OPEN SOURCE INTELLIGENCE (OSINT)


Second War ပြီးတဲ့ အချိန်ကနေစပြီး သတင်းမီဒီယာတွေ TV အစီအစဉ်တွေဟာပိုမိုများပြားလာပြီး ပြောဆိုရေးသာမှု အပိုင်းမှာ ပိုမိုပွင့်လင်းလာခဲ့ပါတယ်။ အဲဒီနောက် Internet ပေါ်လာတဲ့ အချိန်မှာတော့ သတင်းအချက်အလက်စီးဆင်းမှုဟာ ပိုမိုမြန်ဆန်ကျယ်ပြန့်လာပါတယ်။ ဘယ်နေရာမဆို အဆိုးနဲ့ အကောင်းဒွန့်တွဲနေသလိုပါပဲ။ အခုလိုတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေရှိသလို တစ်ဖက်မှာလဲဆိုးကျိုးတွေက ရှိလာပြန်ပါတယ်။ ဆိုက်ဘာရာဇ၀တ်မှု၊ အကြမ်းဖက်အဖွဲ့အစည်း၊ အစိုးရကို ဝေဖန်တိုက်ခိုက်မှုတွေ စတဲ့အဖွဲ့အစည်းတွေက အင်တာနက်ကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြပါတယ်။ Juniper Research အရဆိုရင် လာမဲ့ 2019 မှာ cybercrime ကြောင့် ကမ္ဘာနဲ့တစ်ဝှမ်းက စီးပွားရေးလုပ်ငန်းနဲ့ အစိုးရပိုင်းကနေ ကာကွယ်မှုအတွက် ကုန်ကျငွေ ၂ ဘီလီယံခန့် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒါကြောင့်အစိုးရပိုင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ငွေအကုန်ကျသက်သာပြီး တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေမဲ့ Open Source Intelligence စနစ်ကို အသုံးပြုလာကြပါတယ်။
Open Source Intelligence (OSINT) စနစ်ဆိုတာ ကမ္ဘာအနှံမှာ Publice ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ Open Source Intelligence (OSINT) ဆိုတာကို ဘယ်နေ့ ဘယ်အချိန်မှာ စတင်ခဲ့ ခေါ်ဝေါ်ခဲ့တယ်ဆိုတာမသိရပေမဲ့ အခုလိုမျိုးနည်းစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက စစ်ရေး စီးပွားရေး နိုင်ငံရေးတွေမှာ အသုံးချခဲ့ပါတယ်။ ဥပမာ အနေနဲ့ အလွယ်ကူဆုံးပြောရရင် ဈေးသတင်းလိုဟာမျိုးပေါ့။ ဈေးသတင်းထဲမှာ ကုန်ဈေးနှုန်းအတက်အကျ မိသားစုရေး နိုင်ငံရေး ကျမ်းမာရေး စီးပွားရေး သတင်းတွေကို အခမဲ့ယူနိုင်တဲ့နေရာတစ်ခုပါ။
Internet ခေတ်ရောက်လာတဲ့ အခါမှာတော့ သတင်း website တွေ၊ လူမှုကွန်ယက်တွေ၊ စီးပွားရေး ထုတ်ကုန် ကြော်ငြာတွေ ကနေရယူပါတယ်။ စီးပွားရေးပိုင်းမှာလဲ တစ်ဖက်လုပ်ငန်းက ဘာတွေလုပ်နေတယ် ဘာထုတ်ကုန်တွေထုတ်နေတယ်ဆိုတာတွေကိုလဲ OSINT နည်းစနစ်တွေနဲ ရယူနိုင်ပါတယ်။ Hacking ပိုင်းအတွက်ဆိုရင် Information Gathering အနေနဲ့ Dns lookup , Whois , Ip address Look up , Etc ….. ကနေ အစရှိသည်ဖြင့် ရယူကြပါတယ်။
Social Media ပိုင်းမှာဆိုFacebook Graph Search, Twiitter Search , Linkedin Search တွေကို အသုံးချရင် အသုံးချနိုင်သလို အကျိုးများပါတယ်။ အခုလိုရယူခြင်းအတွက် ဥပဒေနဲ့လဲ လွတ်ကင်းသလို ငွေကြေးအကုန်အကျလဲ သက်သာစေပါတယ်။ ငွေကြေးကုန်ကျမှုနည်းပါးသောကြောင့် အထင်သေးသလိုရှိနိုင်ပေမဲ့ လက်တွေ့မှာ နေရာအလိုက် လုပ်ငန်းအလိုက် စနစ်တကျလုပ်နိုင်ရင် အကျိုးများစွာရှိပါသည်။
Open Source Intelligence (OSINT) ကိုအများဆုံနဲ့ အဓိကထားပြီးအသုံးနိုင်ဆုံးကတော့US နိုင်ငံပါ။ Second war ကာလ မှာရော ယနေ့အချိန်ထိ နိုင်ငံမျိုးစုံ လူမျိုးပေါင်းစုံရဲ့ ဘာသာစကားမျိုးစုံကို တတ်ကျွမ်းနားလည်သူတွေနဲ့စုဖွဲ့ကာ သတင်းအချက်အလက်တွေကို ကုန်ကျမှုနည်းပါးစွာ ရယူနေပါတယ်။ ဥပမာ နိုင်ငံအနှံ့ကသတင်းစာတွေကို ခနထား facebook, Twitter လိုနေရာမျိုးဟာ သတင်းရယူလို့ အကောင်းဆုံးနေရာမျိုးပါ တစ်ကူးတစ်ကကို သတင်းသွားတင် လှုပ်ရှားမှုတွေသွားတင်နေကြပါတယ်။
Foreign Broadcast Information Service (FBIS) ကဆိုရင် နိုင်ငံပေါင်းစုံက public ကနေအခမဲ့ရနိုင်တဲ့ သတင်းစာနယ်ဇင်းတွေ အင်တာနက် website တွေကနေ အချက်အလက်တွေရယူပြီး ခွဲခြမ်းစိတ်ဖြာအသုံးပြုလျက်ရှိပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool