What is Cyber Forensics ? Part 27 Hard Disk Forensic . (Part 1) .



What is Cyber Forensics ? Part 27
Hard Disk Forensic . (Part 1) .
Hard Disk တစ်ခုကို forensics မလုပ်ခင် Hard disk ရဲ့ဖွဲ့စည်းပုံကို အရင်ဆုံး သိထားရပါမယ် ...
ပုံမှာ ပါတဲ့ အတိုင်း
Platter ဆိုတာကတော့ Hard disk မှာ Data တွေကို အဓိက သိမ်းဆည်းထားတဲ့နေရာပါ။ Platter ကို ပါးလွှာချောမွေ့တဲ့ aluminum alloy, or glass နဲ့ ပြုလုပ်ထားပြီး meganitic အရည်ကို အပေါ်ကနေ သုတ်ထားပါတယ်။ Platter size ကတော့ 5.25-inch ဒါမှမဟုတ် 3.5-inch ရှိပါတယ်။platter ရဲ့ အပေါ်ဘက်မှာရော အောက်ဘက်မှာ ပါ data တွေကို သိမ်းထားပါတယ်။ data တွေကို platter ပေါ်မှာ 0 1 အနေနဲ့ သိမ်းထားပါတယ်။ အရင်ကတော့ Hard disk မှာ Platter တွေ 6 ခုလောက်ပါပေမဲ့
နည်းပညာ မြင့်မားလာတာနဲ့ အမျှ platter အရည်အတွက်လည်း နည်းသွားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ Platter အရည်အတွက် နည်းတာနဲ့ အမျှ Fault ဖြစ်နိုင်ချေလဲ နည်းသွားပါတယ်။
======================
Spindle ကတော့ platter တွေလည်ပတ်ဖို့ အတွက်လည်ပတ်ပေးရတဲ့ Motor ဖြစ်ပါတယ်။ တစ်မိနစ် လည်ပတ်နှုန်းကတော့ 4,200 RPM ကနေ 15,000 RPM အထိရှိပါတယ်။, လက်တွေ့မှာ အသုံးအများဆုံး Hard disk တွေ၇ဲ့ လည်ပတ်နှုန်းကတော့ 5,400 rpm ကနေ 10,000 RPM အထိရှိပါတယ်။
======================
Head ကတော့ Platter မှာ သိမ်းထားတဲ့ data တွေကို ဖတ်ဖို့ နဲ့ နောက်ထပ် data တွေကို သိမ်းဖို့အတွက်ပါ။ platter တစ်ခုမှာ head ၂ ခုစီပါဝင်ပါတယ်။ head နဲ့ platter အကွာအဝေးက 0.5 microinches ရှိပါတယ်။ physical damage ဖြစ်တဲ့ hd ကို ပြင်မယ်ဆိုရင် PLATTER SWAP လုပ်တဲ့အခါမှာ HEAD နဲ့ PLATTER ဝေးနေရင် data တွေကို မဖတ်နိုင်ပါဘူး နီးကပ်သွားရင် လည်း platter ပေါ်က data ပျက်စီးနိုင်ပါတယ်။
======================
Actulator
Actuator ဆိုတာ voice coil motor ဖြစ်ပြီး coilထဲကို လျပ်စစ်စီးဝင်ကာ actuator arm ကိုထိန်းချုပ်ပေးပါတယ်။
======================
Actulator Arm
Actuator Arm ဆိုတာ platter အပြားတွေပေါ်မှာ အလျှားလိုက် ရွေ့နေပြီး data တွေကို သူ့မှာ ပါတဲ့ Head နဲ့ ရေးဖတ်ပေးပါတယ်။
အဲလိုရေးဖတ်တဲ့အခါမှာလဲ အတိအကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်.. ။ Arm ရွေ့လျားတဲ့ အခါမှာ အတွင်းကနေ အပြင်ဘက်ကို ရွေးလျားပါတယ်။
======================
Actuator Axis ဆိုတာ Actuar arm ရဲ့ အစွန်တစ်ခုမှာရှိပြီး axis လည်ပတ်တဲ့ အခါမှာ arm က လိုက်ပါ ရွေ့လျားပါတယ်။
======================
track
track ဆိုတာ ပုံမှာပြထားတဲ့ အတိုင်း platter ပေါ်မှာ စက်ဝိုင်းပုံစံအနေနဲ့ ရှိနေတာဖြစ်ပါတယ်။ tracုk အရည်အတွက် များလေလေ သိမ်းဆည်းနိုင်တဲ့ data ပမဏ များလေလေဖြစ်ပါတယ်။ Track Number ဆိုတာကတော့ platter အပြင်ဘက်ကနေ ၀ ဆိုပြီး စတင်ပြီး အပြင်ဘက်သို့ ရေတွက်သွားပါတယ်။ များသော အားဖြင့် track number အစား cylinder အရေအတွက်နဲ့ ဖော်ပြပါတယ်။
======================
Cylinder
platter ပေါ်မှာ data တွေ ရေးဖတ်ဖို့ အတွက်ပြုလုပ်ထားတဲ့ head ဟာ
platterတွေ အပေါ်အောက်မှာ နီးကပ်စွာတည်ရှိနေပြီး တစ်ပြိုင်တည်း တူညီတဲ့ track number အတိုင်းလှုပ်ရှားပါတယ်။ တစ်ကယ်တန်းဆိုရင် cylinder ဆိုတာ platter တွေ ပေါ်က track တွေကို head တိုင်းက access လုပ်နိုင်တဲ့ track အစုအဝေးကို ခေါ်တာဖြစ်ပါတယ်။ နောက်တနည်းပြောရရင် Head တွေတိုင်းက access လုပ်နိုင် တည်ရှိနိုင်တဲ့ platter တွေပေါ်က track အစုအဝေးဖြစ်ပါတယ်။
======================
Sector
Sector ဆိုတာ track ပေါ်မှာ data တွေသိမ်းဖို့အတွက် ဖွဲ့စည်းထားတဲ့အသေးဆုံး physical storage ဖြစ်ပါတယ်။ အရင်ကတော့ sector တစ်ခုမှာ 512 (byte) ရှိပေမဲ့ နောက်ပိုင်း 2010 လောက်ကနေ စပြီး 4,096 bytes (4k) ဖြစ်လာပါတယ်။ဒါကြောင့် data တွေ ပိုမို သိမ်းနိုင်တဲ့ ပမာဏ များလာတာဖြစ်ပါတယ်။ sector ပါ အပိုင်း ၄ ပိုင်းပါဝင်ပါတယ်
ID information: sector နံပတ် နဲ့ sector ပေါ်မှာ သိမ်းထားသော data နံပတ်
Synchronization fields data ကို ဖတ်ဖို့အတွက် ကူညီပေးပါတယ်။
Data: Sector ပေါ်မှာ တစ်ကယ်သိမ်းထားသော data
ECC: data အရေးအဖတ် လုပ်တဲ့အခါမှာ error check , Correction လုပ်တဲ့အပိုင်းပါ
Gaps: data ကိုဖတ်တဲ့အချိန်ရစေဖို့ ပေးတဲ့ နေရာပါ
======================
Cluster
Cluster
cluster ဆိုတာ့ hardisk ပေါ်မှာ data သိမ်းဆည်းတဲ့ အငယ်ဆုံးသော logical storage unit တစ်ခုပါ။ data တွေ track ပေါ်က sector ပေါ်မှာ တစ်ဆက်တည်း သိမ်းဆည်းပါတယ်။ အဲလို တစ်ဆက်စပ်တည်းဖြစ်နေတဲ့ sector အစုအဝေးကို cluster လို့ခေါ်ပါတယ်။ HD ကို partation ပိုင်းတဲ့ အပေါ်မူတည်ပြီး cluster size အမျိုးမျိုးရှိနိုင်ပါတယ်။ 4 sector ကို cluster တစ်ခု (သို့) 64,128 ဆိုပြီး ရှိနိုင်ပါတယ်။ cluster size ဆိုရင် Eg= 4 x 4k(sector) = 1600 byte
(slack space ကို သီခြားရှင်းပါမည် forensics လုပ်တဲ့နေရာမှ အရေးကြီးပါသည် )
======================
volume
volume
ပိုင်းထားတဲ့ partation logical အပိုင်းဖြစ်ပါတယ်။ Volume တစ်ခုမှာ cluster တွေများစွာပါဝင်နိုင်ပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool