What is Digital Forensics ?


ပထမအချက်
ဒုတိယအချက်ဒါကတော့ 
ပထမအချက်....
ဒုတိယအချက်....
==================
CERT ကနေအဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ .... Network or information System တစ်ခုကို ကိုင်တွယ်နေရသူတစ်ယောက်ဟာ Forensics အခြေခံကို နားလည်ရမယ်လို့ ဆိုပါတယ်... 
ပိုမိုပြည်စုံအောင် ဖွင့်ဆိုမယ်ဆိုရင် သိပ္ပံနည်းပညာဆိုင်ရာ အချက်အလက်တွေကို အသုံးချပြီး... အချက်အလက်တွေကို စစ်ဆေးခြင်း ... သက်သေတွေကိုစုစည်းခြင်းတို့ဖြစ်ပါတယ်...။ သက်သေတွေကို စုစည်းခြင်းဆိုတာကတော့ DNA fingerprint တို့ကို စစ်ဆေးစုစည်းခြင်းကဲ့သို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာကတော့ data တွေကို စစ်ဆေးပြီး သက်သေခံရှာဖွေခြင်းဖြစ်ပါတယ်။ 

Forensics မှာ အဓိက လုပ်ငန်းကတော့ ငုပ်လျှိုးနေတဲ့ အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်ပါတယ်...ဖော်ထုတ်တယ်ဆိုတာမှာ RECOVERY လုပ်ခြင်းအပိုင်းအပါအဝင် နည်းအမျိုးမျိုးရှိပါတယ်.။

ဥပမာ... ကွန်ပျူတာပေါ်မှာကျန်ခဲ့တဲ့ လက်ဗွေ... DNA ယူခြင်းဟာလည်း Forensics အပိုင်းမှာပါဝင်ပါတယ် ...

Cyber Forensics မှာ အဓိကအချက် ၂ ရှိပါတယ်... 

ပထမအချက်

ဖမ်းဆည်ရမဲ့သူဟာ.... ဖမ်းဆည်းနေချိန်မှာ Electronic Device ကိုအသုံးပြုနေပြီး ဘာတွေလုပ်ဆောင်နေသလဲ ဥပမာ online လောင်းကစားလုပ်နေတာလား စသည်ဖြစ်ပေါ့ .... ပြီးရင် Website ကိုအသုံးပြုပြီးလုပ်ဆောင်နေတာလား Software ကိုအသုံးပြုပြီးလုပ်ဆောင်နေတာလားဆိုတာ ကြည့်ရပါမယ် ... ဘယ်လိုသက်သေယူမလဲဆိုရင် အလွယ်ဆုံးကတော Print Screen ရိုက်တာ ... ဒါမှမဟုတ်ရင်လဲ Date နဲ့ Time ဖွင့်ပြီး ဓတ်ပုံရိုက်တာ ... စသည်ဖြင့်နည်းအမျိုးမျိုးရှိပါတယ်

.Electronic Device ဆိုသည်မှာ PC Laptop Tablet 

mobile phone GPS CD DVD SD Card USB Router , Switch Server IOT device စသည်ဖြင့် ပါဝင်ပါတယ်....

ဒုတိယအချက်ဒါကတော့ 

ပထမအချက် လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး တရားရုံးသို့ တင်နိုင်မဲ့ သက်သေခံယူရမှာဖြစ်ပါတယ်...

အရေးကြီးတဲ့အချက် ၂ ချက်ကျန်ပါသေးတယ် ....

ပထမအချက်....

စစ်ဆေးပြီး သက်သေခံရှာဖွေပြီး တာနဲ့မပီးသေးပါဘူး သက်သေခံ Device ကို မပျက်စီးအောင်သိမ်းဆည်းရမှာဖြစ်ပါတယ်...

စစ်ဆေးတဲ့နေရာမှာလဲ သိမ်းဆည်းထားတဲ့ မူရင်း Device ကိုမပျက်စီး

စေပဲ .... ဘယ်လိုထိမ်းသိမ်းမှာလဲ ဘယ်လိုမှတ်သားထားမှာလဲ Case အလိုက်....ရက်စွဲအလိုက်မှတ်သားထားမှာလား... 

ဘယ်သူက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းအသုံးပြုပြီး စစ်ဆေးမှာလဲဆိုတာကိုလဲ ...အသေးစိတ် 

မှတ်တမ်းထားရှိရမှာဖြစ်ပါတယ်....

(သိမ်းဆည်စဉ်မှာ အခြေအနေအရ စစ်ဆေးတာ သက်သေယူတာက 

မပြီးသေးဘူးဆိုရင် ... Device ကို Power ပိတ်ယူမှာလား ...ဖွင့်ယူမှာလား ....ရှိပါသေးတယ် .. Computer Forensic အပိုင်းကျမှ အသေးစိတ်ဖြစ်အောင် ရေးသားပါမယ်)

ဒုတိယအချက်....

ရရှိလာတဲ့သက်သေတွေကို ရှင်းရှင်းလင်းလင်း ခိုင်ခိုင်လုံလုံဖြစ်အောင်ရေး မယ် ... ပြီးရင် သက်သေခံ Device နဲ့တစ်ကွ တရားရုံကို တင်မယ် ..

နောက် post တွေမှာ Example ပုံစံတွေ .... အသေးစိတ်လိုက်နာရမဲ့အပိုင်းတွေ စစ်ဆေးရမဲ့နည်းလမ်းတွေ(အကျဉ်းချုပ်ပေါ့) ကိုရေးသားပေးပါမယ်..

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)