အြန္​လုိင္​း​ေပၚက လိမ္​လည္​မႈမ်ား (အပုိင္​း ၂ )


ျဖစ္​ရပ္​ ၅
လူ​ေတြက ခက္သည္​
Online ​ေပၚမွာ အမ်ားအထင္​​ေသးမခံရႏုိင္​ဖုိ႔အတြက္​ ႐ွိသမ်ွအထုတ္​အကုန္​​ျဖည္​ျပသည္​
အခ်ဳိ့သူ​ေတြစိတ္​ထဲမွာ ႏုိင္​ငံျခားသာတစ္​​ေယာက္​နဲ႔ အ​ေပါင္​းအသင္​းျဖစ္​ရင္​ ​ေျပာႏုိင္​ဆုိႏုိင္​ရင္​ အျခားသူ အထင္​ႀကီးမယ္​
ထင္​ၾကသည္​ .... ​​ေနာက္တစ္​မ်ဳိးက ​ေလာဘ နဲ႔ ယုံလြယ္​စိတ္​ ျမန္မာျပည္မွာ ​​ဖားခုန္​စနစ္​ျဖင္​့တုိးတက္​လာ​ေသာ
နည္​းပညာမ်ားႏွင္​့အတူပါလာ​ေသာ လိမ္​လည္​နည္​းမ်ားကုိ
မသိသမႈ
ဒီအခ်က္​​ေတြကုိအခြင့္​ေကာင္​းယူၿပီး မသမာသူက
SocialNetwork ​ေပၚမွာ သား​ေကာင္​႐ွာ​ေဖြၾကသည္​
ပထမဆုံး Social Media ​ေပၚမွာ
ႏုိင္​ငံျခားသားလုပ္​ငန္​း႐ွင္​တစ္​​ေယာက္​ပုံစံ ဒါမွမဟုတ္​
ခ်မ္​းသာတဲ့ပုံစံ အသြင္​ယူပါတယ္​. ဘယ္​လုိအသြင္​ယူႏုိင္​သလဲ ျမန္​မာႏုိင္​ငံမွ လူမ်ားသည္​ FB ​မွလြဲၿပီး က်န္​တဲ့
Social Network ကုိအသုံးျပဳတာနည္​းပါးပါတယ္​
ဒါ​ေၾကာင္​့ Twitter Linkedin လုိ​ေနရာမ်ဳိးက​ေန ျမန္​မာျပည္​ကလူ​ေတြ အထင္​ႀကီး​ေစ​ေလာက္​တဲ့ လူတစ္​​ေယာက္​ရဲ႕
Profile ကုိ ယူၿပီး အ​ေကာင္​့တစ္​ခုဖန္​တီးလုိက္​ပါတယ္
အ​ေပၚမွာ​ေဖာ္​ျပခဲ့တဲ့ အားနည္​းခ်က္​​ေတြနဲ႔ ကုိက္​ညီတဲ့
လူ​ေတြကုိ​ေရြးခ်ယ္​ၿပီး Friend Request ​ပုိ႔ပါတယ္​
ယုံၾကည္​ရ​ေလာက္​​ေအာင္​လဲ Profile ကုိျပင္​ဆင္​ထားပါတယ္​ ... အလုပ္​ကိစၥအစည္​းအ​ေဝး​ေတြတက္​မယ္​ TGIF လုပ္မယ္ ​​ခရီး​ေတြထြက္​မယ္​ အထင္​ႀကီးစရာပုံဖမ္​းထားပါတယ္​ Gentleman ​ပုံစံ​ Businessmen ပုံစံ​ေပါ့
သာမန္​ၾကည္​့႐ုံနဲ႔ အ​ေကာင္​့အတုမွန္​းမသိသာပါဘူး
(Twitter Linkedin မွာတစ္​ကယ္​႐ွိတဲ့ လူအတုိင္​းလုပ္​ထားတာကုိး 😂 )
ၿပီးတာနဲ႔ Friend ထဲကလူ​ေတြရဲ ့​ေန႔စဥ္​ဘဝ FB မ​ွာတင္​သမ်ွ
ကုိၾကည္​့ၿပီး သား​ေကာင္​ကုိလုိက္​႐ွာပါ​ေတာ့တယ္​
​သား​ေကာင္​ကလည္​း ပညာတတ္​ ​ေငြ​ေၾကးအသင္​့အတင္​့
႐ွိတဲ့လူမ်ဳိးကုိပဲ ​ေရြးခ်ယ္​ပါတယ္​ .. ​ေမးစရာ​ေမးခြန္​း႐ွိလာပါတယ္​ ` ပညာလဲတတ္​တယ္​​ေငြ​ေၾကးလဲ႐ွိတယ္​​ေျပာတယ္​ အဲလုိလူက အလိမ္​ခံရႏုိင္​စရာအ​ေၾကာင္​း႐ွိလုိ႔လား​ေပါ့´
အဓိက အခ်က္​က အဲလုိျဖစ္​​လာ​ရင္ ​သူ႔အသုိင္​းအဝိုိင္​းမွာ​ေရာ အျပင္​မွာပါ လူရာပုိဝင္​ဆန္​႔လာ​ခ်င္​ပါတယ္​
​ေဘးကသူငယ္​ခ်င္း ဒါမွမဟုတ္​ အလုပ္​အတူတူလုပ္​တ​ဲ့လူ
အခ်င္​းခ်င္​း ငါက FB မွာ​ေတာ့ ဘယ္​သူနဲ႔ Friend ျဖစ္​တယ္​
သူက ဘယ္​လုိလူဆုိတာ ႂကြားခ်င္​ပါတယ္​
(​ေယဘုယ် သ​ေဘာအရပါ အားလုံးကုိမဆုိလုိပါ)
သား​ေကာင္​ တစ္​​​ေယာက္​ ဒါမွမဟုတ္​တစ္​​ေယာက္​ထက္​လဲပုိႏုိင္​ပါတယ္​ အဲလုိလူ​ေတြ​ေတြ႔ၿပီးဆုိတာနဲ႔ စတင္​မိတ္​ဆက္​ပါတယ္​ .. အျပန္​အလွန္​စကား​ေျပာဆုိလာတာနည္​းနည္​းၾကာလာတဲ့အခါ ရင္ႏွီးမႈယုံၾကည္​မႈရ႐ွိလာပါတယ္​
`ဒီ​ေန႔အစည္​းအ​ေဝးက ပင္​ပန္​းတယ္​´
`ဘယ္​နိင္​ငံသား​ေတြနဲ႔က အလုပ္​လုပ္​ရတာ ​လက္​​ေပါက္​ကပ္​တယ္​ ညစ္​တယ္​​ေလ´
`နက္​ဖန္​ အလုပ္​ပိတ္​ရက္​​ေလ ဘယ္​ကုိသြားမွာ ​ေလယာဥ္​
လက္​မွတ္​​ေတာင္​ျဖတ္​ထားၿပီးၿပီး´
အစ႐ွိသျဖင္​့ တစ္ဖက္လူ ​​အထင္​ႀကီး​ေစမဲ့ ယံုၾကည္​​ေစမဲ့
စကားလုံးမ်ဳဳိး​ေတြနဲ႔​ေျပာဆုိပါတယ္​ ... ရင္​းႏွီးမႈရယူတာ​ေပါ့
သား​ေကာင္​ကယုံၾကည္​လာတာနဲ႔အမ်ွ `မင္​းတုိ႔ုျမန္​မာႏုိင္​ငံမွာ စီးပြား​ေရးအ​ေျခအ​ေနဘယ္​လုိ႐ွိလဲ ျဖစ္​ႏုိင္​ရင္​ လုပ္​ငန္​းတုိးခ်ဲ့ခ်င္​တယ္​ .. Or အလည္​လာခ်င္​တယ္​
လုပ္​ငန္​းတုိးခ်ဲ့ရင္​ Or လာလည္​ရင္​ အကူအညီ​ေပးႏုိင္​မလား
​ေနစရာ ကြန္​ဒုိ Or ဟုိတယ္​​အဆင္​့ျမင္​့ျမင္​့႐ွာ​ေပးပါအုံး
ဒီလုိအ​ေျပာမ်ဳိး​ေတြနဲ႔ ​ေစ်း​ေတြစုံစမ္​းခုိင္​း ​ကြနိဒုိ Or ဟုိတယ္​​ေတြရဲ႕ပုံကုိ ပုိ႔ခုိင္​းၿပီး အယုံသြင္​းပါတယ္
မင္​းရဲ႕လိပ္​စာ​ေလး​ေပးပါအုံး လက္​​ေဆာင္​ထည္​့​ေပးခ်င္​လုိ႔
တန္​ဖုိးႀကီးႀကီးလက္​​ေဆာင္​​လုိဟာမ်ဳိး​ေပါ့
လက္​​ေဆာင္​နဲ႔အတူတူ အခန္​းငွါးခ ဟုိတယ္ခ ​စရံသတ္​ဖုိ႔ ​ေငြပါထၫ္​့​ေပးလုိက္​မယ္​ဆုိတာက ​ေျပာခ်င္​​ေျပာ​မယ္​
အျခားလုပ္​ငန္​းအ​ေၾကာင္​းျပမယ္​ ...
ဒါ​ေတြထည္​့​ေပးလုိက္​တယ္​​ေနာ္​ ပုိက္​ဆံပါရင္​လဲ ဘယ္​ထဲမွာ အထုတ္​နဲ႔ ထည္​့​ေပးလုိက္​တယ္​ဆုိၿပီး ပုံပါပုိ႔​ေပးတယ္​ 
ပုိ႔လုိက္​တဲ့ကာလအတြင္​းမွာလဲ ပုိယုံၾကည္​​ေအာင္​ပြား​ေပး
​ေနပါ​ေသးတယ္​
အဲအခ်ိန္​မွာလဲ သား​ေကာင္​ကလဲ သူ႔ပတိဝန္​းက်င္​မွာႂကြားထားၿပီး​ေနၿပီး ....
ရက္​အနည္းငယ္​ၾကာတဲ့အခ်ိန္​ၾကမွ ျမန္​မာဖုန္​းနံပတ္​နဲ႔ (......)လားခင္​​ဗ​် ကြၽန္​​ေတာ္​က​ေတာ့ (....) ဝန္​​ေဆာင္​မႈ
လုပ္​ငန္​းကပါ (....) အမည္​နဲ႔ ဘယ္​ႏုိင္​ငံက ပုိ႔လုိက္​တဲ့ ပါဆယ္​​ေရာက္​​ေနပါတယ္​ ... ပါဆယ္​​ေရြးဖုိ႔အတြက္​က​ေတာ့
USD နဲ႔ ဘယ္​​ေလာက္​က်ပါတယ္​ ျမန္​မာ​ေငြဆုိရင္​​ေတာ့
ဘယ္​​ေလာက္​ပါဆုိၿပီး လုပ္​ငန္​းရဲ႕ Bank Account ကုိ
​​ေငြလႊဲခုိင္​းပါတယ္​ ... အဲအခ်ိနိမွာ​ေငြက ​နည္​းပါတယ္​
​​
မၾကာမွီမွာပဲ (••••) ​ရဲ႕ပါဆယ္​က​ေတာ့ အ​ေကာက္​ခြန္​က ဖြင္​့ၿပီးသိမ္​းသြားတယ္​ ... ​ေငြဘယ္​​ေလာက္​နဲ႔ျပန္​ၿပီး ဂါရဝျပဳရမယ္​ ဒါမွမဟုတ္​ ျပန္​​ေရြးရမယ္​ဆုိၿပီး ​ေျပာကာ
​ေငြထပ္​လႊဲခုိင္​းပါတယ္​
ဟင္​ ဒီ​လုိအျဖစ္​မ်ဳိး​ေတြက ျဖစ္​​ေနၾက​ေတြ နည္​းလမ္​းကုိမွ
နည္​းလမ္​ေဟာင္​း ဒါကုိ ​ေငြလႊဲရလားလုိ႔​ေမးရင္​ အခ်ဳိ့​ေသာလူ​ေတြ လႊဲပါတယ္​ ယုံၾကည္​​ေလာက္​​ေအာင္​ျပဳမူ​ေျပာဆုိတာရယ္​
ပတ္​ဝန္​းက်င္​မွာႂကြားထားမိတာရယ္​
ပုိ႔လုိက္​တဲ့ပါဆယ္​ရဲ႕တန္​ဖုိး​ေၾကာင္​့ျဖစ္​လာတဲ့​ေလာဘ
​ေၾကာင္​့ပါ
မက္​လုံးအ​ေနန​ဲ့ လက္​​ေဆာင္​ပစၥည္​း ​/ ပါဆယ္​နဲ႔အတူ ပါလာတ​ဲ့​ေငြက ပမာဏမ်ား​ေၾကာင္​း ယုံၾကည္​​ေအာင္​လိမ္​လည္​တာပါ ....
တစ္​ခုသတိျပဳရမွာက အ​ေကာင္​တုနဲ႔ အ​ေယာင္​​ေဆာင္​သူသည္​ ျမန္​မာျဖစ္​ႏုိင္​သလုိ ျမန္​မာျပည္မွာ အလုပ္​လာလုပ္​တဲ့ ႏုိင္​ငံျခားသားလဲျဖစ္​ႏုိင္​ပါတယ္​ ... 😂 မယုံမ႐ွိန​ဲ ့
ပါဆယ္​​ဝန္​ေဆာင္​မႈအ​ေနနဲ႔ဖုန္​းဆက္​သူက​ေတာ့ ျမန္​မာပါ
​ေပါင္​းၾကံၾကတာ​ပါ ...
ခံရသူက အ​ေကာင္​့ A ကုိ​ေငြလႊဲရင္​ ​ေငြ​ေရာက္​တာနဲ႔
အ​ေကာင္​့ A က​​ေန အ​ေကာင္​့ B ကုိဆက္​ၿပီးလႊဲပါတယ္​
အ​ေကာင္​့B က​ေန ATM စက္​က​ေန ​ေငြထုတ္​ပါတယ္​
Bank အ​ေကာင္​့​​ေတြကလဲ မွတ္​ပုံတင္​အတုနဲ႔ လုပ္​ထားတဲ့
အ​ေကာင္​့ျဖစ္​ႏုိင္​ပါတယ္​
အလိမ္​ခံရတယ္​လုိ႔ထင္​ရင္​ ရဲစခန္​းမွာ အမႈဖြင္​့ပါ
ဆက္​သြယ္​​ေရး အီလက္​ထ​ေရာနစ္​ဥပ​ေဒအရ
Bank နဲ႔ပူး​ေပါင္​းၿပီး ​ေဖာ္​ထုတ္​လုိ႔ရပါတယ္​
ဒီလုိအျဖစ္​မ်ဳိး​ေတြ ျဖစ္​​ေန​ဆဲလားျဖစ္​​ေနတုန္​းလားဆုိရင္​
လက္​႐ွိအခ်ိန္​ထိျဖစ္​​ေနဆဲပါ
=====================
ဖြစ်ရပ် ၅

လူတွေက ခက်သည်

Online ပေါ်မှာ အများအထင်သေးမခံရနိုင်ဖို့အတွက် ရှိသမျှအထုတ်အကုန်ဖြည်ပြသည်

အချို့သူတွေစိတ်ထဲမှာ နိုင်ငံခြားသာတစ်ယောက်နဲ့ အပေါင်းအသင်းဖြစ်ရင် ပြောနိုင်ဆိုနိုင်ရင် အခြားသူ အထင်ကြီးမယ်

ထင်ကြသည် .... နောက်တစ်မျိုးက လောဘ နဲ့ ယုံလွယ်စိတ် မြန်မာပြည်မှာ ဖားခုန်စနစ်ဖြင့်တိုးတက်လာသော 

နည်းပညာများနှင့်အတူပါလာသော လိမ်လည်နည်းများကို

မသိသမှု

ဒီအချက်တွေကိုအခွင့်ကောင်းယူပြီး မသမာသူက

SocialNetwork ပေါ်မှာ သားကောင်ရှာဖွေကြသည်

ပထမဆုံး Social Media ပေါ်မှာ 

နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ယောက်ပုံစံ ဒါမှမဟုတ်

ချမ်းသာတဲ့ပုံစံ အသွင်ယူပါတယ်. ဘယ်လိုအသွင်ယူနိုင်သလဲ မြန်မာနိုင်ငံမှ လူများသည် FB မှလွဲပြီး ကျန်တဲ့ 

Social Network ကိုအသုံးပြုတာနည်းပါးပါတယ်

ဒါကြောင့် Twitter Linkedin လိုနေရာမျိုးကနေ မြန်မာပြည်ကလူတွေ အထင်ကြီးစေလောက်တဲ့ လူတစ်ယောက်ရဲ့

Profile ကို ယူပြီး အကောင့်တစ်ခုဖန်တီးလိုက်ပါတယ်

အပေါ်မှာဖော်ပြခဲ့တဲ့ အားနည်းချက်တွေနဲ့ ကိုက်ညီတဲ့ 

လူတွေကိုရွေးချယ်ပြီး Friend Request ပို့ပါတယ် 

ယုံကြည်ရလောက်အောင်လဲ Profile ကိုပြင်ဆင်ထားပါတယ် ... အလုပ်ကိစ္စအစည်းအဝေးတွေတက်မယ် TGIF လုပ်မယ် ခရီးတွေထွက်မယ် အထင်ကြီးစရာပုံဖမ်းထားပါတယ် Gentleman ပုံစံ Businessmen ပုံစံပေါ့ 

သာမန်ကြည့်ရုံနဲ့ အကောင့်အတုမှန်းမသိသာပါဘူး 

(Twitter Linkedin မှာတစ်ကယ်ရှိတဲ့ လူအတိုင်းလုပ်ထားတာကိုး 😂 )

ပြီးတာနဲ့ Friend ထဲကလူတွေရဲ့နေ့စဉ်ဘဝ FB မှာတင်သမျှ

ကိုကြည့်ပြီး သားကောင်ကိုလိုက်ရှာပါတော့တယ် 

သားကောင်ကလည်း ပညာတတ် ငွေကြေးအသင့်အတင့်

ရှိတဲ့လူမျိုးကိုပဲ ရွေးချယ်ပါတယ် .. မေးစရာမေးခွန်းရှိလာပါတယ် ` ပညာလဲတတ်တယ်ငွေကြေးလဲရှိတယ်ပြောတယ် အဲလိုလူက အလိမ်ခံရနိုင်စရာအကြောင်းရှိလို့လားပေါ့´

အဓိက အချက်က အဲလိုဖြစ်လာရင် သူ့အသိုင်းအဝိုင်းမှာရော အပြင်မှာပါ လူရာပိုဝင်ဆန့်လာချင်ပါတယ် 

ဘေးကသူငယ်ချင်း ဒါမှမဟုတ် အလုပ်အတူတူလုပ်တဲ့လူ

အချင်းချင်း ငါက FB မှာတော့ ဘယ်သူနဲ့ Friend ဖြစ်တယ်

သူက ဘယ်လိုလူဆိုတာ ကြွားချင်ပါတယ်

(ယေဘုယျ သဘောအရပါ အားလုံးကိုမဆိုလိုပါ)

သားကောင် တစ်ယောက် ဒါမှမဟုတ်တစ်ယောက်ထက်လဲပိုနိုင်ပါတယ် အဲလိုလူတွေတွေ့ပြီးဆိုတာနဲ့ စတင်မိတ်ဆက်ပါတယ် .. အပြန်အလှန်စကားပြောဆိုလာတာနည်းနည်းကြာလာတဲ့အခါ ရင်နှီးမှုယုံကြည်မှုရရှိလာပါတယ် 

`ဒီနေ့အစည်းအဝေးက ပင်ပန်းတယ်´

`ဘယ်နိင်ငံသားတွေနဲ့က အလုပ်လုပ်ရတာ လက်ပေါက်ကပ်တယ် ညစ်တယ်လေ´

`နက်ဖန် အလုပ်ပိတ်ရက်လေ ဘယ်ကိုသွားမှာ လေယာဉ်

လက်မှတ်တောင်ဖြတ်ထားပြီးပြီး´

အစရှိသဖြင့် တစ်ဖက်လူ အထင်ကြီးစေမဲ့ ယုံကြည်စေမဲ့ 

စကားလုံးမျိုုးတွေနဲ့ပြောဆိုပါတယ် ... ရင်းနှီးမှုရယူတာပေါ့

သားကောင်ကယုံကြည်လာတာနဲ့အမျှ `မင်းတို့ုမြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေဘယ်လိုရှိလဲ ဖြစ်နိုင်ရင် လုပ်ငန်းတိုးချဲ့ချင်တယ် .. Or အလည်လာချင်တယ် 

လုပ်ငန်းတိုးချဲ့ရင် Or လာလည်ရင် အကူအညီပေးနိုင်မလား

နေစရာ ကွန်ဒို Or ဟိုတယ်အဆင့်မြင့်မြင့်ရှာပေးပါအုံး

ဒီလိုအပြောမျိုးတွေနဲ့ ဈေးတွေစုံစမ်းခိုင်း ကွနိဒို Or ဟိုတယ်တွေရဲ့ပုံကို ပို့ခိုင်းပြီး အယုံသွင်းပါတယ်

မင်းရဲ့လိပ်စာလေးပေးပါအုံး လက်ဆောင်ထည့်ပေးချင်လို့

တန်ဖိုးကြီးကြီးလက်ဆောင်လိုဟာမျိုးပေါ့ 

လက်ဆောင်နဲ့အတူတူ အခန်းငှါးခ ဟိုတယ်ခ စရံသတ်ဖို့ ငွေပါထည့်ပေးလိုက်မယ်ဆိုတာက ပြောချင်ပြောမယ် 

အခြားလုပ်ငန်းအကြောင်းပြမယ် ...

ဒါတွေထည့်ပေးလိုက်တယ်နော် ပိုက်ဆံပါရင်လဲ ဘယ်ထဲမှာ အထုတ်နဲ့ ထည့်ပေးလိုက်တယ်ဆိုပြီး ပုံပါပို့ပေးတယ် ☺ 

ပို့လိုက်တဲ့ကာလအတွင်းမှာလဲ ပိုယုံကြည်အောင်ပွားပေး

နေပါသေးတယ် 

အဲအချိန်မှာလဲ သားကောင်ကလဲ သူ့ပတိဝန်းကျင်မှာကြွားထားပြီးနေပြီး ....

ရက်အနည်းငယ်ကြာတဲ့အချိန်ကြမှ မြန်မာဖုန်းနံပတ်နဲ့ (......)လားခင်ဗျ ကျွန်တော်ကတော့ (....) ဝန်ဆောင်မှု

လုပ်ငန်းကပါ (....) အမည်နဲ့ ဘယ်နိုင်ငံက ပို့လိုက်တဲ့ ပါဆယ်ရောက်နေပါတယ် ... ပါဆယ်ရွေးဖို့အတွက်ကတော့

USD နဲ့ ဘယ်လောက်ကျပါတယ် မြန်မာငွေဆိုရင်တော့

ဘယ်လောက်ပါဆိုပြီး လုပ်ငန်းရဲ့ Bank Account ကို

ငွေလွှဲခိုင်းပါတယ် ... အဲအချိနိမှာငွေက နည်းပါတယ်



မကြာမှီမှာပဲ (••••) ရဲ့ပါဆယ်ကတော့ အကောက်ခွန်က ဖွင့်ပြီးသိမ်းသွားတယ် ... ငွေဘယ်လောက်နဲ့ပြန်ပြီး ဂါရဝပြုရမယ် ဒါမှမဟုတ် ပြန်ရွေးရမယ်ဆိုပြီး ပြောကာ 

ငွေထပ်လွှဲခိုင်းပါတယ်

ဟင် ဒီလိုအဖြစ်မျိုးတွေက ဖြစ်နေကြတွေ နည်းလမ်းကိုမှ

နည်းလမ်ဟောင်း ဒါကို ငွေလွှဲရလားလို့မေးရင် အချို့သောလူတွေ လွှဲပါတယ် ယုံကြည်လောက်အောင်ပြုမူပြောဆိုတာရယ်

ပတ်ဝန်းကျင်မှာကြွားထားမိတာရယ်

ပို့လိုက်တဲ့ပါဆယ်ရဲ့တန်ဖိုးကြောင့်ဖြစ်လာတဲ့လောဘ

ကြောင့်ပါ

မက်လုံးအနေနဲ့ လက်ဆောင်ပစ္စည်း / ပါဆယ်နဲ့အတူ ပါလာတဲ့ငွေက ပမာဏများကြောင်း ယုံကြည်အောင်လိမ်လည်တာပါ ....

တစ်ခုသတိပြုရမှာက အကောင်တုနဲ့ အယောင်ဆောင်သူသည် မြန်မာဖြစ်နိုင်သလို မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားလဲဖြစ်နိုင်ပါတယ် ... 😂 မယုံမရှိနဲ့

ပါဆယ်ဝန်ဆောင်မှုအနေနဲ့ဖုန်းဆက်သူကတော့ မြန်မာပါ

ပေါင်းကြံကြတာပါ ...

ခံရသူက အကောင့် A ကိုငွေလွှဲရင် ငွေရောက်တာနဲ့ 

အကောင့် A ကနေ အကောင့် B ကိုဆက်ပြီးလွှဲပါတယ်

အကောင့်B ကနေ ATM စက်ကနေ ငွေထုတ်ပါတယ် 

Bank အကောင့်တွေကလဲ မှတ်ပုံတင်အတုနဲ့ လုပ်ထားတဲ့

အကောင့်ဖြစ်နိုင်ပါတယ်

အလိမ်ခံရတယ်လို့ထင်ရင် ရဲစခန်းမှာ အမှုဖွင့်ပါ

ဆက်သွယ်ရေး အီလက်ထရောနစ်ဥပဒေအရ 

Bank နဲ့ပူးပေါင်းပြီး ဖော်ထုတ်လို့ရပါတယ်

ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေဆဲလားဖြစ်နေတုန်းလားဆိုရင်

လက်ရှိအချိန်ထိဖြစ်နေဆဲပါ

#Thirdeye

#Onlinefraud


#Digitalforensics

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)