#F35

အခုတ​လောမှာအ​မေရိကန်​ အစိုးရ|ကာကွယ်​​ရေးဘက်​မှာ ပူးတွဲလုပ်​​နေတဲ့ Company ​တွေက​နေ သတင်း​ပေါက်​ကြားတယ်​ဆိုပြီး သတင်း​တွေထွက်​လာတဲ့အတွက်​ .....
2006 ​လောက်​မှာ Us ရဲ့ F35 စနစ်​ကိုတရုတ်​က ခိုးယူပါ​ရော ...ဘယ်​လို​ခိုးယူလဲဆို​တော့ အဲအချိန်​မှာ US airforce Network ကခိုးဖို့မလွယ်တဲ့အခါ Us Airfocre နဲ့ ဆက်​စပ်​ပြီး အလုပ်​လုပ်​​နေတဲ့ Company က​နေတစ်​ဆငိ့ရယူဖို့ကြံတယ်​ .. ဘယ်​ Company က​တော့ F35 ရဲ့ ဘယ်​အစိတ်​အပိုင်းကို တာဝန်​ယူတယ်​ ဒီ Company က​နေ ဘယ်​ Company ကို Sub ကန်​ထရိုက်​​ပေးတယ်​ ဆိုတာ China က အကုန်​စုံစမ်းတယ်​ အင်​တာနက်​တင်​မက တစ်​ခြားအပြင်​က​နေပါ စုံးစမ်းတာ​ပေါ့
(1970 ​နောက်​ပိုင်းမှစပြီး Us မှာ တရုတ်​နိုင်​ငံသားများသည်
ကျောင်း တက္ကသိုလ်​ အလုပ်​မျိုးစုံမှာ​ဝင်​​ရောက်​လာကြသည်​)
Us Airforce နဲ့ အလုပ်​လုပ်​​နေတဲ့ Company ​တွေ အဆိုပါ Company ​တွေရဲ့ Sub ကန်​ထရိုက်​​တွေအ​ကြောင်း အလုပ်​ဝင်​​နေတဲ့သူ​တွေရဲ့ အ​ကြောင်းကို china က​နေ စုံစမ်းပြီး
တဲ့အခါမှာ Company ဝန်​ထမ်း​တွေဆီကို emial အတုအ​ယောင်​အများဆုံးပို့တယ်​ ဝန်​ထမ်းက ဖွင့်​ကြည့်​တာနဲ့ BackDoor က ကွန်​ပျူတာထဲ​ရောက်​သွားပြီး ဝန်​ထမ်း​တွေ
လုပ်​သမျှ အချက်​အလက်​​တွေကို တစ်​ဖက်​က​နေ​စောင့်​ကြည့်​ခိုးယူပါတယ်
F35 ရဲ့ Flight Software ​မှာပါတာက
(Auto Pilot အတွက်​ Coding Line 7.5 သန်း
ပျံသန်း​ဖို့အတွက်​လိုအပ်​တဲ့ Coding Line 22 သန်း
Simulatuin / ပျံသန်းဖို့နဲ့ ဆက်​သွယ်​​ရေးစနစ်​အတွက်
Coding Line 15 သန်း )
Company တစ်​ခုထဲက​နေ ခိုးယူတာမဟုတ်​ပဲ သက်​ဆိုင်​ရာ အပိုင်းအလိုက်​ ယူထားတဲ့ Company အလိုက်​ ပြီးရင်​Company တည်​​ရှိတဲ့ နိုင်​ငံအလိုက်​က​နေ စနစ်​တကျခိုးခြင်းဖြစ်​ပါတယ်​ အင်​တာနက်​က​နေ တစ်​ဆင့်​ခိုးယူတာအပြင်​ဖုန်းလိုင်းကိုကြားဖြတ်​နား​ထောင်​တာ အတွင်းလူက​နေ ခိုးယူတာ​တွေပါ ပါဝင်​ပါတယ်
ပထမဆုံးForensics လိုက်​တဲ့အခါ US airfoce Network နဲ့ Computer ​တွေကို စစ်​​ဆေးတဲ့ အခါမှာ အားနည်းချက်​မရှိတဲ့အခါကျမှ ... ဒါဆိုရင်​ Us Airfoce နဲ့ ချိတ်​ဆက်​လုပ်​ကိုင်
နေတဲ့ Company ​တွေဘက်​က​နေ ခိုးယူခံရတာဖြစ်​မယ်ဆိုပြီး Airfoce နဲ့ အလုပ်​အများဆုံးလုပ်​​နေတဲ့ Company ​တွေက​နေ ပြန်​ပြီး Forensics လိုက်​ရတာဖြစ်​ပါတယ်​ စုံစမ်းပြီးရလာတဲ့ Result က​တော့ Company ​ရော Sub Company ​တွေ​ရော Company နဲ့ပူး​ပေါင်းထားတဲ့ အခြားနိုင်​ငံ​တွေက Company ​တွေရဲ့ ကွန်​ပျူတာ​တွေမှာ Malwares
တွေအများအပြားရှိ​နေတာကို ​တွေ့ရပါတယ်
How Forensics ?
အချက်​အလက်​ခိုးယူခံရတဲ့ Company ​တွေရဲ့ Physical Security ကိုစစ်​​ဆေးပါတယ်
( လူ​တွေကို​တော့ FBI ကသီးသန့်​စစ်​​ဆေးပါတယ်​)
Company ရဲ့ Network Diagram အရ အင်​တာနက်​ကို
ချိတ်​ဆက်​မှု​တွေ သုံးထားတဲ့ Medium Device ​တွေ
ကွန်​ပျူတာမှာ Install လုပ်​ပြီးသုံးစွဲ​နေတဲ့ Application
တွေကို Team နဲ့ဖွဲ့စည်းပြီး စစ်​​ဆေးတာဖြစ်​ပါတယ်
လ​ပေါင်း​တော်​​တော်​ကြာ​အောင်​စစ်​​ဆေးခဲ့ရပါတယ်
Think Like a Hacker ဆိုတဲ့အတိုင်း Pentest ​တွေအကြိမ်​ကြိမ်​လုပ်​ခဲ့ရာတယ်
ခိုးယူတဲ့ရည်​ရွယ်​ချက်​က​တော့ F35 ရဲ့ အားနည်းချက်​ကို
သိဖို့နဲ့ ပုံစံတူတည်​​ဆောက်​ရန်​အတွက်​ဖြစ်​ပါတယ်
ခိုးယူခံရမှု​ကြောင့်​ coding ​တွေပြန်​​ရေးရပြီး
မူလ​မျှော်​မှန်းတာ​ထက်​​ ​ငွေ​ကြေး အချိန်​ပိုမိုကုန်​ကျခဲ့ရပါတယ်
F35 အချက်အလက်တွေ ပေါက်ကြားတာကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ US ကာကွယ်ရေးကနေ အစည်းအဝေးခေါ်ပါတယ်။ အစည်းအဝေးပြီးတာနဲ့ China ဘက်ကနေ Spy လုပ်တာခံနေရတဲ့ Company စာရင်းပြုလုပ်ပါတယ်။ China ဘက်နေ Spy လုပ်တာက သက်ဆိုင်ရာ Company အလိုက် Sub Company အလိုက်ကို အဖွဲ့တွေ ခွဲပြီး အချက်အလက်ရယူတာဖြစ်တာကြောင့် အဲစနစ်အတိုင်းပဲ China ဘက်ကို ပြန်လည်စုံစမ်းပါတယ်
သက်ဆိုင်ရာအဖွဲ့ (ISP / Telecom Service / ) တွေကိုဆီကို အချက်အလက်တွေပေးပြီး Traffic တွေ Email တွေကို စစ်ဆေးပါတယ်။ နည်းပညာလိုအပ်တဲ့ SP / Telecom Service တွေကို အစိုးရကနေ နည်းပညာနဲ့ ပစ္စည်းတွေထောက်ပံ့ပါတယ်။ ဒီဖြစ်စဉ်က Us သမိုင်းမှာ ပထဆုံးဖြစ်တဲ့ အဖြစ်အပျက်ပါ။ Malware Threat တွေကိုတော့ National Security Agency (NSA) ဘက်ကနေ Forensics ပြုလုပ်ပါတယ်။ ISP / Telecom Service တွေကနေ ရလာတဲ့အချက်အလက်တွေနဲ့ NSA ဘက်ကနေရရှိလာတဲ့အချက်အလက်တွေကို စုပေါင်းပြီး ကာကွယ်ရေးနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Company တွေကိုပေးပြီး အားနည်းချက်တွေကို ပြင်ဆင်ခိုင်းပါတယ်။
NSA ဘက်က တရုတ် Hacker တွေပြုလုပ်တဲ့နည်းလမ်းတွေကိုစုစည်းပြီးတာနဲ့ NSA ကပဲ ကျန်တဲ့ Company တွေနဲ့ Military Network ကို Pentest ပြုလုပ်ပါတယ်။ အားနည်းချက်ရှိတဲ့ Network တွေ Computer တွေကို ပြန်လည်ပြင်ဆင်ခိုင်းပါတယ်။ အဲဒီအချိန်ထဲကနေစပြီး NSA က မိတ်ဖက် Company တွေကို Virus / Malwares / Network vulnerability အချက်အလက်တွေ Share လုပ်ပေးပါတယ်။
ပင်တာဂွန်ကနေလဲ DIB Club ကိုဖွဲ့စည်းပြီး သတင်းအချက်လက်တွေကို Share လုပ်ပေးပါတယ်။ အခုလို information Share လုပ်တဲ့ Program ကို Started Small လို့ခေါ်ပါတယ်။နှစ်စဉ် Member 250 လောက်လက်ခံပါတယ်။ နောက်ပိုင်းမှာ DIB Club ဟာ အစိုးရ၊ ကာကွယ်ရေး၊ သူတို့နဲ့ မိတ်ဖက်လုပ်တဲ့ Company တွေအတွက်သာ ဖွဲ့စည်းထားခြင်းမဟုတ်ပဲ စစ်ဘက် နယ်ဘက် စီးပွားရေး ဆက်သွယ်ရေး အပိုင်းတွေကိုပါ လုံခြုံရေးနည်းပညာတွေ share လုပ်ပါတယ်။လုံခြုံရေးအတွက် အချို့အပိုင်းတွေကို NSA ကနေ တာဝန်ယူသင့်ရင် တာဝန်ယူပါတယ်။ Company တွေကို Newtwok / Forensics / Security ပိုင်းအတွက် နည်းပညာရပ်များသုတေသန ပြုလုပ်ပြီး Product တွေထုတ်လုပ်ဖို့ အစိုးရကနေ တွန်းအားပေးတာတွေ အထောက်အပံ့ပေးတာတွေလဲရှိပါတယ်။
အစိုးရ၊စစ်ဘက်၊ ၀န်ကြီးဌာန၊ လုံခြုံရေးအဖွဲ့အစည်း၊ထောက်လှမ်းရေးအဖွဲ့အစည်းတွေမှာ Cyber intelligent အတွက် ငွေကြေးအကုန်အကျခံပြီး လူသားအရင်းအမြစ်တွေ၊ နည်းပညာတွေကို စတင်ပျိုးထောင်ပါတယ်။ Newtwok / Forensics / Security/monitoring ပိုင်းတွေအတွက် သင်တန်းတွေပါပေးပါတယ်။အချို့သော လုပ်ငန်းတွေမှာ Third Party တွေကို အသုံးချပါတယ်။ တစ်ဦးတစ်ယောက် ချင်း အဖွဲ့အစည်းတစ်ခုတည်း လုပ်ဆောင်ခြင်းထက် အချင်းချင်း Share ပြုလုပ်ပြီး ပူး​​ပေါင်း​ဆောင်​ရွက်​ပါတယ်
အခုဖြစ်ရပ်ကို နမူနယူပြီး ရေရှည် Plan တွေ၊ မဟာဗျူဟာတွေ ချမှတ်ထားပါတယ်။
#Thirdeye 


Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool