What is Cyber Forensics Part (22) Evidence Device Cloning and Hashing

What is Cyber Forensics Part (22)
Evidence Device Cloning and Hashing
Investigation လုပ်ရာမှာ မူရင်းသက်သေခံပစ္စည်း (Computer,Laptop, HD, Stick, CD/DVD, Phone) ကို စစ်ဆေးခြင်းမပြုသင့်ပါ။ မူရင်း Device ကို Clone ပွားပြီး စစ်ဆေးရမှာဖြစ်ပါတယ်။ ရလာတဲ့ Clone ကလဲ မူရင်းနဲ့ Hash Value တူရမှာဖြစ်ပါတယ်။ အခု Post မှာတော့ Device တင်မက မူရင်း Device ထဲမှာပါတဲ့ file တွေကိုပါ hash Value ထုတ်ပြထားပါတယ်.
Clone လုပ်တဲ့နေရာမှာ အသုံးပြုထားတာကတော့ Access Data FTK manager ဖြစ်ပါတယ်။ အခြား Clone နဲ့ Hash Value လုပ်နိုင်တဲ့ tools တွေရှိပေမဲ့ နိုင်ငံတကာက Law Enforcement အဖွဲ့တွေအသုံများတဲ့ Access Data FTK manager ကိုသုံးရခြင်းကတော့ တရားရုံးမှာ သက်ေ သခံတဲ့အခါ ပိုပြီး Save ဖြစ်အောင်ပါ။
ပုံ (၁) ကတော့ သက်သေခံ မူရင်း Memory Stick Device ရဲ့ Hash value ကို ယူမှာဖြစ်ပါတယ်။ (Stick က ကျွန်တော် Stick ပါ  ) FTK က MD5 and SHA1 ကိုထုတ်ပေးမှာပါ။
ပုံ(၂) မကြာခင် သက်သေခံ မူရင်း Memory Stick Device ရဲ့ Hash valueရလာပါတယ်။ ပုံ (၇) မှာ မူရင်းနဲ့ Clone တို့ရဲ့ Hash Value ကိုပြထားပါတယ်။
ပုံ (၃) သက်သေခံ မူရင်း Memory Stick Device ကို Raw image အနေနဲ့ စစ်ဆေးရန် Clone ယူမှာပါ
ပုံ (၄) မှုခင်းဆိုင်ရာ အချက်အလက်ထည့်သွင်းပါမယ်။
ပုံ (၅) Clone ကို သိမ်းထားမယ့်နေရာပါ။ အခြားသူမှားမဖွင့်နိုင်အောင် Password ပါပေးထားပါမယ်။
ပုံ (၆) Password ရိုက်ပါ. ဒါမှ သက်ဆိုင်ရာ CA ထည့်ပါ။ Clone ရိုက်တာကတော့ Device ရဲ့ အရွယ်အစားပေါ်မူတည်ပြီး အချိန်ယူရပါမယ်။
ပုံ (၇) မူရင်း Device နဲ့ Clone Device တို့ရဲ့ Hash value တူရပါမယ်။
ပုံ (၈) မူရင်း Device ထဲမှာပါတဲ့ file တွေကိုပါ hash Value ကိုပါယူထားတာပါ
(ပုံနဲ့ စာကွဲလွဲမှု လိုအပ်မှု ရှိရင် ကျွန်တော့်အမှားပါ)
နောက်ထပ်ရေးမဲ့ အပိုင်း ၂၃ ကတော့ ရလာတဲ့ Clone ကို စစ်ဆေးတဲ့ အပိုင်းပါ
#CyberCrime
Reference CCFP, CHFI , CEH

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool