What Is Call Details Record (CDR) and BTS Tracking

 What Is Call Details Record (CDR) and BTS Tracking 


ပုံတွေက US ရဲ့ Telecom တွေက CDR ၊ BTS Tracking နဲ့ပတ်သတ်ပြီး သိမ်းထားတဲ့ အချိန်ကာလ တွေပါ။ ဖုန်းနံပတ် တစ်ခုနဲ့ ပတ်သတ်ပြီး သိမ်းထားတဲ့ အချိန် ကာလတွေဖြစ်ပါတယ်။ သူ့ရဲ့ Products , Tool  ကလဲ US Only ပဲရတယ်။ ကိုယ့်နိုင်ငံအတွက်ဆိုရင် ကိုယ့်ဘာသာ လုပ်ရတာပါ။ Map မတူလို့ဖြစ်ပါတယ်။

US Law Enforcement ဘက်ကလူတွေဆိုရင် Free ကြည့်လို့ရပါတယ်။ အော်ပရေတာကနေရတဲ့ 

Excel File ကို တင်ပေးလိုက်ရုံပါပဲ။CDR, BTS အတွက် Excel က Telecom မှာသုံးတဲ့  Products အလိုက် Excel File တစ်ခု သို့မဟုတ် အဲဒီထက်ပိုနိုင်ပါတယ်။ 

Service Provider ကနေ စိုက်ထားတဲ့ Cell Tower တွေရဲ့ Map အကုန်ရှိပါတယ်။ Cell Sector  ကဘယ်‌ဘက်ကို ဒီဂရီ‌ဘယ်လောက်စောင်းတယ်ကအစ ပါပါတယ်။ Service Provider တွေကနေ ရတဲ့ Phone နံပတ်တစ်ခုရဲ့ CDR ကို Tools ထဲမှထည့်လိုက်ရင် ဒီနံပတ်ကို စပြီးသုံးတဲ့အချိန်ကနေ သူသွားသမျှ နေရာတွေ ( Cell Tower တွေကို ချိတ်ဆက်သမျှ) , Call Log, SMS

Copy Right အရ ပုံတွေကို ဒီမှာဝင်ကြည့်ပေးပါ။

ဥပမာ ရန်ကုန်ကနေ နေပြည်တော်လာမယ်ဆိုရင် 


လာတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ Cell Tower တွေကိုချိတ်ဆက်သမျှ အကုန်ပေါ်ပါတယ်။ 115 မိုင်နားမှာ ရှိတဲ့ Cell Tower ကို အချိန်ကြာကြာ ချိတ်နေရင် ကျွန်တော်အဲဒီမှာ နားတယ်ပေါ့။ Or Something ... 

Call Detail Record (CDR) က တယ်လီကွန်းတွေမှာ Billing အတွက်ထားတာဖြစ်ပါတယ်။ Investigation ဘက်မှာတော့ အခြားကြောင်းအရာတွေ နဲ့ဆက်စပ်ပြီး အသုံးပြုပါတယ်။ CDR ကိုတစ်ကယ်တန်း စစ်ဆေးမယ်ဆိုရင်တော့ Telecom Billing System ကနေရတဲ့ .txt .csv .html .pdf   Doc  RFt File Type  တွေနဲ့ရရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့  Pdf နဲ့ မရရင် အဆင်ပြေပါတယ်။ ကိုယ်တိုင် Analysis လုပ်နိုင်အောင်ဖြစ်ပါတယ်။ Call Detail Record (CDR) Analysis လုပ်ရင် သိထားရမည့် ခေါင်းစဉ်တွေကတော့ 

IMSI, IMEI ,CGI , Cell Tower Coverage, Cell Tower List ,Event Type,  CDR Traffic, User CDR , Event Type,  CDR File Format, Integrity Of The Data, Hash Code, etc .. စသည်ဖြင့် ဖြစ်ပါတယ်။ 


Call Detail Record (CDR) ကိုသေသေချာချာလုပ်မယ်ဆိုရင် အဓိက လိုအပ်တာက Sim Registration နဲ့ CDR ကို ဘယ်အချိန်အတိုင်းအတာထိ Telecom ကနေသိမ်းထားရမယ်ဆိုတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဓီကထားတဲ့နိုင်ငံတွေမှာတောင် 6 နှစ် 7 နှစ်အထိ သိမ်းဆည်းထားပါတယ်။ MMS ပါပို့လို့ရတယ်ဆိုရင်တော့ နှစ်အနည်းငယ်လျော့ပါတယ်။ ဒါတောင် ဘယ်အပိုင်းတွေကို သိမ်းထားရမယ်ဆိုတဲ့ အချက်ကို သတ်မှတ်ထားပါတယ်။ 

နောက်တစ်ခုလိုအပ်တာက နိုင်ငံတစ်ခုလုံမှာရှိတဲ့ အော်ပရေတာတိုင်းရဲ့ Cell Tower တည်နေရာနဲ့ အသေးစိတ်အချက်အလက်ဖြစ်ပါတယ်။ Cell Tower  Location တွေ မရှိရင် အသေးစိတ်လုပ်ရမဲ့ အချိန်ဆို အခက်အခဲရှိပါတယ်။ 


Call Detail Record (CDR)  စစ်ဆေးဖို့အတွက်  Analysis Application လဲမရှိဘူး  Cell Tower  Location တွေလဲမရှိဘူးဆိုရင် စစ်ဆေးဖို့ အကောင်းဆုံး Application ကတော့ Excel ပါ။ Excel မှာ Formula ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ ( တယ်လီကွန်းတွေကနေ CDR  True Copy File Type ရခဲ့ရင်) 

CDR Keys 

Who, What, Where, Which , When, To Who, Frequently Connect


BTS Tracking 


BTS Tracking  အပိုင်းက အော်ပရေတာဆီကနေ Call Detail Record ရပြီတဲ့နောက် စစ်ဆေးပြီးတဲ့အချိန် မှာလုပ်ရမှာဖြစ်ပါတယ်။ Cell Tower တွေမှ Signal တွေက အဆောက်အဦး လူနေထူထပ်မှု ရာသီဥတု စတဲ့အခြေအနေတွေကြောင့် ပြောင်းလဲတတ်ပါတယ်။ Teleocm ဘက်ကလဲ Cell Site တွေကို  Car Driving Test သို့မဟုတ် အခြားနည်းနဲလဲ စမ်းသပ်ပါတယ်။ Driving Test လုပ်တာနဲ့ သဘောတရား အတူတူပဲဖြစ်ပါတယ်။ 


Different Type of Call Detail Record (CDR) 


(CDR) ထဲမှာ ဖုန်းအဝင်အထွက်ခေါ်ဆိုမှုတွေ၊ SMS အဝင်အထွက် ၊ Missed Call တွေဖြစ်တဲ့ User CDR သာမက Subscriber CDR လို့ခေါ်တဲ့ Data Packet Call Packet ဝယ်ယူတာတွေ Romaning  လုပ်ထားတာတွေ ပါဝင်ပါတယ်။ 

IMEI IMSI SIM Activation / Deactivation Date / 

ပြီးရင် Phone ပါဝါဖွင့်တဲ့ အချိန် နေရာ IMSI Attach ပိတ်တဲ့ အချိန်  နေရာ IMSI Detach လုပ်တာတွေပါဝင်ပါတယ်။ Sim Registration အချက်အလက်တွေ ပါဝင်ပါတယ်။  

ဖုန်းကိုယူဆောင်ပြီး သွားခဲ့တဲ့ ခရီးတစ်လျှောက်မှာ ချိတ်ဆက်ခဲ့တဲ့  Traffic Route, Cell Tower list တွေပါဝင်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် Operation Parindey 2020 ဇတ်ကားကိုကြည့်ကြည့်ပါ။ ဖြစ်ရပ်မှန်ဇတ်ကားပါ။ 

အပေါ်မှာရေးခဲ့တဲ့ CDR  အမျိုးမျိုးနဲ့ India မှာ အကြမ်းဖက်သမားတွေ ထောင်ဖောက်ပြေးတာကို ခြေရာခံတာပါ။ ပထမဦးဆုံး ထောင်ဖောက်မပြေးခင် တစ်ရက်အလိုက ထောင်ထဲနဲ့ ထောင်အနီးတစ်ဝိုက်က ဖုန်ခေါ်ဆိုတဲ့ CDR တွေ မဖြစ်မှီ မိနစ်ပိုင်းအလို ဖြစ်ပြီး မိနစ်ပိုင်း အချိန်မှာရှိတဲ့ CDR တွေကို စစ်ဆေးပါတယ်။ 

သံသယရှိတဲ့ List ကို ဆွဲထုတ်ပြီး သူနဲ့အတူတူ ဘယ်သူတွေ ပါတယ် ဘယ်လမ်းကနေသွားတယ်  အခုဘယ်နေရာမှာ ဘယ်သူနဲ့အတူတူရှိနေတယ်ဆိုတာကိုခြေရာခံတာပါ။ 

National Domestic Communications Assistance Center ဆိုတာ FBI အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဘာလုပ်တာလဲဆိုရင် US မှာ Telecommunication နဲ့ပတ်သတ်သမျှ စုံစမ်းထောက်လှမ်းမှုတွေအားလုံးလုပ်ကိုင်ပါတယ်။ Software Hardware နည်းပညာတွေကို ကျန်တဲ့ Law Enforcement အပိုင်းတွေကို အခမဲ့သင်ပေးပြီးထောက်ပံ့ပေးပါတယ်။ US မှာရှိတဲ့ Telecom တွေက နေရာတစ်ခုမှာ  Cell Tower အသစ်တိုးတာပဲဖြစ်ဖြစ်။ Cell Tower မှာ Sector ဒီဂရီပြောင်းလဲတာအစစောင့်ကြည့်ပြီး (ပြောင်းလဲရင်လဲသူတို့ကိုပြောရတယ်။) သူတို့ရဲ့Cell Tower Location  Map မှာပြင်ဆင်ပြီး Update လုပ်တယ်။ Time and money Save ဖြစ်တာက Law Enforcement ကသူဆိုရင် သူတို့ Map ကိုဝင်ကြည့်ပြီး Map ကို Download ယူလို့ရတယ်။ CDR Analysis မှာထည့်ပြီးအသုံးပြုလို့ရပါတတ်။ 

US မှ Law Enforcement တွေက Mobile Phone နဲ့ပတ်သတ်ရင် latitude:longitude တစ်ခုတည်းကိုပဲ တောင်းဆိုခြင်းမလုပ်ပါ။ Mobile Phone ရဲ့အချက်အလက်အားလုံးကို Telecom ကနေသိမ်းထားတဲ့ Database ထဲကနေတောင်းယူပါတယ်။ (Telecom တွေကလဲ ဘာကိုဘယ်လောက်ကြာကြာသိမ်းထားရမယ်ဆိုတာ စာချုပ်မှာလက်မှတ်ထိုးထားရပါတယ်။) ရရှိတဲ့ File ကို Law Enforcement ကနေ Analysis ကိုယ့်ဟာကိုပြုလုပ်ပါတယ်။အဓိကက File ကိုသာပေးပါ တစ်ခုခြင်းသိချင်တာကို ပြန်လည်မေးမြန်းတာတွေမလုပ်ချင်လို့ဖြစ်ပါတယ်။

အော်ပရေတာ အားလုံး သို့မဟုတ် တစ်ခုချင်းစီရဲ့ Cell Site Location  Map မရှိရင် ဘယ်လိုလုပ်လို့ရလဲ 

CDR True Copy ရခဲ့ရင်  သို့မဟုတ် Cell Tower  တည်နေရာနဲ့ ဒီဂရီ ရခဲ့ရင် Map ပေါ်မှာ Location ချကြည့်လို့ရပါတယ် www.cellmapper.net  မှာ အော်ပရေတာတွေရဲ့ Cell Tower တွေရှိပါတယ်။ ဒါပေမဲ့ မပြည့်စုံပါဘူး။ Account ဖွင်ပြီး Tower မရှိရင်လဲ Tower နေရာချကြည့်ပြီး ခန့်မှန်းတိုင်းတာလို့ရပါတယ်။ အရင် Post တွေမှာ Cell Mapper မှာ သုံးရမယ့် ဝေါဟာရအကြောင်းတွေ သတ်မှတ်ချက်တွေ ရေးထားပြီးပါပြီ။ နောက်ပိုင်းတော့ ဖုန်းကနေ Signal အကောင်းဆုံးတိုင်ကို ချိတ်ဆက်ရမှာ (အလွယ်ပြောရရင် ဖုန်းကနေ Cell Tower ကို ချိတ်ဆက်ရာမှာ ပြတဲ့ Signal အတုံးလေးတွေ  အနည်းအများကိုကြည့်ပြီး ခန့်မှန်းနေရာကို ပြောနိုင်မယ်ထင်ပါတယ်)

ဥပမာ 5 တုံး အပြည့်ဆိုရင် Tower တိုင်နဲ့ အနီးဆုံနေရာ ၊ 

တာဝါတိုင်နဲ့ အနီးဆုံးမှာ ရှိနေပေမဲ့ ကြားထဲမှာ အဆောက်အဦး  တောင်ကုန်း မြေနိမ့်  စတဲ့ Radio Frequency ကို နှောက်ယှက်တဲ့အရာ ရှိနေမယ်ဆိုရင် နေရာက တစ်မျိုးဖြစ်နိုင်ပါတယ်။ ဒါက မြေပုံကို အချို့နေရာတွေမှာ သုံးရတဲ့အကြောင်းအရင်းပါ။  

Different Type of Call Detail Record (CDR) 

(CDR) ထဲမှာ ဖုန်းအဝင်အထွက်ခေါ်ဆိုမှုတွေ၊ SMS အဝင်အထွက် ၊ Missed Call တွေဖြစ်တဲ့ User CDR သာမက Subscriber CDR လို့ခေါ်တဲ့ Data Packet Call Packet ဝယ်ယူတာတွေ Romaning  လုပ်ထားတာတွေ ပါဝင်ပါတယ်။ 

IMEI IMSI SIM Activation / Deactivation Date / 

ပြီးရင် Phone ပါဝါဖွင့်တဲ့ အချိန် နေရာ IMSI Attach ပိတ်တဲ့ အချိန်  နေရာ IMSI Detach လုပ်တာတွေပါဝင်ပါတယ်။ Sim Registration အချက်အလက်တွေ ပါဝင်ပါတယ်။  

ဖုန်းကိုယူဆောင်ပြီး သွားခဲ့တဲ့ ခရီးတစ်လျှောက်မှာ ချိတ်ဆက်ခဲ့တဲ့  Traffic Route, Cell Tower list တွေပါဝင်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် Operation Parindey 2020 ဇတ်ကားကိုကြည့်ကြည့်ပါ။ ဖြစ်ရပ်မှန်ဇတ်ကားပါ။ 

အပေါ်မှာရေးခဲ့တဲ့ CDR  အမျိုးမျိုးနဲ့ India မှာ အကြမ်းဖက်သမားတွေ ထောင်ဖောက်ပြေးတာကို ခြေရာခံတာပါ။ ပထမဦးဆုံး ထောင်ဖောက်မပြေးခင် တစ်ရက်အလိုက ထောင်ထဲနဲ့ ထောင်အနီးတစ်ဝိုက်က ဖုန်ခေါ်ဆိုတဲ့ CDR တွေ မဖြစ်မှီ မိနစ်ပိုင်းအလို ဖြစ်ပြီး မိနစ်ပိုင်း အချိန်မှာရှိတဲ့ CDR တွေကို စစ်ဆေးပါတယ်။  သံသယရှိတဲ့ List ကို ဆွဲထုတ်ပြီး သူနဲ့အတူတူ ဘယ်သူတွေ ပါတယ် ဘယ်လမ်းကနေသွားတယ်  အခုဘယ်နေရာမှာ ဘယ်သူနဲ့အတူတူရှိနေတယ်ဆိုတာကိုခြေရာခံတာပါ။ 

  National Domestic Communications Assistance Center ဆိုတာ FBI အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဘာလုပ်တာလဲဆိုရင် US မှာ Telecommunication နဲ့ပတ်သတ်သမျှ စုံစမ်းထောက်လှမ်းမှုတွေအားလုံးလုပ်ကိုင်ပါတယ်။ Software Hardware နည်းပညာတွေကို ကျန်တဲ့ Law Enforcement အပိုင်းတွေကို အခမဲ့သင်ပေးပြီးထောက်ပံ့ပေးပါတယ်။ US မှာရှိတဲ့ Telecom တွေက နေရာတစ်ခုမှာ  Cell Tower အသစ်တိုးတာပဲဖြစ်ဖြစ်။ Cell Tower မှာ Sector ဒီဂရီပြောင်းလဲတာအစစောင့်ကြည့်ပြီး (ပြောင်းလဲရင်လဲသူတို့ကိုပြောရတယ်။) သူတို့ရဲ့Cell Tower Location  Map မှာပြင်ဆင်ပြီး Update လုပ်တယ်။ Time and money Save ဖြစ်တာက Law Enforcement ကသူဆိုရင် သူတို့ Map ကိုဝင်ကြည့်ပြီး Map ကို Download ယူလို့ရတယ်။ CDR Analysis မှာထည့်ပြီးအသုံးပြုလို့ရပါတတ်။ 

US မှ Law Enforcement တွေက Mobile Phone နဲ့ပတ်သတ်ရင် latitude:longitude တစ်ခုတည်းကိုပဲ တောင်းဆိုခြင်းမလုပ်ပါ။ Mobile Phone ရဲ့အချက်အလက်အားလုံးကို Telecom ကနေသိမ်းထားတဲ့ Database ထဲကနေတောင်းယူပါတယ်။ (Telecom တွေကလဲ ဘာကိုဘယ်လောက်ကြာကြာသိမ်းထားရမယ်ဆိုတာ စာချုပ်မှာလက်မှတ်ထိုးထားရပါတယ်။) ရရှိတဲ့ File ကို Law Enforcement ကနေ Analysis ကိုယ့်ဟာကိုပြုလုပ်ပါတယ်။အဓိကက File ကိုသာပေးပါ တစ်ခုခြင်းသိချင်တာကို ပြန်လည်မေးမြန်းတာတွေမလုပ်ချင်လို့ဖြစ်ပါတယ်။

အော်ပရေတာ အားလုံး သို့မဟုတ် တစ်ခုချင်းစီရဲ့ Cell Site Location  Map မရှိရင် ဘယ်လိုလုပ်လို့ရလဲ 

CDR True Copy ရခဲ့ရင်  သို့မဟုတ် Cell Tower  တည်နေရာနဲ့ ဒီဂရီ ရခဲ့ရင် Map ပေါ်မှာ Location ချကြည့်လို့ရပါတယ် www.cellmapper.net  မှာ အော်ပရေတာတွေရဲ့ Cell Tower တွေရှိပါတယ်။ ဒါပေမဲ့ မပြည့်စုံပါဘူး။ Account ဖွင်ပြီး Tower မရှိရင်လဲ Tower နေရာချကြည့်ပြီး ခန့်မှန်းတိုင်းတာလို့ရပါတယ်။ အရင် Post တွေမှာ Cell Mapper မှာ သုံးရမယ့် ဝေါဟာရအကြောင်းတွေ သတ်မှတ်ချက်တွေ ရေးထားပြီးပါပြီ။ နောက်ပိုင်းတော့ ဖုန်းကနေ Signal အကောင်းဆုံးတိုင်ကို ချိတ်ဆက်ရမှာ (အလွယ်ပြောရရင် ဖုန်းကနေ Cell Tower ကို ချိတ်ဆက်ရာမှာ ပြတဲ့ Signal အတုံးလေးတွေ  အနည်းအများကိုကြည့်ပြီး ခန့်မှန်းနေရာကို ပြောနိုင်မယ်ထင်ပါတယ်)

ဥပမာ 5 တုံး အပြည့်ဆိုရင် Tower တိုင်နဲ့ အနီးဆုံနေရာ ၊ 

တာဝါတိုင်နဲ့ အနီးဆုံးမှာ ရှိနေပေမဲ့ ကြားထဲမှာ အဆောက်အဦး  တောင်ကုန်း မြေနိမ့်  စတဲ့ Radio Frequency ကို နှောက်ယှက်တဲ့အရာ ရှိနေမယ်ဆိုရင် နေရာက တစ်မျိုးဖြစ်နိုင်ပါတယ်။ ဒါက မြေပုံကို အချို့နေရာတွေမှာ သုံးရတဲ့အကြောင်းအရင်းပါ။  

Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ 


Q: Mobile ဖုန်းသည် အနီးဆုံး ဆက်သွယ်ရေးတာဝါတိုင်ကို ချိတ်ဆက်တာလား ? 


A: Mobile ဖုန်းသည် Signal အကောင်းဆုံး ဆက်သွယ်ရေးတာဝါတိုင်ကို ချိတ်ဆက်ပါသည်။ 


Q: Call Detail Record (CDR) ထဲတွင် Mobile Phone တည်နေရာပါဝင်ပါသလား ?


A: Call Detail Record (CDR) ထဲတွင် Mobile Phone တည်နေရာ မပါဝင်ပါ။ ဆက်သွယ်ရေးတာဝါတိုင်၏ တည်နေရာသာပါဝင်ပါသည်။


Q:  Telecom မှ ပေးသော ဖုန်းတည်နေရာသည် တိကျပါသလား ?


A: မတိကျနိုင်ပါ။ Case ပေါ်မူတည်ပြီး CDR File အပါအဝင် Telecom မှ အခြားသော အချက်အလက် 5 ခုမှ 13 ခု အတွင်းပြန်လည်တွက်ချက်ရပါမည်။ 


Q: Call Detail Record (CDR) တွက်ချက်စစ်ဆေးမှုတွင် Industry Standard ရှိပါသလာ ? 


A: Call Detail Record (CDR) တွက်ချက်စစ်ဆေးမှုတွင် Industry Standard ရှိပါသည်။ 


Q: Call Detail Record (CDR) စစ်ဆေးရာမှာ စစ်ဆေးသူက မသမာမှု ပြုလုပ်နိုင်ချေရှိသလား ?


A: မပြုလုပ်နိုင်ပါ။ Call Detail Record (CDR) စစ်ဆေးရာမှာ သက်ဆိုင်ရာ Telecom တွင် CDR File နှင့် ပတ်သတ်သော မူရင်းအချက်အလက်များရှိပါသည်။


Q: CDR,IPDR Record ကို Telecom တွေက ဘယ်အချိန်ထိ သိမ်းထားသလဲ ? 


A: နိုင်ငံ၏ ဥပဒေပေါ်သာ မူတည်ပါသည်။ အချို့နိုင်ငံများတွင် ၃လ ၆လ ၁နှစ် မှ ၃ နှစ်အထိ ထိန်းသိမ်းထားပါသည်။


Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ အပိုင်း (၇)


Q: Call Detail Record ကနေဘာတွေတွက်ချက်နိုင်လဲ ? 

A: ဘယ်နေ့ ဘယ်အချိန်မှာ ရှိနေလဲ ဆိုတဲ့

 ယေဘူယျတည်နေရာ  (latitude and longitude) 

A:  ဘယ်နေ့ ဘယ်အချိန်မှာ နေရာမှာ မရှိနိုင်ဘူးဆိုတဲ့ (latitude and longitude) 

A: ဖုန်နဲ့အတူ အခြားဘယ်သူတွေရှိနိုင်တယ်၊ အတူရှိနေနိုင်တယ်

A: ဘယ်အချိန်မှာ ဘယ်နေရာတွေကို သွားခဲ့တယ်ဆိုတဲ့ Call Route မှတ်တမ်း 

A: ဘယ်ရက် ဘယ်အချိန်မှာ ဘယ်သူတွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့  မှတ်တမ်း 

A: IPDR  ကနေ အင်တာနက်အသုံးပြုမှုမှတ်တမ်း၊ 


Q: Mobile Forensics နဲ့ CDR ဆက်စပ်ပါသလား ?

 A: Some Cases များအတွက် ဖုန်းကနေ စစ်ဆေးလို့ရရှိတဲ့ အချက်အလက်နဲ့ Telecom ကနေရရှိသော အချက်အလက်များကို တွက်ချက်ပြီး  တိုက်ဆိုင်ဖို့လိုအပ်ပါတယ်။ 


Q: Phone Location ကို ဘာကို အဓိက ထားတွက်ချက်လဲ ? 

A: Cell Site ရဲ့ Sector ပေါ်ကို အဓိကထားပြီးတွက်ချက်ပါတယ်။ 

(latitude , longitude and azimuth ) 


Q: ပထမဆုံး Cell Tower ကို ဖုန်းကနေ Network အရရွေးချယ်ပါသလား ? 

A: ပထမဆုံး Cell Tower ကို ဖုန်းကနေပဲ ရွေးချယ်ပါတယ်။


Q: CDR Mapping  အတွက်အသုံးပြုသော Application များမှ ရရှိသော အဖြေသည် တိကျပါသလား၊ 

A: Mapping ပြုလုပ်ရာတွင် ပိုပြီး တိကျနိုင်စေရန် လူ၏ တွက်ချက်မှုပါ အသုံးပြုပါသည်။ သက်ဆိုင်ရာ မြေပုံရဲ့ Terrain အနေအထားအရဖြစ်ပါသည်။


Q: Telecom မှရရှိသော အချက်အလက်အပြင် ဘယ်နေရာကနေ ဖုန်းနဲ့ပတ်သတ်သော အချက်အလက်များရရှိနိုင်ပါသလဲ ? 

A: သက်ဆိုင်ရာ  Law Enforcement ကနေ Google မှ  GEOFENCE SEARCH WARRANT နည်းဖြင့် ဖုန်းနဲ့ပတ်သတ်သော အချက်အလက်များကို ရရှိနိုင်ပါသည်။





Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool