Deleted Media Files in Android Phone

 Deleted Media Files in Android Phone 

Android Phone ထဲကနေ Media File တွေဖျက်လိုက်ရင် ပထမဆုံးဘယ်နေရာကို ရောက်သွားလဲ 

    Android Version 9 ကနေစပြီးတော့ ဖျက်ပြီးသား Photo & Video File တွေကို မတော်တဆ ဖျက်မိရင်ပြန်ယူဖို့ Trash (Computer ဆိုရင် Recycle Bin ) ပါလာပါတယ်။ Android Trash မှာတော့ ရက် 30 အတွင်းဖျက်ထားတဲ့ Media File တွေကို Trash ထဲမှာပြန်ရှာပြီး Restore လုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ Media Files တွေကို Trash ထဲမှာပဲ  Permanently အပြီးဖျက်မလား။ Restore လုပ်မလားပြန်ရွေးနိုင်ပါတယ်။  Media File ကို Android Phone ကနေဖျက်လိုက်ရင် Media File ရဲ့ Location & File Name ကပြောင်းသွားပါတယ်။ ဘယ်နေရာရောက်သွားလဲဆိုရင်ဖျက်လိုက်တဲ့ Media File က ‌Phone ရဲ့ အောက်မှာပြထားတဲ့ Location နေရာကိုရောက်သွားပါတယ်။ 

(Trash Location က Android Phone Model အပေါ်မူတည်ပြီးနေရာပြောင်းနိုင်ပါတယ်။)

data\media\0\Android\data\com.sec.android.gallery3d\files\.Trash

ဖျက်လိုက်တဲ့ File ရဲ့ File Name & Metadata Information တွေက အောက်မှာပြထားတဲ့ Database မှာသွားပြီးသိမ်းထားပါတယ်။ Database က SQLite Database ဖြစ်ပါတယ်။ (Trash Database က Android Phone Model အပေါ်မူတည်ပြီးနေရာပြောင်းနိုင်ပါတယ်။)

data\data\com.sec.android.gallery3d\databases\local.db

Database ကိုဖြည်ကြည့်ရင် (ဖျက်ထားတဲ့ Media File ရဲ့ Metadata ကြည့်ဖို့အတွက်ဖြစ်ပါတယ်။)

_absPath – The current path of the deleted file.

_Title – The current title of the deleted file.

_width, _height, _orientation.

_originPath – The original path that the file was deleted from.

_originTitle – The original title of the deleted file.

_deleteTime – The date/time that the file was deleted.

_restoreExtra – Additional data about the file in a JSON format. This includes _date taken and _relativePath.

_expiredPeriod – The retention time related to the file once it is sent to the trash.

ဒါဆိုရင် Trash Location လဲသိစရာမလို / Database / Time Decode တွေလဲလုပ်စရာမလိုဘူး။ Phone File Explore ကနေ Trash ကိုဖွင့်ကြည့်ရင်ရတာပဲလို့ ပြောစရာရှိနိုင်ပါတယ်။ 

But 

Trash ထဲကို ဘာကြောင့် ဘယ်လိုရောက်တယ် Media File Metadata Information တွေဘယ်လို

သိမ်းထားတယ် Scientific Method အရ နားလည်နိုင်ဖို့နဲ့ Approve လုပ်နိုင်ဖို့ဖြစ်ပါတယ်။ Mobile Forensics Software တွေမှာတော့ Just One Click နဲ့ Trash ထဲက Media File $ Metadata တွေကိုပြနိုင်ပါတယ်။ 





Comments

Popular posts from this blog

NTFS Index Attributes

Mobile Forensics (Note-1)

B-Trees (NTFS)