Information warfare (China)

General Staff Department မှ "Fourth Department " သည် အီလက်ထရောနစ် စစ်ဆင်ရေးများကို သီးသန့်ပြုလုပ်သော ဌာနဖြစ်သည်။ 2000 ခုနှစ်လောက်ကြမှ အဆိုပါဌာန ရှိကြောင်းကို လူအများသိလာကြပါသည်။ ၎င်းအဖွဲ့သည် ယခင်က အီလက်ထရောနစ် စစ်ဆင်ရေး ကိုသာ သီးသန့်ပြုလုပ်သော်လည်း တရုတ်ပြည်သူ့တပ်မတော်ရဲ့လိုအပ်ချက်အရ ခေါင်းဆောင်းအပြောင်းအလဲလုပ်ပြီး ဌာနရှိဝန်ထမ်းများအား ဘာသာစကားနှင့်လိုအပ်သောနည်းပညာများကို သင်ကြားစေခဲ့ပါသည်။ အဆိုပါဌာနတွင် အနည်းဆုံး ဝန်ထမ်း 13000 ခန့်ရှိပြီး နောက်ပိုင်း အရည်အတွက်ကို အတိအကျခန့်မှန်းနိုင်ခြင်းမရှိပါ။ လိုအပ်သောနည်းပညာရပ်များအတွက်ပြည်ပသို့စေလွှတ်ခြင်း၊ ပြည်တွင်းရှိ တက္ကသိုလ်များနှင့်ပူးပေါင်ပြီး သုတေသနပြုလုပ်ခြင်း တို့ကိုပြုလုပ်လျှက်ရှိပါသည်။ အခြားနေရာများသို့တိုက်ခိုက်ရုံသာမက ပြည်တွင်းလုံခြုံရေးအတွက်ပါဆောင်ရွက်ပါတယ်။ အဆိုပါ ဌာနလိုမျိုး 6 ခုထက်မနည်းဖွဲ့စည်းထားရှိပါသည်။ သတင်းအချက်အလက်နှင့်ပတ်သတ်ပြီး ကာကွယ်သော ဌာန၊ သတင်းအချက်အလက်နှင့်ပတ်သတ်ပြီး စုဆောင်းသောဌာန ၊ Cyber war ပြုလုပ်ရာဌာန ၊ သုတေသနပြုလုပ်သောဌာန စသည်ဖြင့် ခွဲခြားထားပါသည်။ ဌာန အဆင့်အလိုက် သီးခြားတပ်ဖွဲ့အလိုက်လဲတာဝန်များခွဲထားပါသည်။
အဆိုပါဌာနများ အခြေစိုက်သောနေရာများမှာ Lanzhou, Jinan, Chengdu, Guangzhou နှင့် Beijing မြို့များဖြစ်ပါသည်။ အဆိုပါဌာနများတွင် တာဝန်ထမ်းဆောင်သောသူများမှာ နည်းပညာ Company များမှ ဝန်ထမ်းများ၊ နည်းပညာ တက္ကသိုလ်မှကျောင်းပြီးသူများ၊ အခြားနေရာများမှာ နည်းပညာရှင်များ၊ ကွန်မြူနစ် ပါတီကိုယုံကြည်မှုရှိသောသူများ ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ပါသည်။ ပြည်တွင်းရှိနည်းပညာကုမ္မဏီများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ပါသည်။ စစ်ဘက်အရပ်ဘက် ထောက်လှမ်းရေးအဖွဲ့ဝင်များကိုသာမကပဲ ပြည်နယ်အလိုက်ပြည်သူ့စစ် အဖွဲ့ဝင်များကိုပါ လိုအပ်သော နည်းပညာဆိုင်ရာသင်တန်းများကိုသင်ကြားစေပါသည်။ စစ်ဘက်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်ခြင်းမရှိသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို Cyber War နှင့်ပတ်သတ်သည့် အထူးတာဝန်များကိုပေးအပ်ပါသည်။
2008 ခုနှစ်ကတည်းက ပြည်နယ်အလိုက် သီခြားတာဝန်များကို ပေးထားပါသည်။ ဆက်သွယ်ရေး Company များ နည်းပညာ Company များကို နေရာ အဆောက်အဦး ငွေကြေးထောက်ပံ့ပြီး အဆိုပါ Company များမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။

တရုတ်တွင် Cyber တပ်ဖွဲ့များဖွဲ့စည်းရာတွင် နည်းပညာအခြေခံရှိသော ကျွမ်းကျင်သော စစ်သားများကို သီးသန့်စုစည်းပြီးဖွဲ့စည်းပါသည်။ အဆိုပါစစ်သားများမှတစ်ဆင့် ပြည်သူ့စစ်များကိုထပ်ဆင့်သင်ကြားစေပါသည်။ လိုအပ်သည့် နည်းပညာများကို Academy of Military Science မှ ဆရာများ ပြင်ပနည်းပညာ Company များမှ ပညာရှင်များနှင့် ထပ်မံသင်ကြားစေပါသည်။ စစ်ပညာများကိုတော့ တပ်မှ တာဝန်ယူလေ့ကျင့်သင်ကြားစေပါသည်။ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကျွမ်းကျင်မှုအလိုက် အဖွဲ့များခွဲကာလုပ်ဆောင်စေပါတယ်။ Cyber War သာမက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းများကိုပါဆောင်ရွက်ပါသည်။ ပြည်သူ့စစ်များကိုရွေးချယ်ရာတွင် ပါတီနှင့်နိုင်ငံအပေါ်သစ္စာစောင့်သိမှု ၊ နောက်ကြောင်းရာဇဝင်ကင်းရှင်းမှု နည်းပညာကျွမ်းကျင်မှုအပေါ်မူတည်ပြီးရွေးချယ်ပါသည်။
တရုတ်အစိုးရနှင့်တပ်ဖွဲ့ဝင်များသည် 1999 မှစပြီး နိုင်ငံအတွင်းရှိ hacker များနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။
သို့ရာတွင် တရုတ်အစိုးရမှ မဟာဗျူဟာအရ ပစ်မှတ်ထားသောနေရာများကို ပြည်တွင်းရှိ Hacker များမှ ဝင်ရောက်နှောက်ယှက်မှုများရှိလာပါသည်။ ပြည်တွင်းရှိ Hacker များသည် အခြားနိုင်ငံများသို့ မလိုအပ်ပဲ Cyber တိုက်ခိုက်ခြင်း၊ ရယူရမည့်အချက်လက်များကိုလည်းပျက်စီး‌ခြင်းများ ဖြစ်လာပါသည်။ မလိုအပ်ပဲ Cyber တိုက်ခိုက်မှုများကြောင့် သံတမန်ရေးအရ မျက်မှာပျက်စေခဲ့ပါသည်။ နောက်ပိုင်းတွင် အစိုးရသည် International Relationship အရ 2009 တွင်နိုင်ငံအတွင်း Cyber Crime ကျူးလွန်သောသူများကို ပြင်းပြင်းထန်ထန် အရေးယူခြင်း Cyber Crime နှင့်ပတ်သတ်သောဥပဒေပြောင်းလဲခြင်းများကိုပြုလုပ်လာပါသည်။ နိုင်ငံရေးအရ လူမျိုးရေးအရပြုလုပ်သော Cyber တိုက်ခိုက်ခြင်းများကို တရုတ်အစိုးရမှ လုံးဝလက်မခံကြောင်း တရားဝင်ကြေငြာခဲ့ပါသည်။ ထို့ကြောင့် ပြည်တွင်း Hacker များသည် နည်းပညာ Company များ အကြံပေး Company များအဖြစ်အသွင်ပြောင်းသွားခဲ့ပါသည်။ အဆိုပါ Company များနှင့်လည်း အစိုးရသည် ဆက်သွယ်မှုရှိခဲ့ပါသည်။
အစိုးရသည် ZTE Huwaei Vernus Technology Company အစရှိသည့်တရုတ်နည်းပညာ Company များနှင့် နည်းပညာအရရော စီးပွားရေးအရပါ အပြန်အလှန်အကူအညီပေးမှုများလဲရှိပါသည်။ Zero day Exploit များကိုလဲ ဈေးအပြိုင်ပေးကာ ဝယ်ယူခြင်းများပြုလုပ်လာပါသည်။ချက်အလက်များကိုခိုးယူရာတွင်လည်းကောင်း Cyber တိုက်ခိုက်ရာတွင် နည်းပညာကိုသာအသုံးချရုံမက လိုအပ်လျှင် ငွေပေးပြီး ဆွဲဆောင်ခြင်းများလဲ ပြုလုပ်ပါသည်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool