Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ (၄)

Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ (၄)
Q: Mobile ဖုန်းသည် အနီးဆုံး ဆက်သွယ်ရေးတာဝါတိုင်ကို ချိတ်ဆက်တာလား ?
A: Mobile ဖုန်းသည် Signal အကောင်းဆုံး ဆက်သွယ်ရေးတာဝါတိုင်ကို ချိတ်ဆက်ပါသည်။
Q: Call Detail Record (CDR) ထဲတွင် Mobile Phone တည်နေရာပါဝင်ပါသလား ?
A: Call Detail Record (CDR) ထဲတွင် Mobile Phone တည်နေရာ မပါဝင်ပါ။ ဆက်သွယ်ရေးတာဝါတိုင်၏ တည်နေရာသာပါဝင်ပါသည်။
Q: Telecom မှ ပေးသော ဖုန်းတည်နေရာသည် တိကျပါသလား ?
A: မတိကျနိုင်ပါ။ Case ပေါ်မူတည်ပြီး CDR File အပါအဝင် Telecom မှ အခြားသော အချက်အလက် 5 ခုမှ 13 ခု အတွင်းပြန်လည်တွက်ချက်ရပါမည်။
Q: Call Detail Record (CDR) တွက်ချက်စစ်ဆေးမှုတွင် Industry Standard ရှိပါသလာ ?
A: Call Detail Record (CDR) တွက်ချက်စစ်ဆေးမှုတွင် Industry Standard ရှိပါသည်။
Q: Call Detail Record (CDR) စစ်ဆေးရာမှာ စစ်ဆေးသူက မသမာမှု ပြုလုပ်နိုင်ချေရှိသလား ?
A: မပြုလုပ်နိုင်ပါ။ Call Detail Record (CDR) စစ်ဆေးရာမှ သက်ဆိုင်ရာ Telecom တွင် မူရင်း CDR File နှင့် ပတ်သတ်သော မူရင်းအချက်အလက်များရှိပါသည်။
Q: CDR,IPDR Record ကို Telecom တွေက ဘယ်အချိန်ထိ သိမ်းထားသလဲ ?
A: နိုင်ငံ၏ ဥပဒေပေါ်သာ မူတည်ပါသည်။ အချို့နိုင်ငံများတွင် ၃လ ၆လ ၁နှစ် မှ ၃ နှစ်အထိ ထိန်းသိမ်းထားပါသည်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool