Open Source Intelligence (OSINT) ဆိုသည်မှာ
ဥပမာ
.............ယခင်​​ရေးထားတာ​တွေ..........
အပိတ်ခံရသည်။
Operation "Hate Book"
ကနေရှာဖွေသွားပါတယ်။
amazon တို့က​နေ ​ရောင်း​နေနဲ့ စာအုပ်​ ကိုယ်​လဲမဝယ်​နို​င်​ဘူး ဝယ်​လို့လဲအဆင်​မ​ပြေ .. ​ရေးတဲ့အ​ကြောင်း သိလဲသိချင်​တယ်​... ဘယ်​လို အနည်းဆုံးသိနိုင်​မလဲ Review နဲ့ မာတိကာ က​နေ သူဘာအ​ကြောင်း​တွေ​ရေးမယ်​ ဘာ​တွေ​ရေးမယ်​ဆိုတာသိနိုင်​ပါတယ်​...အ​သေးစိတ်​မသိနိုင်​ရင်​​တောင်​ ခန့်​မှန်းလို့ရနိုင်​ပါတယ်..OSINT ကိုတစ်​ဦးတစ်​​ယောက်​ချင်​စီ​ရော အဖွဲ့အစည်း နိုင်​ငံအရ​ရော . ဥာဏ်​စွမ်းရှိသ​လောက်​လုပ်​နိုင်​ရင်​ လုပ်​နိုင်​သလို ရနိုင်​ပါတယ်​...အဖွဲ့အစည်းလိုက် ခေါင်းစဉ် Sector တွေပြောင်းလဲသွားရုံပါပဲ။
#OSINT
Open Source Intelligence (OSINT) ကိုပြည်ပနိုင်ငံတွေမှာတော့ Law Enforcement အဖွဲ့အစည်းတွေအပြင် စီးပွားရေးအရပါ ရော သုတေသနအရပါ ဆောင်ရွက်ကျပါတယ်
လူတစ်ယောက် အဖွဲ့အစည်းတွေကို စုံစမ်းတာကနေစလို့နိုင်ငံတစ်နိုင်ငံရဲ့ နေရာဌာန စီးပွားရေး လူမှုရေး အချက်အလက်တွေကို စုံစမ်းတယ် သုတေသနပြုကြပါတယ်. အချက်အလက်တွေကိုတော့ Online news တွေ Social Networkတွေကရယူပါတယ် အချို့အချက်အလက်တွေကို ငွေပေးပြီးရယူကြပါတယ်.. ဘယ်နေရာတွေမှာ အသုံးချလဲဆိုတော့စီးပွားရေးအရလုပ်တဲ့ OSint အဖွဲ့အစည်တွေက သက်ဆိုင်ရာအကြောင်းအရာကို ငွေပေးပြီး ရောင်းချပါတယ် အချက်အလက်တွေကနေ သုံးသပ်ချက်ပါလိုချင်ရင် အဖွဲ့အစည်းကနေ ဆိုင်ရာအပိုင်းလိုက် ပညာရှင်ကနေသုံးသပ်ပေးပါတယ်..ဒါကစီးပွားရေးအပိုင်း... တက္ကသိုလ်တွေ အစိုးရပိုင်းတွေကျတော့ သူ့နယ်ပယ်အလိုက် OSINT Team တွေဖွဲ့တယ် အချက်အလက်တွေကို ရယူတယ် ... ရလာတဲ့အချက်အလက်တွေကို မှနိမမှန် မှားမမှား တိုက်ဆိုင်စစ်ဆေးတယ် ... ပြီးမှ ဖြစ်နိုင်ချေကို အဖြေထုတ်တယ်.အချက်အလက်တွေဘယ်ကရလဲဆိုရင်.. OSINT ဆိုတဲ့အတိုင်း Fress Source ကနေရတယ်.. 007 Special Agentတွေလွှတ်ပြီးရယူခြင်းမဟုတ်ဘူး :-)
ဥပမာ
မြန်မာနိုင်ငံအတွက်ဆိုရင် နိုင်ငံရေး စီးပွားရေး လူမှုရေးအတွက် နိုင်ငံအခြေစိုက် မီဒီယာတွေ ပြည်ပအခြေစိုက်မီဒီယာတွေ သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနအလိုက် သတင်းထုတ်ပြန်မှုကနေရတယ်.. Social Media တွေကနေရတယ်..စလေ့လာတဲ့အချိန်မှာ စတွေ့တာပါပဲ ပြည်ပ မီဒီယာတွေက မြန်မာသတင်းထုတ်ပြန်ချက်တစ်ခုဆိုရင် မြန်မာလိုရေးတဲ့ အချက်အလက်တွေဆိုရင် ဒီအကြောင်းအရာကိုပဲ
အင်္ဂလိပ်လိုရေးတဲ့ အခါမှာ ပါဝင်တဲ့အချက်အလက်တွေကပိုပြီးပြည့်စုံတာ ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးတာခနခနတွေ့နေရပါတယ်.. ကိုယ်တွေကသာမြန်မာလို ခေါင်းစဉ်အကြောင်းအရာကိုကြည့်ပြီး Comment မှာရန်ဖြစ်နေကြတယ်
:-) ပြည်ပအခြေစိုက် မီဒီယာကနေ အင်္ဂလိပ်လိုရေးလိုက်တဲ့
အကြောင်းအရာကို တစ်ဖက်က OSINT Team က ငွေပေးစရာမလို Copy နဲ့ Past လောက်နဲ့ သတင်းကိုယူတယ်.သတင်းစာဆို Download လုပ်လို့တောင်ရတယ်ကျန်တဲ့ မီဒီယာကနေတင်တာနဲ့ တူလား မတူဘူးလားဘာတွေကွဲပြားလဲကြည့်တယ်... ပြီးရင် စာရွက်မှာ Print မထုတ်ပဲ Database ထဲ သက်ဆိုင်ရာနိုင်ငံ အကြောင်းအရာအလိုက်ဆွဲထည့်လိုက်တယ်...တစ်ခုခုလိုချင်တာနဲ့ Time lineနဲ့ကြည့်မလား အချက်အလက်နဲ့ကြည့်မလား စက္ကန့်ပိုင်းအတွင်း ထွက်လာတယ် ... သုံးသပ်လို့ရပါတယ်
စာရွက်ဆိုရင် နေ့စွဲခေါင်းစဉ် ပြန်ရှာတာနဲ့ တစ်နေကုန်သွားနိုင်ပါတယ်..အရင်ကရေးထားတဲ့ OSINT အကြောင်းကို ဆက်စပ်လို့ရအောင် ဖော်ပြလိုက်ပါတယ်..ခုအကြောင်းအရာတွေကိုဘယ်ကနေသိလဲဆို Open Source ဆိုမှတော့ free ရတဲ့နေရာတွေကနေ သိတာပါ :-)
ယခင်ရေးထားတာတွေ.
Second War ပြီးတဲ့ အချိန်ကနေစပြီး သတင်းမီဒီယာတွေ TV အစီအစဉ်တွေဟာပိုမိုများပြားလာပြီး ပြောဆိုရေးသာမှု အပိုင်းမှာ ပိုမိုပွင့်လင်းလာခဲ့ပါတယ်။ အဲဒီနောက် Internet ပေါ်လာတဲ့ အချိန်မှာတော့ သတင်းအချက်အလက်စီးဆင်းမှုဟာ ပိုမိုမြန်ဆန်ကျယ်ပြန့်လာပါတယ်။ ဘယ်နေရာမဆို အဆိုးနဲ့ အကောင်းဒွန့်တွဲနေသလိုပါပဲ။ အခုလိုတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေရှိသလို တစ်ဖက်မှာလဲဆိုးကျိုးတွေက ရှိလာပြန်ပါတယ်။ ဆိုက်ဘာရာဇဝတ်မှု၊ အကြမ်းဖက်အဖွဲ့အစည်း၊ အစိုးရကို ဝေဖန်တိုက်ခိုက်မှုတွေ စတဲ့အဖွဲ့အစည်းတွေက အင်တာနက်ကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြပါတယ်။
Juniper Research အရဆိုရင် လာမဲ့ 2019 မှာ cybercrime ကြောင့်် ကမ္ဘာနဲ့တစ်ဝှမ်းက စီးပွားရေးလုပ်ငန်းနဲ့ အစိုးရပိုင်းကနေ ကာကွယ်မှုအတွက် ကုန်ကျငွေ ၂ ဘီလီယံခန့် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒါကြောင့်အစိုးရပိုင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ငွေအကုန်ကျသက်သာပြီး တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေမဲ့ Open Source Intelligence စနစ်ကို အသုံးပြုလာကြပါတယ်။
Open Source Intelligence (OSINT) စနစ်ဆိုတာ ကမ္ဘာအနှံမှာ Publice ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ Open Source Intelligence (OSINT) ဆိုတာကို ဘယ်နေ့ ဘယ်အချိန်မှာ စတင်ခဲ့ ခေါ်ဝေါ်ခဲ့တယ်ဆိုတာမသိရပေမဲ့ အခုလိုမျိူးနည်းစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက စစ်ရေး စီးပွားရေး နိုင်ငံရေးတွေမှာ အသုံးချခဲ့ပါတယ်။ ဥပမာ အနေနဲ့ အလွယ်ကူဆုံးပြောရရင် ဈေးသတင်းလိုဟာမျိုးပေါ့။ ဈေးသတင်းထဲမှာ ကုန်ဈေးနှုန်းအတက်အကျ မိသားစုရေး နိုင်ငံရေး ကျမ်းမာရေး စီးပွားရေး သတင်းတွေကို အခမဲ့ယူနိုင်တဲ့နေရာတစ်ခုပါ။
Internet ခေတ်ရောက်လာတဲ့ အခါမှာတော့ သတင်း website တွေ၊ လူမှုကွန်ယက်တွေ၊ စီးပွားရေး ထုတ်ကုန် ကြော်ငြာတွေ ကနေရယူပါတယ်။ စီးပွားရေးပိုင်းမှာလဲ တစ်ဖက်လုပ်ငန်းက ဘာတွေလုပ်နေတယ် ဘာထုတ်ကုန်တွေထုတ်နေတယ်ဆိုတာတွေကိုလဲ OSINT နည်းစနစ်တွေနဲ ရယူနိုင်ပါတယ်။ Hacking ပိုင်းအတွက်ဆိုရင် Information Gathering အနေနဲ့ Dns lookup , Whois , Ip address Look up , Etc ….. ကနေ အစရှိသည်ဖြင့် ရယူကြပါတယ်။
Social Media ပိုင်းမှာဆိုFacebook Graph Search, Twiitter Search , Linkedin Search တွေကို အသုံးချရင် အသုံးချနိုင်သလို အကျိုးများပါတယ်။ အခုလိုရယူခြင်းအတွက် ဥပဒေနဲ့လဲ လွတ်ကင်းသလို ငွေကြေးအကုန်အကျလဲ သက်သာစေပါတယ်။ ငွေကြေးကုန်ကျမှုနည်းပါးသောကြောင့် အထင်သေးသလိုရှိနိုင်ပေမဲ့ လက်တွေ့မှာ နေရာအလိုက် လုပ်ငန်းအလိုက် စနစ်တကျလုပ်နိုင်ရင် အကျိုးများစွာရှိပါသည်။
Open Source Intelligence တွေကိုကြောက်လို့ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးနေရာတွေမှာ Selfie မဆွဲရ ဓာတ်ပုံမရိုက်ရ အပြင် Electronic Device မယူရ အဆိုတင်သွင်းတာ အောင်မြင်ခဲ့ပါတယ်။
ဆီရီးယားတုန်းက တပ်ဖွဲ့တည်နေရာတွေကို လူမှုကွန်ယက်ကနေတစ်ဖက်က ထောက်လှမ်းမိသွားလို့ပါ။
Open Source Intelligence (OSINT) ကိုအများဆုံနဲ့ အဓိကထားပြီးအသုံးနိုင်ဆုံးကတော့US နိုင်ငံပါ။ Second war ကာလ မှာရော ယနေ့အချိန်ထိ နိုင်ငံမျိုးစုံ လူမျိုးပေါင်းစုံရဲ့ ဘာသာစကားမျိုးစုံကို တတ်ကျွမ်းနားလည်သူတွေနဲ့စုဖွဲ့ကာ သတင်းအချက်အလက်တွေကို ကုန်ကျမှုနည်းပါးစွာ ရယူနေပါတယ်။ ဥပမာ နိုင်ငံအနှံ့ကသတင်းစာတွေကို ခနထား facebook, Twitter လိုနေရာမျိုးဟာ သတင်းရယူလို့ အကောင်းဆုံးနေရာမျိုးပါ တစ်ကူးတစ်ကကို သတင်းသွားတင် လှုပ်ရှားမှုတွေသွားတင်နေကြပါတယ်။ Hot ဖြစ်တဲ့သတင်းအလိုက် ရေးကြပြောကြသည်။ 2008 နောက်ပိုင်းကာလမှာ တပ်မတော်ဘက်က Facebook Twitter Account တွေ
အပိတ်ခံရသည်။
မြန်မာနိုင်ငံမှာ ဥပမာအနေနဲ့ 
Operation "Hate Book"
Reuters သတင်းဌာနကနေ Facebook က Hate Speak တွေကို မထိန်းချုပ်နိုင်ဘူး ဆိုတာ သက်သေပြခြင်တဲ့ အတွက် UC Berkeley School မှာရှိတဲ့ Human Rights Center နဲ့ ပူးပေါင်းပြီ း Social media မှာရှိတဲ့ သက်သေတွေကိုရှာတယ်။ အဓိကကတော့Facebook ထက် မြန်မာနိုင်ငံကို ဦးတည်တာပါ. Operation အမည်ကတော့ Operation Hate Book ဖြစ်ပါတယ်။
UC Berkeley School ( Human Rights Center) မှာ အဓီကပါဝင်သူတွေက Social Network ပိုင်းကျွမ်းကျင်သူတွေ Digital Forensics ကျွမ်းကျင်သူတွေ Human Rights နဲ့ Crime ကျွမ်းကျင်သူတွေပါဝင်ပါတယ်။ အများစုကတော့ Social Media တွေကို ကောင်းကောင်း သုံးနိုင်တဲံသူတွေပါ။အဲဒီ Program ကိုတော့ McMahon လို့ခေါ်ပါတယ်။ ဒီ Program အတွက်နှစ်စဉ် လူ 100 ကျော်ကို လေ့ကျင့်ပေးထားပါတယ်။
Facebook , Twitter Graph Search ကို ကောင်းကောင်းအသုံးချသွားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သတ်သမျှ သတင်းတွေကို onlineကနေရှာဖွေသွားပါတယ်။
သက်ဆိုင်ရာအပိုင်းတွေက နေရလာတဲ့သတင်းတွေ (Screen Shoot) တွေကို Team Leader ကနေ စစ်ဆေးတည်းဖြတ်ပါတယ်။ ပြီးရင် ။ Screen Shoot 1000 ကျော်နဲ့Facebook , Twitter ကို Report တင်သွားပါတယ်.ကိုယ်တွေ Report ထုတာနဲ့ ကွဲပြားပါတယ်
Foreign Broadcast Information Service (FBIS) ကဆိုရင် နိုင်ငံပေါင်းစုံက public ကနေအခမဲ့ရနိုင်တဲ့ သတင်းစာနယ်ဇင်းတွေ အင်တာနက် website တွေကနေ အချက်အလက်တွေရယူပြီး ခွဲခြမ်းစိတ်ဖြာအသုံးပြုလျက်ရှိပါတယ်။OPEN ဖြစ်နေတဲ့ သတင်းတွေ အကြောင်းအရာတွေ ကနေ သတင်းအချက်အလက်ယူတာပါ ...ဒါတွေယူဖို့ ပိုက်ဆံပေးရလား မပေးရပါဘူး ... ရလာတဲ့ အချက်အလက်တွေကိုခွဲခြမ်းစိတ်ဖြာ အသုံချတတ်ဖို့ပဲလိုတာပါ ...ဘယ်နေရာမှာ အသုံးဝင်လဲဆိုရင် ကိုယ့် Crush အကြောင်းစုံစမ်းတဲ့နေရာကနေ . လူမှုရေး ..စီးပွားရေး နိုင်ငံရေးစစ်ရေး အကြမ်းဖက်နှမ်နှင်းရေး အထိအရေးပါပါတယ်amazon တို့ကနေ ရောင်းနေနဲ့ စာအုပ် ကိုယ်လဲမဝယ်နိုင်ဘူး ဝယ်လို့လဲအဆင်မပြေ .. ရေးတဲ့အကြောင်း သိလဲသိချင်တယ်... ဘယ်လို အနည်းဆုံးသိနိုင်မလဲ Review နဲ့ မာတိကာ ကနေ သူဘာအကြောင်းတွေရေးမယ် ဘာတွေရေးမယ်ဆိုတာသိနိုင်ပါတယ်...အသေးစိတ်မသိနိုင်ရင်တောင် ခန့်မှန်းလို့ရနိုင်ပါတယ်..OSINT ကိုတစ်ဦးတစ်ယောက်ချင်စီရော အဖွဲ့အစည်း နိုင်ငံအရရော . ဉာဏ်စွမ်းရှိသလောက်လုပ်နိုင်ရင် လုပ်နိုင်သလို ရနိုင်ပါတယ်...အဖွဲ့အစည်းလိုက် ခေါင်းစဉ် Sector တွေပြောင်းလဲသွားရုံပါပဲ။
(တစ်ခုသတိထားရမှာက OSINT ကို Counter လုပ်နိုင်ဖို့သတင်းအမှားတွေ အတုအယောင်တွေလဲ ထုတ်ပြန်တတ်ပါသည်)
#OSINT
Comments
Popular posts from this blog
B-Trees (NTFS)
NTFS Index Attributes
Volatility Workbench (GUI) for the Volatility tool