First Responder Guide Android Device များကို သိမ်းဆည်းခြင်း


ရှာဖွေသိမ်းဆည်းရမဲ့ Mobile Device ဟာ Power ဖွင့်လျှက်အနေအထားရှိနေပါက Power ကိုပိတ်ခြင်းမပြုပဲ Power Bank ဖြင့်ဆက်လက် Power ပေးထားရမည်ဖြစ်ပါသည်။ Volatile Information များအားရယူလိုသောကြောင့်ဖြစ်ပါသည်။ Encryption Keys သည် Volatile Data အတွင်းတွင်ရှိနေသောကြောင့်ဖြစ်ပါသည်။ Encryption Keys ရရှိလျှင် Physical Extraction Methods နှင့် Chip Off အတွက်အသုံးဝင်ပါသည်။  နောင်မကြာမှီအသုံးပြုလာမည့် E-Sim အတွက်လဲပါဝင်ပါသည်။USB Debugging Mode Screen Time Out Lock Timer များကိုပြောင်းလဲရခြင်းကတော့ Law Enforcement အဖွဲ့ပစည်းများတွင် Budgect အခြေအနေအရ Forensic Hard ware များ Tools များနည်းပညာများကို update မဖြစ်သေးချိန်တွင် စုံစမ်းစစ်ဆေးရာတွင် လွယ်ကူစေရန် သို့မဟုတ် စစ်ဆေးသူလွယ်ကူစေရန်ဖြစ်ပါသည်


သံသယရှိသည်ထံမှ Mobile Device အား သိမ်းဆည်းပြီးနောက် Pin Code Password Pattern biometric အချက်အလက်များကို မေးမြန်းမှတ်သားခြင်း၊ Screen time out / Lock Timer များကို Never ပြုလုပ်ခြင်း၊ USB Debugging Mode အား တစ်ခါတည်း ဖွင့်ခြင်းများကို ပြုလုပ်ရပါမည်ဖြစ်ပါသည်။

Airplane mode ပြုလုပ်ရခြင်း ကတော့ အခင်းဖြစ်ရပ်သို့ သွားရောက်သိမ်းဆည်းရာတွင် Farady Case နှင့် Stronghold Bag များမပါရှိပါက kill Switch Feature နှင့် ( Remote Wipe) မလုပ်နိုင်စေရန်ဖြစ်ပါသည်။

ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Airplane mode တွင်ပြုလုပ်ထားသော်လည်း Wireless / Bluetooth များ On နေတတ်ပါသည်။ ထို့ကြောင့် သိမ်းဆည်းပြီးနောက် Airplane mode ကို On ထားရုံတင်မကပဲ Wireless / Bluetooth များကိုပါ ပိတ်ထားရမည်ဖြစ်ပါသည်။

kill Switch Feature နှင့် Remote Wipe Application များသည် Airplane mode ပေးထားသော်လည်း Battery လျော့နည်းလာခြင်း
Pin Password Pattern များကို သတ်မှတ်အကြိမ်ရေထက် ပိုဖွင့်မိပါက Mobile Phone အား Auto Wipe ဖြစ်စေပါသည်။

Farady Case နှင့် Stronghold Bag များထဲသို့ Mobile Device
ထည့်သွင်းရသည့် နောက်ထပ်အကြောင်းအရာမှာ

မိုဘိုင်းဖုန်းအား Airplane mode ပေးထားသော်လည်း kill Switch Feature နှင့်Remote Wipe Application များသည် သတ်မှတ်ထားသည့်အခြေအနေကိုရောက်လျှင် Airplane mode ပေးထားသော်လည်း Wireless / Bluetooth များ Auto On ပါသည် .. ထို မိုဘိုင်းဖုန်းသို့ ချိတ်ဆက်ပြီး ဖျက်ဆီးနိုင်ပါသည်။ ထို့ကြောင့် Farady Case နှင့် Stronghold Bag များအသုံးပြုရခြင်းဖြစ်ပါသည်။

Farady Case ထဲတွင် Power Bank ပါထည့်သွင်းရခြင်းမှာ 

အချိုသော Kill Switch Features များသည် ဖုန်းအား  Farady  အိတ်ထဲသို့ထည့်သွင်းထားသော်လည်း အားသွင်းကြိုးသည် Phone Antenna ကဲ့သို့ အလုပ်လုပ်စေပြီး Remote Wipe ဖြစ်စေပါသည်။

Damage  Mobile Device များ

ရေ Chemical ထဲတွင် နစ်မြုပ် ပျက်စီးခြင်း၊
အစိတ်အပိုင်းများကွဲနေခြင်း၊
အပူကြောင့် မီးကြောင့်ပျက်စီးခြင်း

- ပျက်စီးရသည့်အကြောင်းအရာ အားမှတ်တမ်းတင်ခြင်း
- ကွဲကြေနေသည့် အစိတ်အပိုင်းများကို စုစည်းခြင်း
- DNA/ လက်ဗွေရယူခြင်း
-  Mobile Device အချက်အလက်များရယူနိုင်ပါက ရယူခြင်း
- Lab သို့ပို့ဆောင်ရာတွင် စိုစွက်သည့်အကြောင်းအရာ (Eg.ရေ၊အက်ဆစ်) ကြောင့်ဖြစ်သည်ကို Label တပ်ခြင်း
- Lab သို့ ဆောလျှင်စွာပို့ဆောင်ခြင်း

ဆက်စပ်သည့် အချက်အလက်များ ပစ္စည်းများရှာဖွေဖြင်း
OTG Stick/ Laptop/Desktop/ Paper pieces/USB Stick /Externa; Hard Disk / Sim Card / Etc .......

Device Information ရယူခြင်း နှင့် document ပြုလုပ်ရခြင်း

International Mobile Equipment Identity (IMEI),
Mobile Equipment Identifier (MEID),
Mobile Carrier
Mobile Phone Serial
Mobile Phone Condition (Good or Damage )
Pin Password Pattern
Etc ............




=========ZawGYI=========

First Responder Guide
အရေးကြီးသည့် အချက်များကိုသာဖော်ပြထားပါသည်

- DNA/ လက်ဗွေရယူခြင်း

Mobile Carrier
Mobile Phone Serial
Pin Password Pattern
Etc ............

==============



Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool