IoT Device Forensics Flow

IoT Device Forensics Flow
IoT Device တွေဟာ 2020 မှာ 34 ဘီလီယံခန့်ရှိလာနိုင်ပါတယ်။ Digital Forensics ထဲမှာ IoT forensics အပိုင်းပါဝင်ပေမဲ့ နည်းပညာပိုင်းအရ အသုံးပြုတဲ့ Hardware ပိုင်းအရ ကွဲပြားခြားနားပါတယ်။ Iot မှာ cable,wireless,RF,Bluetooth,Sensor နဲ့ application မျိုးစုံပါဝင်ပါတယ်။ digital Forensics မှာအသုံးပြုတဲ့စုံစမ်းစစ်ဆေးရေးနည်းနဲ့ အသုံးပြုတဲ့ ပစ္စည်းတွေကကွဲပြားမှုရှိပါတယ်။အသုံးပြုတဲ့အနေအထား
Senor တွေနဲ့ပတ်သတ်ပြီး Iot device မျိုးစုံရှိပါတယ်။ ဒါကြောင့် Iot device ကို သီးသန့်စစ်ဆေးတဲ့ Forensics device တွေ tools တွေအရမ်းနည်းပါးပါတယ်။ Case တစ်ခုဖြစ်ရင် Iot device အလိုက်ကျွမ်းကျင်တဲ့ ပညာရှင်သီးသန့်လိုအပ်သလို သူ့ရဲ့ထင်မြင်ယူဆချက်ကလဲ အရေးကြီးပါတယ်။
IoT Forensics Flow မှာ လုပ်ဆောင်ရမဲ့ အပိုင်းတွေ ဆက်စပ်စဉ်းစားရမဲ့ အပိုင်းတွေရှိပါတယ်။
Case အပေါ်မူတည်ပြီးဖော်ထုတ်ခြင်းအပိုင်းနှင့် ဆက်စပ်စဉ်းစားခြင်း
အခင်းဖြစ်တဲ့ နေရာမှာရှိတဲ့ IoT device ကဘယ်လိုအမျိုးအစားလဲ ဘာအတွက်သုံးတာလဲဆိုတဲအပိုင်း
Iot device နဲ့ ဘာတွေကို ဘယ်လိုချိတ်ဆက်ထားလဲဆိုတဲ့အပိုင်း
Iot Device တွေကို ဘာနဲ့အဓိကထိန်းချုပ်သလဲဆိုတဲ့
အပိုင်း
ထိန်းချုပ်တဲ့ Device နဲ့Iot Device နဲ့ ဘယ်လို ဆက်သွယ်သလဲဆိုတဲ့အပိုင်း
(တိုက်ရိုက်ဆက်သွယ်တာလား ကြာခံ medium device သုံးသလား eg-wireless router )
မှုခင်းမဖြစ်ခင်အချိန်မှာ ဘာတွေရှိလဲ ဘာတွေဖြစ်လဲ
မှုခင်းဖြစ်တဲ့အချိန်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲ
(Iot device အများစုဟာ communication အတွက် wireless,bluetooth ကိုအဓိကထားသုံးပါတယ်)
Iot devie ကနေ တပ်​ထာတဲ့ Sensor နဲ့ program အရပြောင်းလဲမှုကို ထိန်းချုပ်သူကသိရှိနိုင်သလား မသိရှိနိုင်ဘူးလား
Iot Device အပြင် ဆက်သွယ်ထားတဲ့ Device တွေ sensor တွေရဲ့ Data တွေက ဘယ်နေရာမှာ
ဘယ်လို file type နဲ့ Save ထားတာလဲ
ioT device တွေနဲ့ ဆက်စပ်သမျှ အားလုံးကို စစ်ဆေးဖို့လိုအပ်သလား …..
ကျွမ်းကျင်သူမပါပါက အကုန်စစ်ဆေးဖို့လိုအပ်ပါမယ် (သိမ်းဆည်းခြင်းလဲအတူတူပါပဲ)
(သိမ်းဆည်ခြင်းအပိုင်းကတော့ မှုခင်းအခြေအနေနဲ့ ဥပဒေအတိုင်းသာဖြစ်သည်)
သတိထားရမဲ့ အချက်တွေတော့ရှိပါတယ်။ သိမ်းဆည်းရမဲ့ IoT device ကို မူလအခြေအနေမပျက်သိမ်းဆည်းလို့ရနိုင်မလား ? Data တွေကဘယ်နေရာမှာ save ထားလဲနဲ့ Device ရဲ့သဘောသဘာဝအပေါ်မူတည်ပါတယ်။ ပါဝါဖွင့်ထားပြီး သိမ်းဆည်မလား ? ပိတ်ပြီးသိမ်းလိုက်ရင် ဘာတွေ
ထိခိုက်သွားနိုင်မလဲ ? First Responder team မှာ Data Collect လုပ်ဖို့ ဘာတွေပါလာသလဲ ? ထိန်းသိမ်းဖို့​ရော
ဘာ​တွေပါလာသလဲ ?
အပူချိန် အသံ လှုပ်ရှားမှု လက်ဗွေ SENSOR တွေပါ ပါနေတဲ့အခါမှာ သိမ်းဆည်းရင် အခြေအနေပြောင်းလဲနိုင်သလား ? ပုံကြမ်းမရရင်​​တောင်​ ဓာတ်​ပုံအရယူရပါမယ်
(LAB တစ်ခုစမ်းဖို့ ကျွမ်းကျင်သူနဲ့တိုင်ပင်ထားပါတယ် စမ်းသပ်ပြီးရင် အခြေအနေပြန်တင်ပေးပါမယ်)
စစ်ဆေးခြင်းအပိုင်း
သိမ်းဆည်းသူထံမှရတဲ့ ပုံစံအကြမ်း (Eg. Network Diagram) အတိုင်း Iot နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို
ပုံစံချကြည့်ရပါမယ်။ ပုံကြမ်းမရင် ကျွမ်းကျင်သူနဲ့ သိမ်းဆည်းတဲ့ device တွေအတိုင်း ပုံစံချကြည့်ရပါမယ်။
ဒါမှ စစ်ဆေးတဲ့အခါမြင်သာမှုရှိမှာပါ။
သက်ဆိုင်ရာ IoT Device အနေအထားပုံစံအလိုက် ကျွမ်းကျင်သူလိုအပ်ပါတယ်။ ပြည်​တွင်​ဖြစ်​မဟုတ်​ပဲ smart home security လိုဟာမျိုးဆိုရင်​​တော့ Google ​တော့​ခေါက်​ရပါမယ်​.ဒါမှ device ကိုဘယ်​လိုအသုံးချသလဲ အသုံးပြုသလဲ
Manual guide ကဘာလဲဆိုတာသိနိုင်​မှာပါ
Data Communication , Remote Control အပိုင်းအတွက် Network Forensics ကျွမ်းကျင်သူလိုအပ်ပါတယ်။
Data storage အပိုင်းအရ Storage ပိုင်းကျွမ်းကျင်သူ Cloud ပိုင်းကျွမ်းကျင်သူလိုအပ်ပါတယ်။ IoT Devie ကို
Control လုပ်နိုင်တဲ့ Device အလိုက် ကျွမ်းကျင်သူလိုအပ်ပါတယ်။ Eg . Mobile Phone or Tablet
တရားရုံးတင်တဲ့​အပိုင်းနဲ့လျှောက်လဲခြင်းအပိုင်းကတော့ မလိုအပ်တဲ့အတွက်မရေးတော့ပါဘူး
ပုံထဲမှာ​တော့ ဆက်​စပ်​စဉ်းစားရမဲ့ အပိုင်း​ကို ​ရေး​ပေးထားပါတယ်​.
အသစ်​အသစ်​ထွက်​လာတဲ့ Iot Device ​တွေ ဥ​ပေဒအရလုပ်​ပိုင်​ခွင့်​တွေ ​ငွေ​ကြေးနဲ့ လူသားအရင်းအမြစ်​အရ Iot Forensic အပိုင်းဟာ စိန်​​ခေါ်မှုများစွာရှိ​နေမှာပါ

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool