Cyber Bullying သို့မဟုတ် Online Harassment

 Doxing (Doxxing) 



Cyber Bullying သို့မဟုတ် Online Harassment 

သူ့ရဲ့ အဓိပ္ပာယ်က Dropping The Documents မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် ကိုယ်နဲ့အဆင်မပြေတဲ့ လူ။အဖွဲ့အစည်း။အသိုင်းအဝိုင်းအကြောင်းကို အချက်အလက်တွေစုစည်းပြီး Public မှာ (အခုဆို Social Media , Internet ပေါ်မှာ )အရှက်ရအောင် ဒါမှမဟုတ် နစ်နာအောင် ဖွင့်ချတာကို ဆိုလိုပါတယ်။

၁၉၉၀ ခုနှစ်မှာ ဟက်ကာတွေက  အမည်ဝှက်တွေနဲ့ နေထိုင်တဲ့ သူတွေအရဲ့ အကြောင်းကို ဖွင့်ချပြတာကနေ Doxxing ဆိုပြီးဖြစ်လာတာပါ။

အခုအချိန်က Social Media ခေတ်စားနေတဲ့အချိန်ဖြစ်တာကြောင့် လူတွေရဲ့ ‌‌ဓာတ်ပုံ နေရပ်လိပ်စာ

အလုပ်အကိုင် တွေက Social Media ပေါ်မှာ ပြန့်နှံနေပါတယ်။ ဒါ‌တွေကို ကိုယ်တိုင်တောင်မှ သတိမထားမိ အမှုမဲ့ အမှတ်မဲ့‌ဖြစ်နေတတ်ပါတယ်။

မသမာတဲ့လူတစ်ယောက်က Internet , Social Media ပေါ်မှာရှိနေတဲ့  ကိုယ့်ရဲ့ ကိုယ်ရေးအချက် အလက်တွေဖြစ််တဲ့ ဓာတ်ပုံ လိပ်စာ ဖုန်းနံပတ်  ဗီဒီယို အစရှိတာတွေကို ကိုယ့်ရဲ့ခွင့်ပြုချက်မရှိပဲ စုဆောင်းပြီး အရှက်ရစေဖို့ သိက္ခာချစေဖို့ လုပ်ဆောင်တာကိုလဲ Doxxing ပြုလုပ်တယ်လို့‌ခေါ်ပါတယ်။

အခြားနိုင်ငံတွေမှာတော့ အခုလို Doxxing ပြုလုပ်တာကို  ထိထိရောက်ရောက် အရေးယူတာတွေရှိပါတယ်။  မြန်မာမှာတော့ Doxxing ဆိုတာနဲ့ပတ်သတ်ပြီး စိမ်းနေပါသေးတယ်။

ဒါတွေကြောင့် Doxxing ဆိုတာကလဲ Cyber Bullying, Online Harassment  တစ်မျိုးဖြစ်ပါတယ်။ 

Doxxing - Online , Social Media ပေါ်မှာရှိနေတဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှာဖွေစုစည်းပြီး 

နစ်နာအောင် ပြုလုပ်ခြင်း။ 

                            

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool