Social Network Forensics


=========

နိုင်ငံတစ်ကာမှ Secret Service တွေအတွက်အသုံးတဲ့ အချက်အလက်တွေကို Social Media မှတစ်ဆင့်ရရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့အချက်အလက်တွေ အဆိုပါလူနဲ့ ပတ်သတ်နေတဲ့ အပေါင်းအသင်းတွေရဲ့ အချက်အလက်စတာတွေဟာ Public ဖြစ်တာနဲ့အမျှ အလွယ်တကူ စုံစမ်းစစ်ဆေးနိုင်လို့ဖြစ်ပါတယ်။ အချက်အလက်တွေကနေရရှိနိုင်တာတွေကတော့ ဘယ်မှာနေတယ် ဘာအလုပ်ကိုင်လုပ်တယ် ဘယ်နေရာတွေသွားတတ်တယ် ဘာအကျင့်စရိုက်ရှိတယ်ဆွေးမျိုးသားချင်းတွေက ဘယ်သူတွေ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်သူတွေ ငယ်သူငယ်ချင်းတွေက ဘယ်သူတွေ အခင်ဆုံးသူငယ်ချင်းတွေက ဘယ်သူတွေ လက်ရှိတွဲနေတဲ့ရည်းစားကဘယ်သူ .. လက်ရှိဘယ်သူတွေနဲ့အများဆုံးတွဲနေလဲ ဘယ်သူတွေနဲ့ အများဆုံးတွဲသွားတွဲလာရှိလဲ Social Media မှာဘယ်သူတွေနဲ့ အဆက်အသွယ်အများဆုံးရှိတယ် စတဲ့အချက်အလက်တွေကို ရရှိနိုင်ပါတယ်။

Public ဖြစ်တာကြောင့် အချက်အလက်တွေကို စုံးစမ်းဖို့အတွက် လွယ်ကူပါတယ်။ တစ်ခါတစ်လေ သံသယရှိရဲ့ဓာတ်ပုံတစ်ပုံရှိရုံနဲ့(ဥပမာ CCTV ကနေရရှိသောဓာတ်ပုံ) Social Media ကနေတစ်ဆင့်တိုက်ဆိုင်စစ်ဆေးရှာဖွေနိုင်ပါတယ်။ သံသယရှိသူဟာ Social Media အသုံးပြုခဲ့မယ်ဆိုရင် ……. ။ အချို့သော Company များမှာအလုပ်လာလျှောက်စဉ်ကတည်းက လျှောက်ထားသူရဲ့ Social Media အသုံးပြုမှုကို အရင်ဆုံးစစ်ဆေးပါတယ်။

Social Network Forensics မှာပါဝင်တာတွေကတော့ (Facebook,Twitter,Linkedin) Photo Sharing (instagram, Flickr, Tiktok) Video Sharing (youtube) , Webiste , Blog Forum, Gaming

Social Network Forensics ထဲမှာဘာတွေပါဝင်သလဲဆိုရင် Post ,Photo,Video,Comment,Like and React , Reply ,Tag စတာတွေပါဝင်ပါတယ်။ တစ်ခုချင်းစီကို အသေးစိတ်စီစစ်ပြီးကောက်ချက် ချခြင်းဖြစ်ပါတယ်။

Social Media Forensics အတွက်ရေပန်းစားတဲ့ လူအသုံးအများဆုံးဖြစ်တဲ့ App တွေSite တွေကိုကျွမ်းကျင်စွာအသုံးပြုတတ်မှု စိတ်ရှည်မှုတို့ပဲဖြစ်ပါတယ်။ Social Media တွေမှာပါဝင်တဲ့ Search လုပ်တဲ့ စနစ်ကိုကျွမ်းကျင်စွာအသုံးပြုတတ်မှုလဲပါဝင်ပါတယ်။ hashtag , Reverse Image Search စတာတွေကိုလည်းကျွမ်းကျင်စွာအသုံးပြုတတ်ရမှာဖြစ်ပါတယ်။ အခြားဆက်စပ်အသုံးပြုရမဲ့ နည်းပညာ တွေကိုလဲ နားလည်ပြီး ဆက်စပ်အသုံးပြုရမှာဖြစ်ပါတယ်။Google Custom Search များကိုလည်းအလျှင်းသင့်သလို အသုံးပြုရမှာဖြစ်ပါတယ်။ Social Media မှရရှိသော Result များသည် မှုခင်းအတွက် တိုက်ရိုက်သက်သေခံချက်များဖြစ်နိုင်သလို။ သွယ်ဝိုက်သော သက်သေခံချက်များ လည်း ဖြစ်နိုင်ပါသည်။

#Socialnetwork #Digitalforensics


#Thirdeye

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool