Digital Forensics Part (48) SCADA(Supervisory Control and Data Acquisition)


Forensics Process
ဘယ်လို Attack မျိုးလဲ
====================================
Unicode Version
===================================
အီရန် ညူကလီယား Station ကို တိုက်ခိုက်တဲ့ Stuxnet အကြောင်းကိုတော်တော်များများ သိကြမှာပါ။ Stuxnet က computer ကိုအဓီကထားပြီးတိုက်ခိုက်တာမဟုတ်ပဲ Stuxnet က Computer ထဲကိုရောက်တာနဲ့ Computer မှ PLC စနစ်နဲ့ချိတ်ဆက်ထားခြင်းရှိ ၊ မရှိ ကြည့်ပါတယ်။ PLC က Siemens (PLC) စနစ်ဆိုတာနဲ့ Stuxnet ကစတင်အလုပ်လုပ်ပါတယ်။ Control စနစ်ကို ထိန်းချုပ်တဲ့ Computer ကနေ Control စနစ်ကို အဓိကထားပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ အခြားသော Threat တွေလို Threat သက်ရောက်တဲ့ အခါပြသတဲ့ ဖြစ်စဉ်တွေပြသမှာ မဟုတ်ပါဘူး။ Forensics လုပ်ငန်းစဉ်တွေမှာ လုပ်နေတဲ့လုပ်ငန်းစဉ်တွေဟာ (Supervisory Control and Data Acquisition) မှာအသုံးချနိုင်ပေမဲ့။ PLC လုပ်ငန်းတွေ ချိတ်ဆက်မှုတွေကို နားလည်နိုင်မှာ မဟုတ်ပါဘူး။PLC စနစ်ကို ကျွမ်းကျင်သူတွေလိုအပ်ပါတယ်။
များသော အားဖြင့် Control system က အင်တာနက်နဲ့ချိတ်ဆက်ထားခြင်းမရှိပါဘူး။ Social Engineering နည်းကို အသုံးပြုပြီး ဝင်ရောက်တာများပါသည်။ Routeable မလုပ်နိုင်တဲ့ Connection ပေါ်ကနေသွားမယ်ဆိုရင် Forensics လုပ်ဖို့ သီးသန့် Device တွေလိုအပ်ပါတယ်။ Security အရ workstation တွေက အင်တာနက်နဲ့ချိတ်ဆက်ထားတာ နည်းပါးပါတယ်။ Connection ကလဲ Routeable မလုပ်နိုင်တဲ့ Connection နဲ့ပဲသွားပါတယ်။
Monitoring လုပ်ဖို့လဲ ခက်ခဲပါတယ်။
Workstation ဆိုရင်တော့ သုံးထားတဲ့ Window Version အလိုက် Forensics လုပ်နိုင်ပါတယ်။ Live system အခြေအနေမှာ ထိခိုက်မှုအနည်းဆုံးနဲ့ imaging ဒါမှမဟုတ် Event log , Reg Log, Running Process, Memory , opening port တွေကိုယူရပါမယ်။ Volatile အနေအထားအရ SCADA ရဲ့ system status information, LED signal တွေကို နားလည်သူနဲ့ပေါင်းစပ်ပြီး record ယူပါမယ်။ video record ယူတာကအကောင်းဆုံးပါ။ ဓာတ်ပုံဆိုရင် Shutter speed ကြောင့် LED signal တွေအပြောင်းအလဲကို မရယူနိုင်လို့ပါ။ PLC diagram ဆွဲထားတာရှိရင် Future forensics လုပ်ငန်းအတွက် ကူးယူပါ။SCADA Forensics အပိုင်းတွင် Workstation နှင့် ချိတ်ဆက်မှု အချို့ကလွဲရင် တတ်ကျွမ်းနားလည်သူနှင့် ပူးပေါင်းလုပ်ဆောင်ရပါမည်။ဖြစ်ပေါ်နေချိန်တွင် Restore Plan လုပ်မလား Forensics Plan လုပ်မလားဆိုတာကတော့ ဖြစ်နေတဲ့အနေအထားအထားပေါ်တွင် များစွာမူတည်ပါသည်။ Restore Plan လုပ်မည်ဆိုလျှင် Forensics အတွက် အခက်အခဲရှိနိုင်ပါသည်။ Forensics လုပ်မည့်အချိန်ကို လက်ရှိအနေအထားက ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ နှင့် ဘယ်လိုထိခိုက်နစ်နာမှုတွေရှိနိုင်လဲဆိုတာ တွက်ချက်ရပါမည်။
Forensics Process
ဘယ် Device ကို Attack လုပ်တာလဲ
Program bug လား Equipment Fill ဖြစ်တာလား
ဘယ်လို Attack မျိုးလဲ
ဘယ်လိုဖြစ်ပေါ်လာတာလဲ
လက်ရှိစနစ်ထဲမှာရော ရှိနေတုန်းလား
ဘယ်လိုကာကွယ်နိုင်မလဲ


Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool