၆၆ (ဃ) နှင့် Screen Video


မြန်မာနိုင်ငံမှာလက်ရှိမှာ Cyber Crime အဖြစ်အများဆုံးအမှုကတော့ ပုဒ်မ 66 ထဲက ပုဒ်မ (ဃ) ပဲဖြစ်ပါတယ်။
(ဃ) ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံး ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။
အဖြစ်အများဆုံး Social Network ကတော့ လူတိုင်းနီးပါးသုံးနေတဲ့
Facebook ပေါ်မှာပဲဖြစ်ပါတယ်။
အမှုဖြစ်ပြီးဆိုရင် အများဆုံး သက်သေတင်သွင်းတာက Screen Shoot ပဲဖြစ်ပါတယ်။
Screen Shoot ရဲ့အားနည်းချက်က Post တစ်ခုမှာပါဝင်တဲ့ စာကြောင်းရေ များတဲ့အခါမှာ Screen Size အနေအထားအရ နှစ်ပိုင်းခွဲရိုက်ရခြင်း၊ Comment များပါက ခွဲပြီးရိုက်ရခြင်း ...
Screen Shoot အနေအထားအရ အနည်းငယ် ပုံကို Edit လုပ်ရတာတွေရှိလာပါတယ်။
အသရေဖျက်သူက Post ကိုဖျက်လိုက်နိုင်ပါတယ်။ Account ကိုလဲ De လိုက်နိုင်ပါတယ်။ အဲအချိန်ကျရင် သက်သေပြရာမှာ စကားအများကြီး မလိုအပ်ပဲပြောနေရပါမယ်။
Screen Shoot ဟာ လက်တလောမှာ အသုံးဝင်ပေမဲ့ တရားရုံးမှာ ရင်ဆိုင်ရရင် နည်းပညာအရ သက်သေပြရာမှာ ပြန်လှန်မေးခွန်းမေးမြန်းရာမှာ မလိုအပ်ပဲ စကားအများကြီးပြောနေရပါမယ်။
အကောင်ဆုံးနည်းလမ်းကတော့ Screen Video ရိုက်ခြင်းပဲဖြစ်ပါတယ်။ပထမဆုံး မိမိကို အသေရေဖျက်တဲ့ Post တွေ Comment တွေကို အရင်ဆုံး Screen Video ရိုက်ပါ။ အသရေဖျက်နေတဲ့ Post ကိုComment ကိုရေးတဲ့သူရဲ့ Account ကို တောက်လျှောက် Screen Shoot ရိုက်ပါ။သူအရင်တင်တဲ့ Post တွေ ရေးတဲ့ Post ကို Comment, Like and React ပေးသူတွေ ပြီးရင် တင်ထားတဲ့ဓာတ်ပုံတွေ Friend List တွေ၊ အခုအကောင့်ကနေ အသေရေဖျက်တဲ့ အရေးအသားကို ရေးတာ မှန်ကောင်းကြောင်း သက်သေပြနိုင်အောင်ဖြစ်ပါတယ်။ နောက်ထက်ပိုသေချာအောင် Screen Shoot ပါထက်ရိုက်ပါ။
နောက်ပိုင်း Phone တွေတော်တော်များများမှာလဲ Screen Capture ကို Video အနေနဲ့ပါရိုက်လို့ရတဲ့ Function တွေပါလာနေပါပြီး

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool