အင်တာနက်မှ ငွေကြေးအကျပ်ကိုင်လာလျှင်


မတော်တရော် ပုံတွေ အင်တာနက်မှာဖြန့်မယ်။အကောင့် ကို ယူထားတယ် ပြန်လိုချင်ရင် ငွေလွှဲပါ။အထက်ပါ Cyber မှုခင်းတွေမှာ အကျပ်ကိုင်သူက Mobile banking ဖုန်းနံပတ်နဲ့ ငွေလွှဲတဲ့စနစ်ကို အသုံးပြုတာအများဆုံးပါ။
အထက်မှာဖော်ပြထားတဲ့ အမှုထဲက တစ်ခုခုနဲ့ကြုံရင်။နားလည်တဲ့သူနဲ့ တိုင်ပင်ပါ။ မတော်တရော် ပုံတွေက အစစ်ဖြစ်နေလို့ ပြင်ဆင်ပြီးလုပ်ထားတဲ့ပုံတွေမို့ ပြောပြရမှာ တိုင်ပင်ရမှာမရှက်ပါနဲ့။
အကောင့်ကို ခိုးယူခံထားရတယ်ဆိုရင် သိသိချင်း Recovery လုပ်ပါ။ အချိန်မဆိုင်းပါနဲ့။
အကျပ်ကိုင်ပြီး အခုပေးထားတဲ့ဖုန်းနံပတ်ကို ငွေဘယ်လောက်လွှဲပေးပါဆိုတာနဲ့ ငွေတောင်းခံတဲ့ ဖုန်းနံပတ်နဲ့ အတူ နီးစပ်ရာ ရဲစခန်းမှာ အမှုဖွင့်ပါ။ မဖွင့်ပေးဘူးဆိုရင်တာ၀န်ကျသူရဲ့ ကိုယ်ပိုင်နံပတ် အမည် တောင်းလာပြီး ဥပဒေလမ်းကြောင်းအရ ဆက်လုပ်ပါ။
လုပ်ဆောင်လို့ရသော အလွယ်ဆုံးနည်းလမ်း
==========
အခုအ‌ခြေအနေအရ Law Enforcement မှာလုပ်ကိုင်တဲ့သူတွေက နည်းပညာအားနည်းတယ်ဆိုပေမဲ့ FB , E Mail ကို Recovery လုပ်ပေးရတာမဟုတ်ပါ။Facebook, Google ကိုလဲအချက်အလက်တောင်းဆိုရတဲ့ အဆင့်လဲ မဟုတ်ပါ။အမှုအနေအထားအရ ပါလဲပါလာနိုင်ပါသည်။ ယခုအချိန်အထိတော့ တရား၀င်တောင်းဆိုထားတာ 2016-2017 အထိ FB မှာ 5 ခုသာရှိပြီး။Google ကိုတောင်းဆိုမှုမတွေ့ပါ။
ငွေ‌ကြေးအကျပ်ကိုင်ရင် နည်းပညာမပါပဲ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကတော့ = Law Enforcement ကနေသက်ဆိုင်ရာ မြို့နယ်အလိုက် Mobile Banking ကိုယ်စားလှယ်နဲ့ဆက်သွယ်ပြီး လွှဲတဲ့ငွေကို ခန ထိန်းထားတာ ထုတ်တဲ့ ဆိုင်နေရာကိုကြည့်တာ ဆက်သွယ်ပေးတာ လုပ်ပေးလို့ရပါတယ်။



Comments

Popular posts from this blog

eCDFP (Data Representation & File Examination) (Part-5)

NTFS Index Attributes

A Case Study on Geoprofiling and Imagery Analysis