Digital Forensics Lab Guidelines Part (2)


Digital Forensics lab မစတင်မှီမှာ Research အနေနဲ့ပြုလုပ်ထားသင့်တဲ့ အကြောင်းအရာတွေရှိပါတယ်။ ယခင်နှစ်တွေအရ လက်ရှိအနေအထားအရဖမ်းဆီးသိမ်းဆည်းမိတဲ့ Electronic Device တွေကို ဘာတွေဖြစ်မလဲ
ဘာတွေက အများဆုံးလဲ ဘယ်လိုမှုခင်းတွေလဲ ဘယ်နေရာတွေကနေ အများဆုံးသိမ်းဆည်းမိလဲ ၊ စတင်သိမ်းဆည်းသူတွေက အရည်အချင်းပြည့်မှီရဲ့လား၊ ဘယ်လိုအားနည်းချက်တွေရှိလဲ အားသာချက်တွေရှိလဲ သိမ်းဆည်းမိတဲ့ Electronic Device တွေကနေ ဘယ်လောက်အတိုင်းအတာအထိ Digital Evidence, Electronic Evidence တွေရယူနိုင်ခဲ့သလဲ ၊ စစ်ဆေးတဲ့ လူတွေရဲ့ အားနည်းချက် အားသာချက်က ဘာရှိလဲ ဘာတွေထပ်လိုအပ်လဲ စတဲ့ အချက်တွေကို စနစ်တကျ Research လုပ်ရပါမယ်။ ရရှိလာတဲ့ Research တွေကနေ Digital Forensics lab မှာ လိုအပ်တာတွေကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စတင်ဆောင်ရွက်ခြင်းများကို ပြုလုပ်ရပါမယ်။ ဒါတွေကို လေ့လာအကဲဖြတ်ပြီးမှသာ lab ပမာဏကို တွက်ချက်တည်ဆောက်ရပါမယ်။
နောက်ထပ်လိုအပ်တဲ့ အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံမှာပြဌာန်းထားတဲ့ တည်ဆဲဥပဒေ နိုင်ငံတစ်ကာဥပဒေတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိခြင်းဖြစ်ပါတယ်။ သီခြားအဖွဲအနေနဲ့ဖွဲစည်းထားသင့်ပါတယ်။ အခြားနိုင်ငံတွေက Lab များနဲ့ နှိုင်းယှဉ်လေ့လာရပါမယ်။
Lab ကိုစတင်တာပဲဖြစ်ဖြစ်၊ ပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ်အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို လေ့လားထားသင့်ပါသည်။
- လွန်ခဲ့တဲ့ နှစ်တွေအလိုက် မှုခင်းတွေမှာ Electronic Evidence များကို အသုံးချပြီး အမှုဘယ်လောက်များများဖြေရှင်းနိုင်ခဲ့သလဲ
- ဘယ်လိုမှုခင်းတွေမှာ Electronic Evidence ကို အများဆုံး အသုံချနိုင်ခဲ့သလဲ
- Digital Forensics ပြုလုပ်ရာမှာ ဘယ်သူတွေက ဘယ်လို Electronic Evidence တွေကို စစ်ဆေးနိုင်ခဲ့သလဲဘယ်လိုနည်းပညာ နည်းလမ်းတွေကို အသုံးပြုနိုင်ခဲ့သလဲ
- ရလဒ်တွေက ဘယ်လိုလဲ အမှုတစ်ခုချင်းစီအလိုက် ပျှမ်းမျှ ဘယ်လောက်ကုန်ကျသလဲ
- အပေါ်က အချက်တွေအရ ဘယ်လိုအရာတွေမှာ အားနည်းနေသလဲ အားသာနေသလဲ နောက်ထပ်ဘာတွေ လိုအပ်သလဲ
- မိမိတို့ Lab က အားနည်းချက်တွေက အခြား Lab တွေမှာရော ရှိသလား
အခြား lab တွေက ပြင်ဆင်ပြီးခဲ့ရင် ပူးပေါင်းဆောင်ရွက်ရပါမည်။
နောက်ထပ်တွက်ချက်ရမှာကတော့ အဆောက်အဦးစရီတ်၊ ပြင်ဆင်စရိတ်၊ Lab အတွက် လိုအပ်တဲ့ Hardware Software licence ကုန်ကျစရိတ် အမှုထမ်းလစာ သင်တန်းအလိုက်ကုန်ကျစရတ် Hardware Software update နဲ့ maintenance နဲ့ replacement လုပ်တဲ့စရိတ်တို့ဖြစ်ပါတယ်။
Photo Source India Police Force and APCERT











Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool