First Responder Team


အခုအခြေအနေကတော့ First Responder Team က သက်သေခံအချက် အလက် တွေနဲ့ Device တွေက နေရာတစ်ခုထဲမှာရှိနေတဲ့ အနေအထားမှာ လုပ်ဆောင် ရမည့်အခြေခံအချက်အလက်များဖြစ်ပါတယ်။တည်နေရာတစ်ခုထဲဆိုတာ သက်သေခံအချက်အလက်တွေထဲက တစ်ချို့ဟာ Cloud အပိုင်း Data Center အပိုင်းမှာ ရှိမနေတဲ့ အချိန်ဖြစ်ပါတယ်။
ဖမ်းဆီးသိမ်းဆည်းရမည့် Case သဘာသဘာဝကိုနားလည်ခြင်း ဆိုတာကတော့ မိမိတို့သွားရောက် သိမ်းဆည်းရမဲ့ အမှုက ဘယ်လိုမှုခင်းမျိုးလဲ ဒါဆိုရင် ဘယ်လိုသက်သေခံအချက်အလက်တွေက အရေးကြီးတယ် ဘယ်လို Device တွေရှိတတ်တယ်ဆိုတာကို First Responder Team ကနေကြိုတင်သိရှိပြီး First Responder Kits ကိုကြိုတင်ပြင်ဆင်ဖြည့်စွက်လို့ရပါမယ်။ (First Responder Kits မှာ Digital Crime အတွက် accessories မျိုးစုံပါဝင်ပါတယ်)
အခုအခြေအနေကတော့ သက်သေခံ အချက်အလက်တွေက နေရာတစ်ခုထဲမှာရှိနေတဲ့ အနေအထားပါ။
သက်သေခံ Device တွေက Desktop laptop လား သူနဲ့ဆက်စပ်သုံးစွဲတဲ့ ဆက်စပ်ပစ္စည်းတွေရှိလား ( eg. Printer) Printer သုံးစွဲပါက ထုတ်ထားတဲ စာရွက် ဓာတ်ပုံ အပိုင်းအစတွေရှိလား။ Lan ဒါမှမဟုတ် Internet နဲချိတ်ဆက်ထားခြင်းရှိလားဆက်စပ်သုံးစွဲသော ပစ္စည်များ
External Hard Drives, Removable Media, Thumb Drives,and Memory Cards,
Peripheral Devices,
Mobile Phone,tablet,
Potential Sources of Digital Evidence
သက်သေခံ Device တွေကို မပျက်စီးအောင်ကာကွယ်ခြင်းအပိုင်းမှာတော့ မှုခင်းဖြစ်တဲ့ နေရာမှာရှိနေတဲ့ လူတွေကို သက်သေခံပစ္စည်းတွေနဲ့ ဝေးကွားသောနေရာမှာနေခိုင်းရပါမယ်။ device တွေရဲ့အနေအထား ချိတ်ဆက်ထားမှုမှန်သမျှကို ဓာတ်ပုံမှတ်တမ်းယူရပါမယ်။
ဖမ်းဆီးတဲ့အချိန်မှာ Power on နေတဲ့ Device တွေကို Power on အနေအထားအတိုင်းထားရှိရမှာဖြစ်ပါတယ်။ Power Off အနေအထားနဲ့ရှိနေတဲ့ Device တွေကိုတော့ Power Off အနေအထားအတိုင်းပဲထားရှိရမှာဖြစ်ပါတယ်။
Power On အနေအထားအတိုင်း ထားရှိရင် Live ဖြစ်နေတဲ့ System ကနေ အချက်အလက်တွေ ရယူနိုင်ဖို့ဖြစ်ပါတယ်။ အရင် Post တွေမှာ Live system ကနေ data collect လုပ်တာရေးထားပါတယ်။
သက်သေခံ Device များအား အချက်အလက်ထပ်မံမဖြည့်စွက်နိုင်အောင်
Write Protect ပြုလုပ်ခြင်း အပိုင်းကတော့ (First Responder Kits မှာပါဝင်တဲ့ Write Blocker Device တွေနဲ့ သက်သေခံ Device ကို အခြားသော အချက်အလက်များကို ထပ်မံဖြည့်လို့မရအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။
သက်သေခံ Device များအား စနစ်တကျမှတ်တမ်းသွင်း ထုတ်ပိုး ပို့ဆောင်ခြင်းအပိုင်းကတော့ သိမ်းဆည်းတဲ့ Device တွေကိုမှတ်တမ်းသွင်းခြင်းနဲ့ Electronic ပစ္စည်းတွေဖြစ်တာကြောင့် Electronic Wave တွေနှောက်ယှက်မှုမဖြစ်အောင် ထုတ်ပိုးခြင်းအပိုင်းဖြစ်ပါတယ်။
First Responder Teamမေးမြန်းရမည့်မေးခွန်းများ (Example)
-----------------------------------------------------------
Crime တွင် Electronic Device ကိုအသုံးပြုသော လူများနှင့် Login and Password
အင်တာနက်အသုံးပြုသော Emial, Social Network Account နှင့် အလားတူအသုံးပြုသော Account များ၏ Password
Electronic Device ကိုအသုံးပြုရခြင်းအကြောင်းနှင့်
အင်တာနက်အသုံးပြုပါက ISP နှင့် Service အမည်
Publi, Private Cloud အသုံးပြုမှု



Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool