အွန်​လိုင်း​ပေါ်က လိမ်​လည်​မှုများ (အပိုင်း ၁ )


ဖြစ်​ရပ်​ ၁
တရားစွဲကြပါ​ရော
ဖြစ်​ရပ်​ ၂
ဖြစ်​ရပ်​ ၃
မှု​တွေဖြစ်​လာတာပါ
ဖြစ်​ရပ်​ ၎
အ​ကောင့်​ကို နည်းလမ်းအမျိုးမျိုးနဲ့ရယူပြီးတဲ့​နောက်​မှာ
ဆောင်ကာ​ငွေလွှဲခိုင်းတာမျိုးလုပ်​ပါတယ်​ ဘာအ​ကြောင်းပြပြ
ဘယ်​လို​ကာကွယိရမလဲ
ဖွင့်​ပါ အကြံဥာဏ်​​တောင်းဆိုပါ အမှုအ​နေအထားအရ
===========
ဖြစ်ရပ် ၁

မဲလေလံလုပ်ကြရင် မဲလုပ်တာ ဥပမာ ၁၀ ဦးရှိရင် အပြင်မှာလဲ တစ်တယ်သိတာ ၁၀ ဦးထဲက ၅ ဦးကို သိရင်တောင်တော်တော်များနေပြီး ဒိုင်ဖြစ်တဲ့ A ကနေ အပြင်မှာလဲသိ Social Media မှာလဲ သူငယ်ချင်းဖြစ်တဲ့

B C D E ကို မဲစုကြမယ် ဘယ်လောက်ထည့်ရင် တစ်ပတ်ကို တစ်လကို ဘယ်လောက်ပြန်ရမယ် ယုံကြည်ရတဲ သူငယ်ချင်းရှိရင်ပါလို့ရတယ်ဆိုပြီး မဲကြေးစစုပါတယ် ခင်မင်တဲ့သူတွေကနေ အဆင့်ဆင့်ပါလိုက်တာ ၁၀ ဦး ၁၅ ဦးဖြစ်လာရော .. အရင်ဆုံးဒိုင်ဖြစ်တဲ့သူ A ကနေ FB Group

ထောင်တာလဲရှိမယ် Viber ဒါမှမဟုတ် Mesenger မှာ Group ဖွဲ့တာလဲရှိမယ် ဒါမှမဟုတ် မဲမှာပါတဲ့သူ အချင်းချင်း Friend အပြန်အလှန်အပ်ကြတာရှိမယ်

ပထမဆုံး မဲကြေးကိုတော့ ဒိုင်ဖြစ်တဲ့သူ A က ယူမယ်

မဲကြေးကာလအလိုက် တစ်ပတ် သို့မဟုတ် တစ်လ

ပထမဆုံးအကြိမ်ဆိုတော့ အားလုံက အကုန်ထည့်တယ်

မဲကြေးမှာပါတဲ့သူတွေဆီက ငွေလဲအားလုံးရရော

ဒိုင်က ပြေးပါလေရော ... အဲဒီမှာတင် အချငိးချင်းပြောထားတဲ့ Chat record တွေ Phone Record တွေနဲ့တိုင်ကြ

တရားစွဲကြပါရော

ဒိုင်ဖြစ်တဲ့ A က မပြေးပဲ အဖမ်းခံမယ်ဆိုရင်လဲ

ရဲကလဲ တိုင်ထားတဲ့ Record တွေနဲ့ A ရဲ့ဖုန်းကနေ ကွန်ပျူတာကနေ ပြောထားတာကို စစ်ဆးမယ် တွေ့ရှိချက်ကို ထင်မြင်ယူဆချက်ပေးမယ် အားလုံးမှန်ကန်နေတယ်ဆိုရငိတောင် တရာမမှုဆိုတော့ လူပင်ပန်း စိတ်ပင်းပန်ဖြစ်မယ်

ငွေကုန်မယ် ဒိုင်လုပ်တဲ့ A ကလဲ ငွေကြေးကများရင်များသလို ဥပဒေအရ ထောင်ကျခံမယ်ငွေပြန်မပေးဘူးဆိုရင် ......

ပြန်လဲမပေးဘူး အဖမ်းလဲမခံဘူးဆိုရင် ....

ဖြစ်ရပ် ၂

အပေါ်ကမဲကြေးမှာပါတဲ့ဒိုင်ရော ပါဝင်သူတွေရော မဲစတဲ့အချိန်မှာ မှန်မှန်ကန်ကန်ပဲ ဒါပေမဲ့ ဒိုင်ဖြစ်တဲ့သူ ဒါမှမဟုတ်

မဲမှာပါတဲ့သူက အခြားမဲကြေးစုတဲ့အဖွဲ့မှာလဲပါတယ်

သူနောက်ထပ်ပါထားတဲ့ Group ကလဲလိမ်စဉ်တွေနဲ့တွေ့

ဒါမှမဟုတ် အပြင်လုပ်ငန်းကလဲအဆင်မပြေ ဒါမှမဟုတ်

အစကတည်းက လိမ်မဲ့ အစီစဉ်ရှိထားပြီးသား

အဲဒီမှာတင် ကိုယ်စုကြေးရပြီးတာနဲ့ နောက်အလှည့်တွေ မထည့်ပဲပြေးပါရော အဲဒီအခါမှာ ဒိုင်ကနေအိပ်စိုက် မစိုက်နိုင်တဲ့အခါမှာ မထူးဇတိခင်းပြီး ဒိုင်ပါပြေး .. ဒိုင်ကမပြေးရင်လဲ လိမ်တဲ့သူကို Chat Or Phone Record တွေနဲ့ အပေါ်ကလိုပဲ တရားစွဲ

ဖြစ်ရပ် ၁ နဲ့ ၂ ကဖြစ်နေကြတွေပါ

ဖြစ်ရပ် ၃

အခုဖြစ်ရပ် ၃ မှာ ဒိုင်ကလဲ လိမ်တာများတယ် ဘယ်လို

လိမ်လဲဆိုတော့ ဒိုင် လုပ်တဲ့သူ A က အခြား FB အကောင့်

၂ ခု ဒါမှမဟုတ် ၃ ခု ၄ ခု လောက်ဖောက်ထားတယ်

အဲဒီအကောင့်တွေကလဲ အပြင်ပန်းကနေကြည့်ရင် အတုလို့ထင်စရာမရှိဘူး တစ်ကယ့်အစစ်အမှန်လိုပဲ ပုံတွေတင်

Check in တွေဝင် စာတွေရေး ..

ကဲ ... မဲကြေးစုကြမယ် အမြတ်ဘယ်လောက်ရမယ်

ဆိုပြီးမတ်လုံးပေး ... ပြီးရင် ဒီလူတွေလဲပါမယ်ဆိုပြီး

မဲကြေးစုတဲ့လူထဲကို ဖွင့်ထားတဲ့ အကောင့်တုတွေပါလူများအောင်ဆွဲထည့်ပါရော ... အမှန်အကန်စုမဲ့သူကတော့

အပြင်မှာသိနေတာမျိုး ဒါမှမဟုတ် FB မှာ ရင်းနှီးတာ ကြာတရော ဒါမှမဟုတ် အထင်ကြီးစရာပုံစံမျိုး FB မှာနေပြတာရောကြောင့် ယုံကြည့်တာပေါ့ လူမဟုတ်ပဲပါလာတဲ့ အကောင့်တုတွေကလဲ အထင်ကြီစရာပုံစံဖြစ်အောင်ဖမ်းထားပါတယိ

ပထမအကြိမ် မဲကြေးစပေးတဲ့အချိန်မှာပဲ စ လိမ်ပြေးပါရော

(အခုလိုမျိုးပုံစံကို ဒိုင်တင်မဟုတ်ပဲ မဲကြေးမှာ ပါတဲ့သူတွေ

ကလည်း သူ့သူငယ်ချင်းတွေပါ ယုံကြည်ရပါတယ်ဆိုပြီး

အကောင့်တုတွေပါဆွဲထည့်ပြီး လိမ်တတ်ပါတယ် )

မဲကြေးလိမ်လည်မှုတွေမှာတော့ ဥပဒေအရ တရားစွဲနိုင် နည်းပညာပိုင်းအရ စစ်ဆေးပြီး ထင်မြင်ယူဆချက်ပေးနိုင်

အပြစ်ပေးနိုင်ပေမဲ့ လိမ်လည်ခံရသူအတွက် များစွာနစ်နာပါတယ် ...အချို့ဆို ဘဝပါပျက်မတတ်အဖြစ်မျိုးတွေဖြစ်ပါတယ် အလိမ်ခံရတဲ့ အဓိကအကြောင်းအရင်းကတော့ 

တစ်ပတ်အတွင်း တစ်လအတွင်း ငါတော့ ဒီလောက်ရင်းလိုက်ရင် ဘယ်လောက်မြတ်မှာပဲဆိုတဲ့ လောဘပါ

အချင်းချငိးတွေပဲ မလုပ်လောက်ပါဘူး ..

သူက အထင်ကြီးစရာ လူပဲယုံကြည်ရလောက်ပါတယ်

အခုဖော်ပြတဲ့ အချက်သုံးချက်ကို အခြေခံပြီး မဲလိမ်လည်

မှုတွေဖြစ်လာတာပါ

ဖြစ်ရပ် ၄

Social Media အကောင့်ကို နည်လမ်းတစ်မျိုးမျိုးနဲ့ရယူတယ်

အကောင့်ကို ရယူဖို့ကြိုးစားကတည်းက သုံးနေတဲ့သူကဘယ်လိုလူမျိုးဖြစ်တယ် ဘာအလုပ်လုပ်ကိုင်တယ် ဘယ်အသိုင်းအဝိုင်းထဲက အစရှိသည်ဖြင့် ကြိုတင်စုံစမ်းထားပါတယ်

အကောင့်ကို နည်းလမ်းအမျိုးမျိုုးနဲ့ရယူပြီးတဲ့နောက်မှာ

Chat Box ထဲမှာဘာတွေပြောထားလဲ ဘယ်သူတွေနဲ့

ဆက်သွယ်မှုအများဆုံးရှိလဲ ဆိုတာကိုကြည့်ပါတယ်

ပြီးရင် ခြိမ်ခြောက်ပြီးငွေတောင်းလို့ရနိုင်မဲ့ ကာယကံရှင်နစ်နာစေနိုင်မဲ့ အကြောင်းအရာရှိ မရှိကြည့်ပါတယ်

ရှိနေရင်တော့ အကြောင်းအရာအလိုက် ငွေတွငိးတွေ့တာပါပဲ ...ကိုယ့်အကြောင်းမပေါ်စေချင်လို့ ငွေပေးလိုက်ရတာ

တွေအများကြီးရှိပါတယ်

ငွေတွငိးမတွေ့ခဲ့ရင် ဒီအကောင့်ကိုပြန်ရချင်တယ်ဆိုရင်

ဘယ်ကိုငွေဘယ်လောက်လွှဲပေး အကောင့်ကလဲသုံးတာကြာပြီး ရင်းနှီးသူတွေလဲ အများကြီး တင်ထားတဲ့ ပုံတွေကလဲ နှမျောစရာဒီအကြောင်းတွေကြောင့်ငွေပေးလိုက်ရတာတွေ အများကြီးရှိပါတယ်

ငွေလွှဲခိုင်းရင် ဖုန်းနံပတ်နဲ့လွှဲလို့ရတဲ့ ငွေကြေးဝန်ဆောင်

မှုတွေကနေ အများဆုံး လွှဲခိုင်းပါတယ်

ဖုန်း SIM Card ပေါများတာ Sim Card မှတိပုံတင်မှု အားနည်းတာကလဲ အကြောင်းရင်းတစ်ခုဖြစ်ပါတယ် ငွေထုတ်တဲ့ အချို့ဆိုင်တွေမှာ CCTV တပ်ထားခြင်း ရှိ မရှိ ပေါ်မှာလဲ အခွင့်ကောင်းယူပါတယ် ...

Chat Box ကနေ ပြောထားဆိုထားတာတွေကိုကြည့်ပြီး

အကြောင်းတစိစုံတစိရာပြကာ ကာယကံရှင် အယောင်

ဆောင်ကာငွေလွှဲခိုင်းတာမျိုုးလုပ်ပါတယ် ဘာအကြောင်းပြပြ

လွှဲပေးတာမျိုး မလုပ်ပါနဲ့ ..ဖုန်းသာဆက်လို့တစ်ခွန်းတည်းပြောလိုက်ပါ ..အာမနာပါနဲ

ဘယ်လိုကာကွယိရမလဲ

အပိကြောင်းထပ်နေတဲ့ စကားတွေပဲပြန်ပြောပါရစေ

ကိုယ့်အကောင့်က တစ်ခြားသူတစ်ဦးထံ ရောက်သွားခဲ့ရင်

ကိုယ့်အတွက်နစ်နာစရာ ဘာတွေ ပြောထားဆိုထားပြထားလဲဆိုတာ ကိုယ်သာအသိဆုံးပါ ဒါကြောင့် အကောင့်

လုံခြုံရေးကို အတတ်နိုင်ဆုံးမြှင့်ထားပါ

အကောင့်ပါသွားရင်လဲ Mutal Freind တွေကနေ ကြေငြာခိုင်းပါ

ရင်းနှီးတဲ့ နည်ပညာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ

ငွေကြေးအကြပိကိုင်မှုရှိလာခဲ့ရင် တောင်းဆိုတဲ့အကောင့်

ဆကိသွယိလာတဲ့ဖုန်းနံပတ် ငွေလွှဲခိုင်းတဲ့ ဖုန်းနံပတ်

Bank Account ကိုမှတ်သားပါပြီးရင် အကြောင်းအရာ

အချက်အလက်နှင့်တစ်ကွ ရဲစခန်းမှာ ကနဦးတိုင်ချက်

ဖွင့်ပါ အကြံဉာဏ်တောင်းဆိုပါ အမှုအနေအထားအရ

ဆက်သွယ်ရေးဥဒေ အီလက်ထရေနစ်ဥပဒေ

Digital Forensics နည်းပညာတွေအရ ရဲဘက်ကနေ

ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်

မှတ်ချက် အွန်လိုင်းမဲလေလံ ကိစ္စဆိုရင် တရာမမှု နဲ့လား

Cyber law Electronic Law နဲ့လား နှစိခုစလုံးနဲ့လား

ဆိုတာကတော့ နားလည်သူနဲ့တိုင်ပင်ပြီး အမှုဖွင့်ပါ

ငွေကြေးတောင်းဆိုမှုမရှိရင်လဲ ရဲစခန်းမှာ အမှုဖွင့်နိုင်ပါတယ်

ကျန်ဖြစ်ရပ်တွေကို ဆက်လက်ရေးသားသွားပါမယ်

#Thirdeye


#Digitalforensics

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)