Information warfare (US)

US က Tor Browser ( Dark Network ) ကို ပြန်လည်ပြီး Promotion လုပ်တဲ့အချိန်က US Million များစွာသုံပြီး ပြန်လည်အသုံးချတာဆီရီယား အရေးအခင်းမှာဖြစ်ပါတယ်။ အကျိုးအမြတ်ဘယ်လောက်ရလို့ ဘာလို့သုံးလဲတော့မသိပါ။ ကမ္ဘာကျော် Network ပစ္စည်းထုတ်လုပ်တဲ့ Company တွေကို စစ်သားတွေ ထောက်လှမ်းရေးတွေ ကို စေလွှတ်ရာမှာလဲ အဆိုပါ Company တွေကို US million ချီပြီး ပေးခဲ့ပါတယ်။ ဘာအပေးအယူလဲမသိပါ။ အတိအကျဆိုရင် 2013 မှာ US 250 Million ပါ။ အပေးအယူအချို့လဲရှိခဲ့ပါတယ်။ အသုံးပြုရင်တင်မဟုတ် ပစ္စည်းကို ဘယ်လိုထုတ်လုပ်ရတယ်ဆိုတာကအစ သင်ကြားစေပါတယ်။ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းရဲ့ အားနည်းချက်ကို သိရှိစေရန်ဖြစ်ပါတယ်။ တရုတ်က ကွန်ပျူတာပညာရှင်တွေကို စောင့်ကြည့်တာကတော့ ကွန်ပျူတာ ဘာသာရပ်ကို အထူးပြုသင်ကြားတာက ဘေဂျင်းတက္ကသိုလ်အပြင် နောက် ကျောင်းတွေက လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲက တက္ကသိုလ် တစ်ခုက တရုတ်နိုင်ငံတစ်ခုလုံးရဲ့ လူတိုင်းရဲ့ အကြောင်းအရာတွေကို မှတ်တမ်းထားရှိပါတယ်။တရုတ် University က ဘေဂျင်းမှာ ရှိတဲ့ Tsinghua University ။ Snowden ပြောပြချက်အရတော့ အဲဒီ University က Network ကို US ဘက်မှ ထိုးဖောက်ပြီးခဲ့ပြီးပါပြီ။ တရုတ်အပါအဝင် သူသိသလောက် ကမ္ဘာတဝန်းက University 63 ခုမှာရှိတဲ့ Network ကို 2013 ကတည်းက US ဘက်က ထိုးဖောက်ခဲ့ကြောင်းပြောပါတယ်
Zero Day Exploit လို့ခေါ်တဲ့ မြန်မာလို ဆီလျော်အောင်ဘာသာပြန်ရရင် ကြိုတင်ခန့်မှန်းထားခြင်းမရှိတဲ့ Cyber Security အရအားနည်းချက်တွေကို အဖွဲ့အစည်းအမည်ခံပြီး ငွေကြေးမြောက်မြားစွာသုံးစွဲပြီး ဝယ်ယူတာတွေ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ပါတယ်။ အမျိုးသားလုံခြုံရေးအရသော်လည်းကောင်း မဟာမိတ်နိုင်ငံအချင်းချင်း အသိပေးရန်အတွက်လည်းကောင်း အခြားနိုင်ငံကို ဦးစွာတိုက်ခိုက်နိုင်ရန်အတွက် လည်းကောင်း အသုံးချပါသည်။Zero Day Expolit အတွက် အရင်းအမြစ်ကို အဓိက ပစ်မှတ်ထားတာက ဥရောပနိုင်ငံတွေဖြစ်ပါတယ်။ တစ်ခုလေးစားစရာက သမ္မတ ဘွတ် (အကြီး) က အိုဘားမားကို လျှို့ဝှက်စွာတွေ့ဆုံမှုတစ်ခုမှာ အီရန်ကို Stuxnet Virus တိုက်ခိုက်မှုအကြောင်းကို အပြည့်အစုံပြောခဲ့ပြီး အိုဘာမားလက်ထက်မှာ လုပ်ငန်းအချို့ကို ပိုပြီး လုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။

Zero Day Expolit တွေကိုဝယ်ယူတာတွေ ရောင်းချတာတွေနဲ့ပတ်သတ်တဲ့ Company များစွာထဲက တစ်ခုကတော့ EndGame ပဲဖြစ်ပါတယ်။ အဲဒီ Company က CEO အချို့က US တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖူးသူတွေဖြစ်တာကိုတွေ့ရှိရပါတယ်။ Cyber အားနည်းချက်တွေကိုဝယ်ယူတာကတော့ NSA နဲ့ Google Microsoft တို့ဖြစ်ပါတယ်။ ငွေကြေးအရအသုံးစွဲနိုင်ဆုံးကတော့ NSA ပဲဖြစ်ပါတယ်။ အားနည်းချက်တွေကို အရောင်းအဝယ်ပြုလုပ်တဲ့ အဖွဲ့အစည်းတွေ Company တွေက နှစ်စဉ် မီလီယံများစွာမြတ်စွန်းပါတယ်။ နောက်ပိုင်းမှာ Cyber တိုက်ခိုက်မှုတွေဟာ US အစိုးရနဲ့ US တပ်မတော်တင်မကပဲ US နိုင်ငံတစ်ခုလုံးကိုဦးတည်လာကြောင်းသိလာတဲ့အခါ နည်းပညာ Company တွေ အဖွဲ့အစည်းတွေက အစိုးရနဲ့ပိုမိုပေါင်းစည်းလာပါတယ်။ စစ်ဘက် ၊ စစ်ဘက်ထောက်လှမ်းရေး၊ FBI NSA CIA တို့မှာနည်းပညာရှင်မလုံလောက်တဲ့အခါမှာ အပြင်မှ နည်းပညာရှင်များကိုပါ ခေါ်ယူခန့်ထားမှုများလဲ ပိုမိုများပြားလာပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ပြီး အလုပ်ထွက်သွားတဲ့ ဝန်ထမ်းတွေဟာ သူတို့လုပ်ကိုင်ခဲ့တာတွေကိုပြန်လည်ပြောကြားရာမှာ ထိန်းသိမ်းမှုအားနည်းတာကိုလဲ တွေ့ရှိပါတယ်။ Cyber အားနည်းချက်တွေကိုရောင်းချသော အဖွဲ့အစည်းတွေဟာ US ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုထဲကိုသာရောင်းချစေခြင်း သို့မဟုတ် US မဟာမိတ်နိုင်ငံတွေကိုသာရောင်းချစေခြင်း စသည့် စည်းကမ်းချက်များကိုလဲ သတ်မှတ်ထားတာကိုတွေ့ရပါသည်။ Microsoft ကလဲ Hack-back Operaion B54 ပြီးတဲ့နောက်မှာ US ကာကွယ်ရေးဦးစီးချုပ်ကနေ အချို့သော Server များကို တပ်ထဲမှာထားရန် ခွင့်ပြုခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ Sourcefire IPS ကို Cisco ကနေ 2013 မှာ 2.7 ဘီလီယံပေးပြီးဝယ်ယူတာဖြစ်ပါတယ်။ Sourcefire မှာ SNORT သာပါတဲ့အတွက် 2.7 ဘီလီယံနဲ့ဝယ်ယူတာက ထူခြားမှုတစ်ခုဖြစ်နေပါတယ်။
Data Intercept Technology Unit (DITU) ကတော့ US နိုင်ငံတစ်ခုလုံးရဲ့ အင်တာနက်လိုင်း ဖုန်းလိုင်းတွေကို ထောက်လှမ်းမှုပြုလုပ်ပါတယ်။ NSA ကနေ အချက်အလက်လိုချင်တဲ့အခါ တယ်လီကွန်းတွေ Google Yahoo Facebook Twitter တို့ကနေ ရယူပေးပါတယ်။ နောက်ထပ် US နိုင်ငံအတွင်းမှာရှိတဲ့ Company တွေက US ရဲ့ Network အတွင်းမှာပဲချိတ်ဆက်ထားရှိမှု ရှိမရှိကို ထောက်လှမ်းပါတယ်။ အဲလိုချိတ်ဆက်ထားရန်အတွက်လဲ ဥပဒေ သတ်မှတ်ထားပါတယ်။DITU ကနေ ကြားဖြတ်ဖမ်းယူမှုပြုလုပ်ခြင်း စုံစမ်းထောက်လှမ်းခြင်းများအတွက် USလွှတ်တော်ကနေ ကြားဝင်ကန့်ကွက်မှုလဲမရှိသလောက်ဖြစ်ပါတယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool