{Embedded Universal Integrated Circuit Card “eUICC or (Embedded Sim (E SIM ) }
Mobile Phone Circuit board ထဲမှာ တစ်ခါတည်း ထည့်ထားသော Chip Set ဖြစ်ပါသည်။ Chip Set memory ပေါ်မူတည်ပြီး ကိုယ်သုံးချင်တဲ့ Network Operator တွေရဲ့ Profile ၁ ခု သို့မဟုတ် ၂ ခု တစ်ပြိုင်တည်းထည့်ထားနိုင်ပါသည်။ အရင် Sim Card မှာလိုပဲ သက်ဆိုင်ရာ Operator ကို ချိတ်ဆက်ရန် roaming ပြုလုပ်ရန် E-SIM Profile တွင် IMSI , ICCID MSISDN စသည့်အချက်အလက်တွေပါရှိမည်ဖြစ်ပါသည်။ E-Sim ထဲကို Profile အချက်အလက်ထည့်ပြီး ချိတ်ဆက်ရန် အတွက် သက်ဆိုင်တဲ့ Mobile Operator ကနေ ရောင်းချပေးတဲ့ Bar Code (သို့) QR Code(သို့) Application(သို့) Manual ရိုက်ထည့်နိုင်ပါသည်။
Telecom Profile တစ်ခုသာထည့်သွင်းနိုင်သော E-SiM အတွက်ဆိုရင် အခြား Operator ကိုပြောင်းသုံးချင် အရင်သုံးထားသော Profile ကိုဖျက်ပြီး ထည့်သွင်းရမည်ဖြစ်ပြီး Profile ၂ ခုအသုံးပြုနိုင်သော E-Sim ဆိုလျှင် မိမိ Profile တစ်ခုကို Disable /Enable ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
အခုလောလောဆယ်မှာ E -SIM အတွက် Forensics ပြုလုပ်ရန်နည်းလမ်းများစွာမရှိသေးသော်လည်း ဝယ်ယူသုံးစွဲသူ Information / Call Detail Record / IPDR / Location အချက်အလက်များကို Operator ထံမှ ရရှိနိုင်မည်ဖြစ်ပါသည်။
Mobile Forensics အတွက်ကတော့ E-SIM ထဲကနေ ဖျက်လိုက်တဲ့ Operator Profile အချက်အလက်တွေကို
E-Sim ထဲမှာ ပါဝင်သော Operation System (သို့) E-Sim Memory
Mobile Operation System (သို့) Mobile Phone ရဲ့ Memory (Power မပိတ်သောအခါ) (သို့) Backup (သို့) Cloud ထဲကနေ ရရှိနိုင်မည်ဖြစ်ပါသည် ။
(E-Sim အတွက် အကြမ်းမျှသာဖြစ်ပါသည်။)
========ZAW GYi =========
Comments
Popular posts from this blog
B-Trees (NTFS)
NTFS Index Attributes
Volatility Workbench (GUI) for the Volatility tool