What is Cyber Forensics ? Part 32 (RAID - FORENSICS) (Part 2 )

What is Cyber Forensics ? Part 32
(RAID - FORENSICS) (Part 2 )
Raid Forensics Part 2 မှာ ကျွန်တော်တို့ Detail ကျကျသွားကြည့်ရအောင်ပါ.. ဒါကြောင့် Crime Case တစ်ခုဖြစ်တဲ့ ရုပ်ရှင်ကား Copy Right ချိုးဖောက်မှုကို Example အနေနဲ့ပြပြီး Forensics လုပ်သွားပါမယ် .။
မှတ်ချက်။ ။ (CHFI နဲ့ CCFP မှာပါတဲ့ example Case များကို ပေါင်းစပ်ပြထားခြင်းဖြစ်ပါသည်။
Case Back Ground
===============
ရုပ်ရှင်ထုတ်လုပ်ရေး Company တစ်ခုမှာ ရုပ်ရှင်ကား တစ်ကားဟာ Editing လုပ်နေတုန် (RAW file အနေနဲ့) ခိုးယူခြင်းခံရပြီး You tube မှာ တင်လိုက်ပါတယ်။ Company ရဲ့ physical Security ပိုင်း၊ CCTV Camera ပိုင်း ၀န်ထမ်းပိုင်း ကို တစ်ဖွဲ့က စစ်ပါမယ်။ Digital Lab ကိုရောက်လာတာကတော့ Ant PC Eciton SL950X (Work Station) ဖြစ်ပါတယ်။
သူ့ရဲ့ Specific ကတော့ -------
Window 10 64 bit
Processor Brand Intel
Processor Type Core i7 4.2 GHz
RAM Size 16 GB
Hard Drive Size 1 TB + 1 TB (Raid0)
Graphics Coprocessor Nvidia Geforce GTX 1070
Graphics Card Description Nvidia Geforce GTX 1070
========================================
Step 1 - Hypothesis အပိုင်းစ စဉ်းစားပါမယ် .. Raid0 ဖြစ်တဲ့အတွက် Striping စနစ်ကို အသုံးပြုထားတယ် , HD က 2 လုံး .. ကူးယူခံရတာက video Raw file (4K) . 100 GB နီးပါရှိတယ်။ အဲအတွက် ကူးယူတဲ့သူက USB ထက် External Hard Disk ကိုအသုံးပြုဖို့များပါမယ်။ အသုံးပြုထားတာက Raid0 စနစ်ဖြစ်တဲံအပြင် raid0 ပေါ်မှာပဲ window တင်ထားတယ်။ (Network ချိတ်ဆက်ထားရင် တစ်မျိုးထက် စဉ်းစားရပါမယ်)
ဒါဆိုရင် အရှေ့က အပိုင်းတွေမှာ ဖော်ပြခဲ့တဲ့ Window Registry သဘောအရ window ရဲ့ Information တွေက ကျန်ခဲ့ပါမယ်။ user log on time တွေနဲ့ တစ်ခြား အချက်အလက်တွေ ....Hard disk သဘောသဘာဝတွေ
Master file table , သဘောတွေ ...
Ok ဒါဆိုရင် အဲအချက်အလက်တွေကို တစ်စစီ ဆွဲထုတ်ပါမယ်...
======================
Step 2 - စစ်ဆေးဖို့ Clone လုပ်တဲ့အပိုင်းနဲ့ စစ်ဆေးမယ့်လုပ်ငန်းစဉ် အပိုင်း ဆက်သွားပါမယ်...
Hard disk တွေက physical အရ logical အရ ပျက်စီးမှုရှိမရှိ စစ်ဆေးပါမယ် ... ပျက်စီးရင် raid Recovery process လိုပါမယ်။ ပျက်စီးတဲ့ အပိုင်းက
နောက် ထပ်အပိုင်းနဲ့ လာပါမယ်။ လိုအပ်ရင် Block Level , Parity Level အလိုက် recovery တွေလိုပါမယ်။ အခုအခြေအနေမှာတော့ ပျက်စီးခြင်းမရှိပါဘူး။
raid0 (striping) သုံးထားတဲ့အတွက် hd 2 ခုစလုံးကို clone ယူရမှာဖြစ်ပါတယ်။ ကဲဒါဆိုရင် Encase ရှိတယ်ဆိုရင် တစ်ခြားနည်းနဲ့ Boot တက်ပြီး raid volume ကို Clone ယူရင်ရမယ်။ ဒါမှ မဟုတ် boot တက်ပြီး မယူပဲ HD တစ်ခုစီ ကို Clone ယူ.. ပြီးရင် raid reconstructor နဲ့ Virtual array ဆောက်။
အခြေအနေအရ  ဒုတိယနည်းကိုပဲ ရွေးလိုက်ပါတယ်။
Forensics Work Station ရဲ့ PCI slot မှာ Raid Recovery / raid connector တပ်ပြီး HD 2 ခုလုံးကို တစ်ပြိုင်တည်း Clone ယူပါမယ်။
Hash ယူပါမယ်။ (Problem အနည်းနည်း တက်တတ်ပါသည် ဒီနေရာမှာ) (တစ်ခုစီ ယူလို့လဲရပါသည်)
ရပြီးတာနဲ့ ... Forensics Kit ဒါမှ မဟုတ် တစ်ခုခုမှာ HD image 2 ခုကို
raid reconstructor အသုံးပြပြီး Virtual Array တစ်ခု တစ်ဆောက်ပါမယ်။
window Forensics အပိုင်းနဲ့ HD Forensics Concept အပိုင်းကို တွဲလုပ်သင့်ရင် တွဲလုပ်ရပါမယ်။ ဘယ်နေရာနေစပြီး စစ်ဆေးမလဲ ဆိုတာ စစဉ်းစားရပါမယ်။ Window ကနေ ဘာ အချက်အလက်တွေ ရနိုင်လဲဆိုတာ အရင် post တွေမှာ ပြထားပြီးပါပြီး ..... 
ကျန်တဲ့ တစ်ဖွဲ့ စစ်နေစဉ်မှာ ရလာတဲ့ အချက်အလက်နဲ့ digital forensics က ရလာတဲ့ အချက်အလက်ပေါင်းလိုက်ရင် အဆင်ပြေမှာပါ...။
မှတ်ချက်။ ။ (CHFI နဲ့ CCFP မှပါသော example Case ကို ပေါင်းစပ်ပြထားခြင်းဖြစ်ပါသည်။ Real Word Crime Case မဟုတ်ပါ။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool