












Digital Forensics မှာဘာလို့  Write Protect လုပ်ရတာလဲ ?

 သိမ်းဆည်းရမိတဲ့ Stroage Device တွေထဲကို သက်သေခံချက်လွဲမှားအောင် မသမာတဲ့ နည်းလမ်းအသုံးပြုပြီး မပြုလုပ်နိုင်အောင် Write Protect ပြုလုပ်ခြင်းဖြစ်ပါတယ်။ Write Protect ပြုလုပ်ထားတာကြောင့် မိမိတင်သွင်းတဲ့ သက်သေခံ Device ဟာ မှန်ကန်တဲ့ သက်သေခံပစ္စည်းဖြစ် ကြောင်း တရားရုံးမှာတင်ပြနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က           Chain Of Custody (သက်သေခံပစ္စည်းကို Forensics lab) သို့ပို့ဆောင်ခြင်း အပိုင်းကြောင့်လဲပါဝင်ပါတယ်။ Forensics Lab နေရာနဲ့သက်သေခံပစ္စည်းရှိတဲ့နေရာဟာ ဝေးကွာနိုင်ပါတယ်။ ဒါကြောင့် Forensics Lab ကိုပို့ဆောင်တဲ့ လမ်းခရီးမှာ မသမာတဲ့ နည်းနဲ့ သက်သေခံပစ္စည်းထဲက အချက်အလက်ကို ပြင်ဆင်နိုင်ခြင်း မရှိနိုင်အောင် Write Protect ပြုလုပ်ခြင်းဖြစ်ပါတယ်။

Disk Cloning (Bit  By Bit Copy)(Forensics Image) ဘာလို့လုပ်ရတာလဲ

(Bit  By  Bit Copy )(Forensics Image)  ယူတယ်ဆိုတာကတော့ မူရင်း Device ကို တိုက်ရိုက် စစ်ဆေးခြင်းမပြုပဲ မူရင်း Device အတိုင်းပုံစံတူကူးယူပြီးစစ်ဆေးခြင်းဖြစ်ပါတယ်။ မူရင်းသက်သေခံ Device ကို မပျက်စီးစေပဲတရားရုံးမှာ သက်သေပြနိုင်ဖို့အတွက်ဖြစ်ပါတယ်။

Hashing ဘာလို့လုပ်ရတာလဲ

Write Protect ပြုလုပ်ထားတဲ့ မူရင်းသက်သေခံ Device နှင့်တစ်ကွ Device ထဲမှာပါတဲ့ အချက်အလက်တွေက ပြင်ဆင်ဖြည့်စွက်ထားခြင်းမရှိတာ သက်သေပြနိုင်ဖို့အပြင် မူရင်းသက်သေခံ Device ကို(Bit  By  Bit Copy ) ယူပြီးစစ်ဆေးမည့် (Forensics Image)  မှာပါပြင်ဆင်ဖြည့်စွက် ထားခြင်းမရှိဘူးဆိုတာ သက်သေပြနိုင်ဖို့ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲ စစ်စစ် Forensics Image မှ hash Valueဟာ မူရင်း သက်သေခံ Device က Hash Value နဲ့တူရမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool