Digital Forensics Vendor Certificate (MYANMAR 2020 to 2030)

Digital Forensics Vendor Certificate
(MYANMAR 2020 to 2030)
Current Cyber Law မှာတော့ စစ်ဆေးသူက ဘယ်လိုအရည်အချင်းရှိရမယ်ဆိုတဲ့
နည်းဥပဒေ နဲ့ သတ်မှတ်ချက်မရှိသေးပါ။
အခြားနိုင်ငံတွေမှာ စစ်ဆေးသူက IT နဲ့ပတ်သတ်တဲ့ ဘွဲ့
နိုင်ငံတစ်ကာ အသိအမှတ်ပြု Certificate အနည်းဆုံးတစ်ခုရှိရမဲ့ အပြင်
စစ်ဆေးတဲ့ နေရာမှာအသုံးပြုတဲ့
Tools သို့မဟုတ် ပစ္စည်းရဲ့ Certificate ရရှိထားရမှာဖြစ်ပါတယ်။
ဥပမာ (အနီးစပ်ဆုံး မြင်သာအောင် ‌ပြောတာဖြစ်ပါသည်)
အမှုတစ်ခုမှာ Phone Forensics အတွက် အစ္စရေး Product UFED ကို အသုံးပြုခဲ့မယ်။ ဒါဆိုရင် စစ်ဆေးသူဟာ IT နဲ့ ဆိုင်တဲ့ ဘွဲ့ Certificate အပြင် သူအသုံးပြုစစ်ဆေးတဲ့UFED Phone Forensics အတွက် UFED Phone Certificate ပါရှိထားရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ဘာလို့လဲဆိုရင် တစ်ဖက်ရှေ့နေအနေနဲ့ရော တရားရုံးအနေနဲ့ရော စစ်ဆေးသူဟာ
Perfect ဖြစ်တယ်ဆိုတဲ့ အနေအထားကို ပြသရမှာ ဖြစ်တာကြောင့်ပါ။
စစ်ဆေးသူဟာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်‌‌ကြောင်း အများယုံကြည်အောင် ပြသရမှာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool