Israeli Unit 8200 (Intelligent and Cyber Attack Defence Unit)

အင်္ဂလိပ်လက်အောက်ရောက်နေချိန် 1935–39 အတွင်းပေါ်ပေါက်လာ ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း Electronic Warfare Unit အဖြစ်ဖွဲ့စည်းခဲ့ပြီး Unit 515 ဟုအမည်ပေးခဲ့ပါသည်။ ၁၉၆၈ နောက်ပိုင်းတွင် Unit 848 ဖြစ်လာခဲ့ပါသည်။
1950 ပတ်ဝန်ကျင်တွင် Unit သည်ငွေကြေးနည်ပါးစွာသုံးစွဲခဲ့ရပါသည်။ Electronic Warfare အတွက်အဆိုပါ Unit ရရှိသောငွေကြေးမှာ 1950 တွင် သုံးစွဲရန် US ဒေါ်လာ 15,000 သာရရှိခဲ့ပြီး Electronic Warfare အတွက် လိုအပ်သောပစ္စည်းဝယ်ယူရန် US ဒေါ်လာ 110,000 သာရရှိခဲ့ပါသည်။ အခုခေတ်ငွေကြေးတန်ဖိုးနဲ့ဆို US ဒေါ်လာ ၁ မီလီယံနည်းပါးပါ။ (ဒါတောင်နည်းသေးတယ်တဲ့)။ ရန်ပုံငွေနည်းတဲ့အတွက် အချို့သောလိုအပ်တဲ့အလုပ်တွေအတွက် အစ္စရေးတွေဟာ ကိုယ်ပိုင် Hardware တွေ Software တွေကိုအဲဒီကတည်းက ပြုလုပ်လာ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာရပ် အစ္စရေး စစ်ပွဲမှာ ရလဒ်ကောင်းတွေရရှိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Unit 8200 အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။
Unit 8200 အခုလုပ်ကိုင်နေတဲ့အလုပ်တွေကတော့ Open Source Intelligent ကိုအသုံးပြုပြီး ကမ္ဘာအရပ်ရပ်က လူမှုရေး၊စီးပွားရေး၊စစ်ရေး၊Cyber Security သတင်းတွေကို လူနဲ့သော်လည်းကောင်း၊Intelligent Software တွေအသုံးပြုပြီးတော့သော်လည်းကောင်း စုဆောင်းပါတယ်။ လိုအပ်လာရင် Cyber တိုက်ခိုက်မှု ကာကွယ်မှု တွေကိုဆောင်ရွက်ပါတယ်။ ဆက်သွယ်ရေးစနစ်တွေကိုကြားဖြတ်ဖမ်းတာ၊ satellite စနစ်တွေကိုစောင့်ကြည့်တာတွေလဲပြုလုပ်ပါတယ်။
ပြုလုပ်ခဲ့တဲ့ Operation တွေကတော့ Stuxnet Virus၊ Operation Orchard၊ The Ogero Incident၊ ISIS terrorist plot thwarted ဖြစ်ပါတယ်။ Unit 8200 မှပူပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေကတော့ အင်္ဂလန်၊အမေရိကန်၊ကနေဒါ မှ Intelligent အဖွဲ့အစည်းတွေ၊ Cyber Security အဖွဲ့အစည်းတွေနဲ့ဖြစ်ပါတယ်။ Palo Alto Networks, Checkpoint တို့နဲ့လဲဆက်သွယ်လုပ်ကိုင်ပါတယ်။ Palo Alto Networks, Checkpoint , etc အစရှိတဲ့ Company တွေနဲ့ပူးပေါင်းဆောင်ရွက်တာကတော့ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊သတင်းရရှိနိုင်ရန်၊ သုတေသနပြုလုပ်နိုင်ရန် နဲ့ ငွေကြေးရရှိနိုင်ရန်ဖြစ်ပါတယ်။ Unit 8200 မှ Open Source Intelligent ကိုအဓိကထားလုပ်ကိုင်သလို Cyber တိုက်ခိုက်မှု ကာကွယ်မှု နဲ့ သုတေသနပိုင်း တွေပြုလုပ်နိုင်ရန် အဖွဲ့ပေါင်းများစွာ ဌာနပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။ အမြဲတမ်းဝန်ထမ်း ၅၀၀၀ ကျော်ရှိပြီး အချိန်ပိုင်းဝန်ထမ်း ၅၀၀၀ ကျော်ရှိပါတယ်။

အာရပ် အစ္စရေး စစ်ပွဲပြီးတဲ့နောက်မှာ ကာကွယ်ရေးဘက်မှခေါင်းဆောင်များနှင့်အစိုးရပိုင်းခေါင်းဆောင်များသည် တိုးတက်လာမည့်နည်းပညာရပ်များကိုအာရုံစိုက်နိုင်စေရန်အတွက်သာမက ထောက်လှမ်းရေးအဖွဲ့များ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန် Unit 848 ကို Unit 8200 အဖြစ်အမည်ပြောင်းလဲပြီး နည်းပညာနဲ့လူအင်အားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ မိမိအိမ်နီးချင်းနိုင်ငံများမှ အန္တာရယ်ပေးနိုင်တာကြောင့်လဲဖြစ်ပါတယ်။ အမေရိကန်မှလဲ သုတေသနပြုလုပ်ရန်အတွက်နည်းပညာများ နောက်ဆုံးပေါ် Lab များကိုပံ့ပိုးကူညီခဲ့ပါတယ်။ Unit 8200 ရဲ့ဆောင်ပုဒ်ကတော့ မိမိတို့ရဲ့အသက်တွေကိုကာကွယ်ရန်၊အကြမ်းဖက်မှုများကိုကာကွယ်ရန်၊တိုက်ခိုက်ရန် ဖြစ်ပါတယ်။ Electronic Warfare ၊ စကားဝှက်ဖော်ခြင်း၊ Cyber Security အတွက် နည်းပညာများကို ထောက်လှမ်းရုံတင်သာမက ကိုယ်တိုင်တီထွင်ဖန်တီးခဲ့ကြပါတယ်။
ပြည်တွင်းရှိထောက်လှမ်းရေးအဖွဲ့အစည်းများအတွက် သတင်းအချက်အလက်သာမက လိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့များအသုံးပြုသော Intelligence ပစ္စည်းများရဲ့ ၉၀ ရာခိုင်နှုန်းက Unit 8200 မှ ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။ Artificial Intelligence၊ Data Mining၊ Big Data နည်းပညာများကို အသုံးချပြီး ထောက်လှမ်းရေးသတင်းရယူခြင်း၊ Cyber Attack နှင့် Defence ပြုလုပ်ခြင်းတို့ကိုပြုလုပ်လျှက်ရှိပါသည်။ အစ္စရေးနိုင်ငံ၏ Cyber Space ကိုကာကွယ်ရန် တရားဝင်နည်းလမ်းနှင့်ဖြစ်စေ တရားမဝင်သောနည်းလမ်းနှင့်ဖြစ်စေ Cyber Security Solution ပေးသော Company များနှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ Flame Malware, Duqu malware, cyber-espionage toolkit, miniFlame Malware, တို့ကိုပြုလုပ်နိုင်ခဲ့ပါသည်။ (အခုဘာတွေလုပ်နေလဲဆိုတာတော့မသိ)။
စနိုဒင် ကိစ္စမှာလဲ US NSA နဲ့ပူးပေါင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။ Unit 8200 သည် အစ္စရေးစစ်ဘက်ထောက်လှမ်းရေးလက်အောက်တွင်ရှိပြီး Unit ခေါင်းဆောင်အား 4 နှစ်လျှင်တစ်ကြိမ်ပြောင်းလဲပါတယ်။ Unit 8200 တွင် သက်ဆိုင်ရာအပိုင်းလိုက် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်းဖွဲ့စည်းထားရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့လုပ်ဆောင်ရသည့် အလုပ်များအား ကျန်သည့်အဖွဲ့အား အသိပေးခြင်းမရှိပါ။ တပ်မတော်ပုံစံဖြစ်လို့ အဖွဲ့ငယ်များတွင်အဆင့်တူရာအလိုက်ဖွဲ့စည်းထားသော်လည်း လုပ်ငန်း အတွေ့အကြုံအရ အခြားသော အဆင့်များ၊အရပ်သားများလည်းပါဝင်ပါတယ်။
Open-Source Intelligence (OSINT) အဖွဲ့ဆိုရင် ထောက်လှမ်းရေးသတင်းများအတွက် ကမ္ဘာအရပ်ရပ်ကသတင်းများကို စောင့်ကြည့်ခြင်း၊ လူမှုကွန်ရက်များကိုစောင့်ကြည့်ခြင်း၊ မတူညီသော ဘာသာရပ်များမှနေပြီး ချက်ခြင်းဘာသာပြန်ဆိုပြီး သတင်းရယူခြင်းပြုလုပ်ပါတယ်။ဆိုင်ရာအပိုင်းအလိုက်ရရှိသောသတင်းများကို ဘာသာပြန်ပြီးနောက် သတင်းအားတည်းဖြတ်ခြင်း၊ ဆိုင်ရာခေါင်းစဉ်အလိုက် ဆုံးဖြတ်ချက်ချရမည့် စစ်ဘက် သို့မဟုတ် အရပ်ဘက်ခေါင်းဆောင်ထံသို့ သတင်းပေးခြင်းများပြုလုပ်ပါတယ်။
Unit 8200 မှ Unit 81 ကတော့ စစ်ပွဲမှာ အသုံးချနိုင်မဲ့ စစ်လက်နက်များ ဆက်စပ်ပစ္စည်းများကို သီးသန့်သုတေသနပြုလုပ်ပြီး စစ်မြေပြင်အတွက် လက်နက်ပစ္စည်းများကို ထုတ်လုပ်ပါတယ်။
Gedasim Unit ကတော့ မြေပြင်သတင်းစုဆောင်းခြင်းများကို အဓီကပြုလုပ်ပြီး Open-Source Intelligence (OSINT) နဲ့ပူးတွဲအသုံးချခြင်း စစ်မြေပြင်သတင်းစုံစမ်းခြင်းတို့ကို ပြုလုပ်ပါတယ်။ အမည်မဖော်ပြနိုင်သော အခြားသော Units များလည်းရှိပါတယ်။ Advanced Technologies Park (ATP) တွင် နာမည်ကြီးနည်းပညာ Company များပါဝင်ပြီး Cyber Security အတွက်အဖွဲ့များ၊ Cyber Security Research Lab များရှိပါသည်။ 2020 နောက်ပိုင်းမှာ အစ္စရေးကာကွယ်ရေးဌာနရဲ့ နေရာတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။

Unit 8200 မှာ အရင်က Top Secret အနေနဲ့လုပ်ကိုင်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကနေစပြီး Unit 8200 မှာ လက်ရှိအလုပ်လုပ်နေသူတွေ၊ ဝန်ထမ်းဟောင်းတွေက Unit 8200 ရဲ့အောင်မြင်မှုတွေကြောင့် သူတို့ရဲ့ Social Network တွေမှာ Unit 8200 မှာ အလုပ်လုပ်ဖူးကြောင်းကို ဂုဏ်ယူစွာ ဖော်ပြလာကြပါတယ်။ Linkedin မှာအများဆုံးတွေ့နိုင်ပါတယ်။ အခုလို အချို့သော အရာများကို ဖွင့်ပေးလိုက်တာက လူသားရင်းအမြစ်အတွက် ကမ္ဘာအနှံ့က ပညာရှင်များကို Unit 8200 မှာ အလုပ်လုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းလဲဖြစ်ပါတယ်။ စီးပွားရေးအရလဲဖြစ်ပါတယ်။ အခုလိုဖိတ်ခေါ်ရုံတင်မကပဲ နိုင်ငံအတွင်းမှာလဲ Unit 8200 မှာအလုပ်လုပ်ကိုင်ရန် နိုင်ငံမှ အခြာသောနေရာများတွင် အလုပ်လုပ်ကိုင်ရန် လူသားအရင်းအမြစ်ကို မွေးမြူပါတယ်။
Gvahim program
ပညာရေးဝန်ကြီးဌာနကနေ programming နဲ့ robotics ပညာရပ်များကို ကလေးများငယ်စဉ်ကတည်းကသင်ယူနိုင်ရန် ဆောင်ရွက်ခဲ့ပါတယ်။ ထောက်ပံ့ပေးမှုများလဲပြုလုပ်ခဲ့ပါတယ်။
Magshimim program
အထက်တန်းပြီးနောက် ပါရမီပါသောဝါသနာပါသော ကျောင်းသားကျောင်းသူများကို programming၊ Hacking ဘာသာရပ်များကိုသင်ကြားပေးပါသည်။ နိုင်ငံတော်အစီစဉ်၊အခြားသောအဖွဲ့အစည်းများမှနေပြီးငွေကြေးထောက်ပံ့ပေးပါတယ်။ ကျောင်းသားကျောင်းသူများအသက်အရွယ်မှာ ၁၅ နှစ်မှ ၁၈နှစ်အတွင်းဖြစ်ပါ တယ်။ အနည်းဆုံး ၃ နှစ် သင်ကြားရတာဖြစ်ပါတယ်။
သင်ကြားပုံ
တက္ကသိုလ်မှအတန်းပြီးချိန် တစ်ပတ်ကို ၂ ကြိမ် သင်တန်းတက်ရောက်ရပါတယ်။ သင်တန်းချိန်မှာ ၃ နာရီဖြစ်ပါတယ်။ တစ်ပတ်မှာ ၁၀ နာရီစာ Cyber Attack , Defence နဲ့ပတ်သတ်တဲ့ အိမ်စာပေးပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်း Workshop ပြုလုပ်ပါတယ်။ နှစ်စဉ် ကျောင်းသာ ၂၀၀၀ ခန့်ရှိပါတယ်။ အားလုံးဟာ cyber ethics တွေကိုပါသင်ကြားရပါတယ်။ သင်ကြားနေစဉ် အဖျက်လုပ်ငန်းဖက်ကို ဦးတည်သူ စိတ်ဓတ်မကောင်းသူများကို သင်တန်းမှာရပ်စဲပြီး နိုင်ငံအတွင်းမည်သည့်အလုပ်မှလျှောက်မရပါ။ Unit 8200 မှာ အလုပ်လုပ်ရန်အတွက် အသက် ၁၇ နှစ်မှစပြီး လျှောက်ထားနိုင်ပါတယ်။
ပထမအဆင့်စစ်ဆေးခြင်း
စိတ်နေစိတ်ထားစစ်ဆေးခြင်း၊ Unit 8200 မှတာဝန်ရှိသူများက အင်တာဗျူးလုပ်ခြင်း
ယောက်ကျားလေးအောင်မှတ် 50 မိန်းကလေး 60 (ဘာသာရေးခွဲခြားမှု အနည်းငယ်ရှိပါတယ်)
ဒုတိယအဆင့်စစ်ဆေးခြင်း
ကိုယ်ကာယကြံခိုင်မှုစစ်ဆေးခြင်းမှာ မိန်းကလေးများအတွက် အောင်မှတ်သတ်မှတ်မထားပါ။
တတိယအဆင့်စစ်ဆေးခြင်း
ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် အလိုက်စစ်ဆေးခြင်းဖြစ်ပါတယ်။
ရွေးချယ်ခံရပြီးနောက် သီးသန့်စစ်ဘက်လေ့ကျင့်ရေးကျောင်းများကို စေလွှတ်ပါတယ်။ စစ်ဘက်လေ့ကျင့်ရေးများပြုလုပ်ရခြင်းမဟုတ်ပါ။တစ်နေ့ကို ၁၂ နာရီမှ၁၈နာရီအထိစိတ်ပညာ၊ပြသာနာများကိုဖြေရှင်းခြင်း၊အဖွဲ့အစည်းနဲ့အလုပ်လုပ်ကိုင်တတ်စေရန်သင်ယူခြင်း၊သက်ဆိုင်ရာဘာသာရပ်အလိုက်သင်ကြားခြင်း၊ ထောက်လှမ်းရေးဘာသာရပ်၊လိုအပ်သောဘာသာရပ်များကို ထပ်မံသင်ကြားခြင်း တို့ကို ကွန်ပျူတာရှေ့မှာပဲ သင်ယူရပါတယ်။ လေ့ကျင့်ခန်းမျိုးစုံကိုလဲပြုလုပ်ရပါတယ်။ သင်တန်းပြီးဆုံးတာနဲ့ သင်တန်းဆင်း စစ်သား စစ်သမီးများကို Unit 8200 မှာရှိတဲ့ သက်ဆိုင်ရာ Unit အလိုက်နေရာချထားပေးပါတယ်။ Unit 8200 ယောက်ကျားလေးဆိုရင် ၃ နှစ်၊ မိန်းကလေးဆိုရင် ၂ နှစ် အမှုထမ်းရပါသည်။ စိတ်ပါလို့ဆက်လုပ်မယ်ဆိုရင်လဲ လုပ်ခွင့်ပေးပါသည်။ အလုပ်ချိန်ကတော့ တစ်နေ့ ၁၈ နာရီနဲ့ တစ်ပတ်လုံး အလုပ်လုပ်ရမှာဖြစ်ပါတယ်။

Unit 8200 မှာသတ်မှတ်ထားတဲ့ စစ်မှုထမ်းသက်အလိုက်အမှုထမ်းပြီးရင် စစ်မှုထမ်းအဖြစ်ကနေ နှုတ်ထွက်လို့ရပါတယ်။ စိတ်ဝင်စားလို့ Unit 8200 မှာ ဆက်လက်ပြီးအမှုထမ်းမယ်ဆိုရင်လဲခွင့်ပြုပါတယ်။ လူသစ်လူဟောင်းကို အမြဲတမ်းလှည့်ပြီးတာဝန်ပေးတာကတော့ နုပျိုမှုတွေ အတွေးအခေါ်အသစ်တွေ လုပ်ကိုင်နိုင်စွမ်းတွေကို တစ်ခါတည်းရရှိစေရန်အတွက်ဖြစ်ပါတယ်။ Unit 8200 ကနေ နှုတ်ထွက်ပြီးရင် သက်ဆိုင်ရာကျွမ်းကျင်မှုအလိုက် အပြင်မှာ အလုပ်လုပ်သူတွေရှိသလို ကျောင်းပြန်တက်တဲ့သူတွေလဲရှိပါတယ်။ Unit 8200 မှာ ထူးချွန်စွာလုပ်ကိုင်တဲ့သူများထဲမှ ကျောင်းပြန်တက်တဲ့အခါမှာ Unit 8200 ခေါင်းဆောင်ရဲ့ထောက်ခံမှုပါရင် သာမန်ကျောင်းသားတွေထက် ကျောင်းပြီးတာမြန်ပါတယ်။ အတန်းကျော်တက်လို့ရတဲ့သဘောပါ။ Unit 8200 ကနေ ပြစ်မှုမရှိပဲ နှုတ်ထွက်ခွင့်ရတဲ့သူတွေက အသက် ၄၀ မတိုင်ခင်အထိ တစ်နှစ်ကို ၃ ပတ်ခန့် Unit ကိုပြန်လာရပါတယ်။ Unit မှာတာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေကို သူတို့ အပြင်ကနေ ရရှိတဲ့ ဗဟုသုတတွေကို လက်ဆင့်ကမ်းပေးဖို့အတွက်ပါ။ Unit 8200 အဖွဲ့ဝင်ဟောင်းတွေ သီးသန့်ဖွဲ့စည်းထားတဲ့အဖွဲ့လည်းရှိပါတယ ်။ အဖွဲ့အချင်းချင်း စီးပွားရေး နည်းပညာ အလုပ်အကိုင် ကူညီပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ Unit အတွက် အလုပ်လုပ်ပေးနိုင်တဲ့သူတွေကိုလဲ အဖွဲ့ဝင်ဟောင်းတွေက ထောက်ခံပေးပါတယ်။ နေရာအနှံ့မှာရောက်နေတဲ့ Unit မှ အဖွဲ့ဝင်တွေက Unit အတွက် လူရှာတာတွေကို ပြုလုပ်ပါတယ်။ ပြည်တွင်းမှာလဲ Unit အတွက် သင့်တော်သူကို အလုပ်ခန့်ရန်အတွက် စောင့်ကြည့်တဲ့ အစီစဉ်လဲရှိပါတယ်။ ကမ္ဘာနေရာ အနှံ့အပြားမှ နည်းပညာ Company တွေနဲ့ ပူးပေါင်းလုပ်ကိုင်တာတွေ နောက်ကွယ်ကနေ အထောက်အပံ့ပေးတာတွေကို လဲ Unit 8200 ကနေ ဆောင်ရွက်ပေးပါတယ်။ Unit မှ အလုပ်လုပ်ကိုင်ပုံကတော့ ပထမနေ့မှာ လူအားလုံးရဲ့ အကြံကိုရယူပါတယ်။ ပြီးမှသင့်တော်မည့် အကြံကိုရယူပြီး ဆက်လက်လုပ်ကိုင်ပါတယ်။ Unit အတွင်းမှ စစ်သားတွေက မိမိသက်ဆိုင်ရာအပိုင်းအလိုက် Unit ကိုအကြံပေးနိုင်ပါတယ်။ အဲဒီအစီအစဉ်ကို Abracadabra လို့ခေါ်ပါတယ်။ အလုပ်တစ်ခုမှာဆိုရင် Unit မှ စစ်သား ၃၀ ကနေ ပေးတဲ့အကြံ ၈၀ ထဲမှာ ၁၀ ခုကိုပထမအဆင့်ရွေးပါတယ်။ နောက်ဆုံးအကောင်အထည်ဖော်တဲ့အခါ ၁၀ ခုထဲမှ ၅ ခုကိုသာရွေးချယ်ပြီးလုပ်ကိုင်ခဲ့ပါတယ်။Unit 8200 ဟာ Israel Defense Forces ထဲကမှ နည်းပညာနှင့်ဆိုင်တဲ့ထောက်လှမ်းရေးအပိုင်းကိုဆောင်ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျန်တဲ့ဆိုင်ရာအပိုင်းအလိုက် Unit တွေရှိပါသည်။Unit 8200 သည် နည်းပညာထောက်လှမ်းရေးကိုဆောင်ရွက်ရုံသာမက Cyber Intelligent ,Attack, Defence Product တွေကိုရောင်းချမှုမှာလဲ ပါဝင်ပတ်သတ်နေပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်တွေကတော့ Data Mining, Artificial Intelligence, Offensive / Defence Cyber Operations, Decryption, Open Source Intelligent,



Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool