What is Cyber Forensics ? PART (7)


သက်သေခံ Device အားမပျက်စီးအောင် ကာကွယ်ခြင်း .....
သက်သေခံသိမ်းဆည်းပုံ ... မှတ်တမ်းယူပုံ...တို့ကို အရင် post တွေမှာတင်ခဲ့ပြီးပါပြီး.... အခုရေးသားမှာက သက်သေခံ Device အားမပျက်စီးအောင် ကာကွယ်ခြင်း အပိုင်းဖြစ်ပါတယ် .....
သိမ်းဆည်းရမိတဲ့ Device ကိုစစ်ဆေးတဲ့အချိန်မှာ အမှားအယွင်းရှိခဲ့ရင် ပြန်လည်စစ်ဆေးလို့ရနိုင်အောင် Device ကို Clone (ထပ်တူ ကူးယူ) ရပါမယ်.... Linux မှာလဲ clone ယူနိုင်သလို forensics tools တွေဖြစ်တဲ့ Encase, Access Data tools တွေနဲ့လဲ clone ယူနိုင်ပါတယ် ...
Original image ၇ဲ့ Hash Value (MD5 သို့ SHA1) နဲ့ Clone image ၇ဲ့ hash value တူရပါမယ် ..... Example soon .....
device ကို clone မယူခင်မှာ Write Protect (read only ) စနစ်ဖြစ်အောင်ပြုလုပ်ရပါမယ် .... Data တွေကို မူရင်း device မှာထပ်ပြီးပြင်ဆင်လို့ မရနိုင်အောင်ဖြစ်ပါတယ် .... case အမျိုးအစား write protect ပြုလုပ်သူ ပြုလုပိတဲ့နေစွဲ device အမျိုးအစားတို့ကို မှတ်တမ်းထားရှိရပါမယ်...
Linux သို့ forensics tool, controller တွေမှာ write protect ပါဝင်ပါတယ် ... Example .... Sooon ....
ထပ်ပြီးကာကွယ်ရမဲ့အပိုင်းကတော့ သက်သေခံ Device ကို စစ်ဆေးမဲ့နေရာကို သယ်ဆောင်နေစဉ် (သို့) စစ်ဆေးရန်သိမ်းထားနေစဉ်အတွင်း (သို့) စစ်ဆေးပြီး တရားရုံးသို့ မတင်မှီကာလအတွင်းမှာ အီလက်ထေ၇ာနစ် လှိုင်းတွေ၇ဲ့ နှောက်ယှက်မှုမှ ကင်းဝေးအောင် ..... Remote လုပ်ပြီး data တွေပျက်စီးစေခြင်းမှ(wipe လုပ်ခြင်းမှ) ကာကွယ်နိုင်အောင် ပြုလုပ်ရပါမယ်။
( အချို့သောဖုန်းများတွင် ဖုန်းအခိုးခံရပါက phone data တွေကို wipe လုပ်တဲ့အပိုင်းပါဝင်နေပါတယ်) (spyware ထည့်ထားရင်လဲ wipe လုပ်နိုင်ပါတယ် ...) ဒါ့ကြောင့် EMI နဲ့ EFI ကိုခံနိင်တဲ့အထူးပြုလုပ်ထားတဲ့ အိတ်တွေ .. ဗီဒိုတွေ အခန်းတွေနဲ့ သိမ်းဆည်း၇မှာဖြစ်ပါတယ် ....
နောက်တစ်ခုကတော့ worm storage စနစ့်ဖစ်ပါတယ် ... (Write One Read many ) ကိုဆိုလိုပါတယ်။ file တစ်ခုကို save လိုက်တာနဲ့ save လိုက်တဲ့ file ကို ချက်ခြင်း write protect ဖြစ်စေပါတယ်..... ....
နောက်ထပ်ရေးမဲ့အပိုင်းကတော့ evidence သယ်ယူမဲ့အပိုင်း ဖစ်ပါတယ် ....
#Cyberforensics #Computerforensics

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

SQLite Database Forensics (Note)