What is Cyber Forensics ? Part 33 Forensics Methods and Principles (Hypothesis)


What is Cyber Forensics ? Part 33
Forensics Methods and Principles (Hypothesis)
Digital Forensics လုပ်ငန်း တစ်ခုလုံးဟာ Scientific Process လုပ်ငန်းစဉ်တော်တော်များများပါဝင်နေပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်တော်တော်များများဟာ scientific အနေနဲ့သာလုပ်ကိုင်ရပါတယ်။ Philosophy နဲ့ ပတ်သတ်လို့ 2 ချက်ပါဝင်ပါတယ်။(Verification နဲ့ Falsifiability) ။ ဒါကြောင့် Digital Forensics Scientific Methods အချို့ကို ဆက်ပြီးတွေးကြည့်ရအောင်ပါ။
ပထမဆုံး Method ကတော့ Hypothesis အပိုင်းဖြစ်ပါတယ်။ hypothesis ဟာ မှန်းဆခြင်း သက်သက်မဟုတ်ပါ။ အမေးရှိရင် အဖြေရှိတယ်ဆိုတဲ့ အတိုင်း မိမိ မှန်းဆချက်ကို forensics လုပ်ငန်းမှာ ရှာဖွေနိုင်ရမယ် ပြီးရင် သက်သေပြနိုင်ရပါမယ်။ ဥပမာ အနေနဲ့ ကြည့်မယ်ဆိုရင် ...
Crime Case Back Ground (NOTE: Base On CHFI&CCFP Note Not Real Wold Case)
======================================
Organization တစ်ခုရဲ့ Confidential ဖြစ်တဲ့ PDF တစ်စောင်ပျောက်ဆုံးသွားပါတယ်။ အဲဒီ file ကိုသိမ်းထားတဲ့ ကွန်ပျူတာ ကိုင်တွယ်သူက A ဖြစ်ပါတယ်။ စစ်ဆေးသူက C ဖြစ်ပါတယ်။ (မရွှေမိုး(korea) စာတွေဖတ်တာများလို့  )
ပထမဆုံး စစ်ဆေးသူ C တွေးတာက ကွန်ပျုတာကိုင်တွယ်သူ A ထံကနေ USB Stick 2 ခုလဲ သိမ်းမိတယ်။ A က အဲဒီ File ကို usb နဲ့ကူးတယ်။ ပြီးရင် ဖျက်ထားလိုက်တယ်။ ဒါကြောင့် C က ကွန်ပျူတာကို Forensics Process အတိုင်း စစ်ဆေးပါတယ်။ အခြားအချက်အလက်တွေအပေါ်မူတည်ပြီး သုံးသပ်စစ်ဆေးလိုက်တဲ့အခါ ကွန်ပျူတာကိုင်သူ A က usb ကို တပ်ပြီး file ကိုကူးတာရယ် usb ကို စစ်ဆေးတဲ့အခါမှာလဲ file ကို သိမ်းထားတဲ့ အချက်အလက်တွေကို တွေ့ပါတယ်။ usb ကိုလဲ အကြိမ်ရေများစွာ formant ချထားတာကိုလဲ စစ်လို့တွေ့ပါတယ်။ ဒီလောက်နဲ့တင်အချက်လင် Ok .... နောက်တစ်ဆင့်ကို ဆက်သွားပါမယ် ....
နောက်တစ်ဆင့်ကတော့ အမှုတည်ဆောက်တဲ့အပိုင်းပါ ... သံသယရှိသူ A က ဘယ်အချက်တွေကို မူတည်ပြီး ငြင်းချက်ထုတ်မလဲ တွက်ချက်ပါမယ်..
ပထမငြင်းချက် ...
A က ရုံမှာ အလုပ်မပြီးတဲ့အတွက် အဲဒီင်္ File ကို အိမ်ကိုယူသွားတယ် ..နောက်နေ့ရောက်မှ ပြန်ယူလာတယ် ... အရေးကြီးတဲ့ file ဖြစ်နေလို့ usb ကနေဖျက်လိုက်ပါတယ် လို့ ထွက်ဆိုနိုင်မယ် ... Ok Let it be ...
ဒုတိယငြင်းချက် ...
သူကူးယူတာမဟုတ်ပါဘူး... မသိပါဘူး .... usb ကလဲ ပျောက်သွားပြီးမှ
စားပွဲပေါ်ပြန်တွေ့တာပါ .. ဆက်သုံးနေတာပါ Ok Let it Be ...
ပထမ ငြင်းချက်ထုတ်နိုင်တဲ့ အတိုင်းကို ပြန်လည်ပြီး သက်သေပြနိုင်အောင်
ထပ်ပြီး စစ်ဆေးရပါမယ်... ။ (ဒုတိယ ငြင်းချက်အတွက် လက်ရှိ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမှာရှိတဲ့ Organization Policy နဲ့ ကိုင်တွယ်ပြီး ထပ်ပြီးသက်သေရှာဖွေပါမယ် ..) (Note. E- government တွင် Organization Policy သည် အရေးကြီးသော အချက်အဖြစ်ပါဝင်ပါသည်)
(How To Forensic process အပိုင်းကတော့ အရင် အပိုင်းတွေမှာ ဖော်ပြပြီး ဖြစ်ပါသည်)
ကဲနောက်ဆုံး လုံလောက်တဲ့ သက်သေအချက်အလက် ရပြီင်္ဆိုတော့မှ အမှုကို တည်ဆောက်ပါမယ် ..... (ဒါက Hypothesis အပိုင်းဖြစ်ပါတယ်)
philosophy နဲ့ ပတ်သတ်တဲ့ Verification အပိုင်းဆိုတာကတော့ စမ်းသပ်စစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ်။စစ်ဆေးတဲ့ အချိန်မှာ စစ်ဆေးသူက တွေးရမည့် အတွေးဖြစ်ပါတယ်။ Falsifiability) အပိုင်းကတော့ ငြင်းချက်ထုတ်နိုင်တဲ့အပေါ်မူတည်ပြီး ထပ်မံ စစ်ဆေးရမဲ့ အပိုင်း တွေးရမယ့်အပိုင်းပါ။
PART 34 မှာကတော့ Locard principle , inman-Rudin Paradigm
အကြောင်းဖြစ်ပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool