Cell Site Analysis

National Domestic Communications Assistance Center ဆိုတာ FBI အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဘာလုပ်တာလဲဆိုရင် Telecommunication နဲ့ပတ်သတ်သမျှ စုံစမ်းထောက်လှမ်းမှုတွေအားလုံးလုပ်ကိုင်ပါတယ်။ Software Hardware နည်းပညာတွေကို ကျန်တဲ့ Law Enforcement အပိုင်းတွေကို အခမဲ့သင်ပေးပြီးထောက်ပံ့ပေးပါတယ်။ US မှာရှိတဲ့ Telecom တွေက နေရာတစ်ခုမှာ Cell Tower အသစ်တိုးတာပဲဖြစ်ဖြစ်။ Cell Tower မှာ Sector ဒီဂရီပြောင်းလဲတာအစစောင့်ကြည့်ပြီး (ပြောင်းလဲရင်လဲသူတို့ကိုပြောရတယ်။) သူတို့ရဲ့Cell Tower Location Map မှာပြင်ဆင်ပြီး Update လုပ်တယ်။ Time and money Save ဖြစ်တာက Law Enforcement ကသူဆိုရင် သူတို့ Map ကိုဝင်ကြည့်ပြီး Map ကို Download ယူလို့ရတယ်။ CDR Analysis မှာထည့်ပြီးအသုံးပြုလို့ရပါတတ်။
US မှ Law Enforcement တွေက Mobile Phone နဲ့ပတ်သတ်ရင် latitude:longitude တစ်ခုတည်းကိုပဲ တောင်းဆိုခြင်းမလုပ်ပါ။ Mobile Phone ရဲ့အချက်အလက်အားလုံးကို Telecom ကနေသိမ်းထားတဲ့ Database ထဲကနေတောင်းယူပါတယ်။ (Telecom တွေကလဲ ဘာကိုဘယ်လောက်ကြာကြာသိမ်းထားရမယ်ဆိုတာ စာချုပ်မှာလက်မှတ်ထိုးထားရပါတယ်။) ရရှိတဲ့ File ကို Law Enforcement ကနေ Analysis ကိုယ့်ဟာကိုပြုလုပ်ပါတယ်။အဓိကက File ကိုသာပေးပါ တစ်ခုခြင်းသိချင်တာကို ပြန်လည်မေးမြန်းတာတွေမလုပ်ချင်လို့ဖြစ်ပါတယ်။

ThirdEye
ForensicsMyanma

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool