Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ အပိုင်း (၆)

Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ အပိုင်း (၆)
Q: DVR အတွင်းရှိ Video များ ဘယ်လိုပျက်စီးနိုင်ပါသလဲ ?
A: ရည်ရွယ်ချက်တစ်ခုကြောင့် ပျက်စီးနိုင်ခြေ ၂ ခုရှိပါတယ်။ Storage အား Format ပြုလုပ်ခြင်းနှင့် Video Clip တစ်ခုခြင်းစီအား ဖျက်ထားခြင်းတို့ဖြစ်ပါသည်။ အခြားအကြောင်းကြောင့်ပျက်စီးခြင်းများမှာ သတ်မှတ်ထားချက်အရ Over Write ဖြစ်ခြင်း DVR Firmware ပျက်ခြင်းတို့ဖြစ်ပါတယ်။
Q: DVR ရဲ့ Structure ကိုဘယ်လိုခွဲခြားနိုင်ပါသလဲ ?
A: DVR&HardDisk ပေါင်းစပ်ပြီး ၄ ခုခွဲခြားနိုင်ပါတယ်။ System Information, Data Block Area, Index Information, Free Space
Q: Data Block Area တစ်ခုကို ဘယ်လိုသတ်မှတ်နိုင်လဲ ?
A: Data Block Area ဆိုတာ video ကို Save မည့် File System နဲ့ Hard Disk Size အပေါ်မူတည်ပြီး သတ်မှတ်ထားနိုင်ပါတယ်။
Q: Block တစ်ခုချင်းမှာ Channel ဘယ်လောက်ပါနိုင်သလဲ
A:Block တစ်ခုခြင်းကို CCTV channel တစ်ခုသာသတ်မှတ်နိုင်ပြီး Block နံပတ်နဲ့ CCTV Channel မူတူညီနိုင်ပါ။ ဥပမာ Block 1 = Channel1 Block 2 = Channel 2 Block 3 = Channel 3 Block 4 = Channel 2 ဖြစ်သွားနိုင်ပါတယ်။
Q: Index ဆိုတာဘာလဲ ?
A: အစပိုင်း record တွေက ထိပ်ဆုံး Block မှာရှိနေပြီး နောက်ဆုံး Record တွေက Block အောက်ဆုံးမှာ ရှိနေပါတယ်။ အဲဒီ Block တွေကို Index မှာမှတ်သားထားပါတယ်ပြန်လည်ကြည့်ဖို့ လွယ်ကူအောင်ပြုလုပ်ပေးပါတယ်။
Q: Overwrite လုပ်ရင်ဘယ်လိုဖြစ်နိုင်သလဲ ?
A: Overwrite လုပ်ရင် အစောတုန်းက စစခြင်း Record လုပ်တဲ့ အစပိုင်း Block တွေက အောက်ကိုရောက်ရှိသွားပြီး နောက်ထပ် Video က အပေါ်ကိုရောက်ရှိသွားပါတယ်။
Q: Format လုပ်လိုက်ရင် ဘယ်လိုဖြစ်သွားသလဲ ?
A: Format ပြုလုပ်လိုက်ရင် မှတ်သားထားတဲ့ အစ Block နဲ့ အဆုံး Block တွေကို Index ကနေဖျက်လိုက်ပါတယ်။
ဒါကြောင့် Video တွေကို View ကနေ ကြည့်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Format လုပ်လိုက်တဲ့ Hard Disk ပေါ်မှာ data တွေက အဲဒီ Hard Disk အပေါ်ကို Overwrite မလုပ်မခြင်း ရှိနေပါတယ်။
Q: Format ချပြီး Overwrite ပြုလုပ်ခဲ့ရင် အရင် Video တွေပြန်ရနိုင်ချေရှိလား ?
A: အခြေအနေအရ Frame Level အထိ Recovery ပြုလုပ်ရပါမယ်။အပြည့်အ၀ ရနိုင်ချေမရှိပါ။

Q: DVR အတွင်းမှ Video Clip များကို ပြန်လည်ရယူဖို့ အချိန်မည်မျှလိုအပ်ပါသလဲ ? 
A: DVR hard Disk အခြေအနေ၊ ပမာဏ အပေါ်မူတည်ပါသည်။ အတိအကျမပြောဆိုနိုင်ပါ။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool