Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ (၃)


Q:စစ်ဆေးသူသည် တစ်နေရာထဲတွင် စစ်ဆေးမှုအတွက်အပြည့်အစုံ (သို့မဟုတ်) တစ်ယောက်ထဲစစ်ဆေးဖို့ ဖြစ်နိုင်ပါသလား ?
A: စစ်ဆေးရမည့် သက်သေခံပစ္စည်းအနေအထား (သို့မဟုတ်) Case အခြေအနေအရ တစ်နေရာထဲ၊ တစ်ယောက်ထဲ စစ်ဆေးဖို့ မဖြစ်နိုင်ပါ။
Q: Expert Witness သည် ဘယ်လိုလူမျိုးကိုသတ်မှတ်နိုင်ပါသလဲ ?
A: သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူကိုသာဆိုလိုပါသည် (ဥပဒေအရ အမျိုးမျိုးသတ်မှတ်နိုင်ပါသည်)
Q:Forensics image နှင့် Clone ကွာခြားချက်ကဘာလဲ ?
A: Forensics Image သည် သက်ဆိုင်ရာ Storage Media အား Bit by Bit ကူးယူထားခြင်းဖြစ်ပါသည် Image မှနေပြီး Recovery ပြုလုပ်နိုင်ပါသည်။။ Clone ပြုလုပ်ခြင်းသည် simulation သဘောသာဖြစ်ပါသည်။
Q: DVR အတွင်းရှိ Hard Disk သည် Computer မှာတပ်ပြီး Edit လုပ်နိုင်ပါသလား ?
A: DVR အမျိုးအစားအပေါ်မူတည်ပြီး ကွန်ပျူတာမှာ DVR Hard Disk ကိုတပ်ပြီး Edit လုပ်လို့ရနိုင်ပါသည်။
Q: DVR အတွက်သီးသန့်အသုံးပြုရန် သီးသန့် Hard Disk ရှိနိုင်ပါသလား ?
A: DVR အတွက် သီးသန့် Hard Disk များရှိပါသည်။ သာမန် Hard Disk ထက် Write Time မှာ ပိုပြီးကောင်းမွန်ပါသည်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool