Digital Forensics Lab တစ်ခုတည်ထောင်ခြင်း
Planning အပိုင်း
-UPS , Internet, Intranet ,
များ
Budget အပိုင်း
================
Planning အပိုင်း
Planning အပိုင်းမှာတော့ Digital Forensics လုပ်ငန်းထဲက ဘယ်အပိုင်းကို အဓိက ထားလုပ်မှာလဲ ဆိုတဲ့အပိုင်းပါ ဥပမာ Mobile Forensics အပိုင်းလား Computer Forensics အပိုင်းလား 
အဓီကထားတဲ့ အပိုင်းအပေါ်မူတည်ပြီးတော့
- Forensics Work Station
- Computer , Laptop Or Workstation (ရုံးလုပ်ငန်းအတွက်နှင့်
Evidence Storage အတွက်)
-UPS , Internet, Intranet ,
- Forensics အတွက်လိုအပ်တဲ့ Special Hardware Software
- Reference စာအုပ် စာကြည့်တိုက်
-သက်သေခံအစ္စည်းတွေထားဖို့အတွက်နေရာ ထားရှိမဲ့အစီအစဉ်
- Work Station တွေ ကွန်ပျူတာတွေအတွက် လိုအပ်မည့် အပိုပစ္စည်း
များ
- သက်သေခံပစ္စည်းဖျက်ဆီးခြင်းအပိုင်း
- သက်ဆိုင်ရာအပိုင်းအလိုက် စစ်ဆေးမဲ့သူတွေ
Budget အပိုင်း
အထက်ပါ လုပ်ငန်းစဉ်များချမှတ်ပြီးပြီးဆိုရင်တော့ ကုန်ကျမဲ့ ငွေ အကျဉ်းဖျဉ်းရရှိလာမှာပါ အသုံးပြုမဲ့ ပစ္စည်းတွေနဲ့ပတ်သတ်တဲ့ လိုင်စင်ကြေး၊ လိုအက်တဲ့သင်တန်းတွေအတွက် ကုန်ကျငွေပါ ပါဝင်ရပါမည်။
အဆောက်အဦး အပိုင်းကတော့ Work Station Server တွေအတွက် အအေးပေးတဲ့စနစ်တွေ ၊ ရာသီဥတုနဲ့ မီးဘေးဒဏ်ကိုခံနိုင်ရန်၊ လေဝင်လေထွက် စနစ်၊ ဝင်ပေါက်( တစ်ခုထဲသာထားရှိရမည်) မီးကြိုးသွယ်တန်းမှုစနစ် ၊ Lan Cable , အခန်းအတွင်း အလင်းရောင်၊ အရေးပေါ်မီးပေးမှုစနစ်၊ စတာတွေနဲ့ပြည်စုံရပါမယ် ။ ။ အဓိကအချက်ကတော့ Physical အပိုင်းလုံခြုံမှုနဲ့ ဝန်ထမ်းတွေအတွက် အခန်းထဲမှာ နေပျော်ဖို့ပါ။ (အချိန်အကြာကြီး အလုပ်လုပ်ဆောင်ရတဲ့အတွက်ဖြစ်ပါတယ်။ Physical Security အတွက်တော့ Fire Alarm, CCTV System, Entrance အတွက် Somethings You Have ,You Know, You are စနစ်တွေပြုလုပ်ထားရမှာဖြစ်ပါတယ်။
သက်သေခံပစ္စည်းတွေ သိမ်းဆည်းတဲ့နေရာတွေကိုလဲ ဝင်ခွင့်ကန့်သတ်ချက်တွေ၊ CCTV စနစ်၊ တွေနဲ့ တင်းကျပ်စွာထားရှိရမှာ ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ ISO 17025 နှင့် ASCLD / LAB မှာဖော်ပြထားပါတယ်
Investigator အပိုင်းကတော့ သက်ဆိုင်ရာအပိုင်းလိုက်ကျွမ်းကျင်သူတွေကိုအဖွဲ့လိုက်ထားရှိရမှာဖြစ်ပါတယ်။ နိုင်ငံမှာ ပြဌာန်းထားတဲ့ Law တွေကိုနားလည်ပြီး Cyber law , Electronic Law စတာတွေကို သိရှိထားရမှာဖြစ်ပါတယ်။ investigator အနေနဲ့ နည်းပညာပိုင်းသာ အားသာရင် သက်ဆိုင်ရာအပိုင်းအလိုက် ဥပဒေနားလည်သူကိုလဲတာဝန်ပေးလို့ရပါသည်။ I
Team leader နဲ့ Lab Director ကတော့ Over All Process တွေကိုနားလည်ထားရမဲ့အပြင် ပေါင်းသင်ဆက်ဆံရေး နဲ့ ခေတ်ပေါ်နည်းပညာဆိုင်ရာတွေကို မျက်ခြေမပျက် နားလည်ထားရမှာဖြစ်ပါတယ်။
Comments
Popular posts from this blog
B-Trees (NTFS)
NTFS Index Attributes
Volatility Workbench (GUI) for the Volatility tool