Mobile Forensic Challenge (Android-16)
January လောက်က Android 16 မှာပါလာမဲ့ Security Features တွေကိုရေးခဲ့ဖူးပါတယ်။ June 10 ရက်နေ့မှာတော့ Google ကနေ Android 16 မှာပါမဲ့ Security Features တွေကို တရား၀င်ထုတ်ပြန်လာတဲ့အတွက် ကျန်တဲ့ Security Features တွေထက် Android 16 မှာကြုံလာနိုင်တဲ့ Anti-Forensics အကြောင်းကိုပဲ အရင်ရေးထားတဲ့ Post မှာထပ်ဖြည့်လိုက်ပါတယ်။ Android 16 မှာပါလာတဲ့ Security Features ဖြစ်တဲ့ Advanced Protection Mode ကတော့ Apple IOS Lock Down Mode နဲ့ဆင်ပါတယ်။ Theft Prevention Google Pixel (Android 15) & Samsung Galaxy (One UI 7) ဖုန်းတွေမှာ Theft Prevention အနေနဲ့ ကိုယ်သတ်မှတ်ထားတဲ့နေရာ မဟုတ်ရင် ဖုန်းရဲ့ Pin Password သိရင်တောင် Phone မှာ ကိုယ် Private လုပ်ထားတဲ့ Data တွေကို Access လုပ်ခွင့်မရနိုင်တော့ဘူးလို့ Google က ကြေငြာထားပါတယ်။ Private Data Location ကတော့ Google Pixel မှာ Private Space ဖြစ်ပြီး Samsung မှာဆိုရင် Secure Folder ဖြစ်ပါတယ်။ ဥပမာ အိမ် နဲ့ ရုံးနေရာကိုပဲ Secure Location အနေနဲ့ ထားမယ်ဆိုရင် အိမ် နဲ့ ရုံးကြားမှာ Phone ကတစ်ခုခုဖြစ်ရင် Private Data အတွက် Pin, Password အပြင...