ်က္အလက္ကုိ သိမ္းဆည္းျခင္းမရွိပါဘူး
ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)
"ဆက္သြယ္ေရး ကြန္ယက္တစ္ခုခုကို အသံုးျပဳ၍ ပုဂၢိဳလ္တစ္ဦးဦးအား ေျခာက္လွန္႔ျခင္း ေတာင္းယူျခင္း ၊သေရဖ်က္ျခင္း ၊ ေႏွာင့္ယွက္ျခင္း (သို႔) ျခိမ္းေျခာက္ျခင္း " တို႔ကို ျပဳလုပ္ပါက " ႏွစ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ ၊ က်ပ္ဆယ္သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ႏိုင္သည္"လို႔ ျပ႒ာန္းထားပါတယ္။
အီလက္ထေရာနစ္ ဥပေဒ ပုဒ္မ ၃၄(ဃ) အရ.....
"အဖြဲ႔အစည္း တစ္ခု (သို႔မဟုတ္) ပုဂၢိဳလ္တစ္ဦးဦးကို ထိခိုက္နစ္နာေစရန္ ျဖစ္ေစ၊ ဂုဏ္သိကၡာက်ဆင္းေစရန္ ျဖစ္ေစ၊ သတင္းအခ်က္အလက္ႏွင့္ အီလက္ထေရာနစ္ နည္းပညာျဖင့္ ျပဳလုပ္ျခင္း၊ ျပဳျပင္ျခင္း (သို႔မဟုတ္) ေျပာင္းလဲျခင္း (သို႔မဟုတ္) ေျပာင္းလဲျခင္းျပဳလုပ္ထားသည့္ အခ်က္ကို ျဖန္႔ခ်ီျခင္း တို႔ကို ျပဳလုပ္ပါက"ေငြက်ပ္ဆယ္သိန္းမွ ေငြက်ပ္ သိန္းတစ္ရာအထိ ဒဏ္ေငြေပးေဆာင္ရမည္ျဖစ္ၿပီး ဒဏ္ေငြမေပးေဆာင္ပါက ေထာင္ဒဏ္ အနည္းဆံုး တစ္ႏွစ္မွ အမ်ားဆံုးသံုးႏွစ္အထိ ခ်မွတ္ခံရမည္" လို႕ ျပ႒ာန္းထားပါတယ္။
=========
cyber bullying ကိစ္စတော်တော်များများမှာဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) နှစ်ခုလုံးနဲ့ တရားစွဲနိုင်ပါတယ် လောလောဆယ် တရားစွဲတာ အများဆုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ပဲတရားစွဲတာများပါတယ်။ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) ကတော့ 66 ထက်စာရင် ထောင်ဒဏ် ငွေဒဏ်ပိုမိုများပြားပါတယ်။

လက်လှမ်းမှီသလောက် လေ့လာကြည့်တဲ့ အခါမှာ ၆၆(ဃ) နဲ့ပဲ တရားစွဲဆိုကြပြီး ချမှတ်တဲ့ စီရင်ထုံး အရ ပြစ်ဒဏ် ကလဲ ၆လ ထက်မပိုတာကို သွားတွေ့နေရပါတယ်။ အဲတော့နောက်လူတွေ ကျူးလွန်ခဲ့ရင်လည်းရှေ့က စီရင်ထုံးတွေအရ ၆ လ လောက်ပဲ ကျဖို့များပါတယ်

ဒစ်ဂျစ်တယ်သက်သေခံ ဆိုတာ Information ကို သိမ်းဆည်းနိုင်တဲ့ Device မှန်သမျှ ဒစ်ဂျစ်တယ်သက်သေခံ ဖြစ်ပါတယ် ယာယီသိမ်းဆည်းနိုင်တဲ့ Device တွေလဲပါဝင်ပါတယ်။ Eg RAM

အီလက်ထရောနစ်သက်သေခံချက်ဆိုတာကတော့ အချက်အလက်တွေကို ပို့ဆောင်နိုင်ခြင်း လက်ခံနိုင်ခြင်း ရှိတဲ့ Device မှန်သမျှဟာ အီလက်ထရောနစ်သက်သေခံ ဖြစ်ပါတယ်။ အချက်အလက်ကို သိမ်းဆည်းခြင်းမရှိပါဘူး

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)

"ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်ခြင်း တောင်းယူခြင်း ၊သရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း (သို့) ခြိမ်းခြောက်ခြင်း " တို့ကို ပြုလုပ်ပါက " နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်"လို့ ပြဋ္ဌာန်းထားပါတယ်။

အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) အရ.....

"အဖွဲ့အစည်း တစ်ခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်နှင့် အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်ကို ဖြန့်ချီခြင်း တို့ကို ပြုလုပ်ပါက"ငွေကျပ်ဆယ်သိန်းမှ ငွေကျပ် သိန်းတစ်ရာအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ချမှတ်ခံရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)