Unkown USB Stick Analysis

 အခုအနေအထားမှာဆိုရင် Flash Drive ကို Window , Linux မှာထိုးရင် အထဲက File တွေကိုမမြင်ရတော့တဲ့ အနေအထားဖြစ်သွားပါပြီး။ Disk Management မှာ ကြည့်မယ် ဆိုရင် Format ပေးမှ ရတော့မယ်။ Data ကတန်ဖိုးမရှိဘူးဆိုရင်တော့ Format ပေးလိုက်ရင်ရပါပြီ။

But Data ကတန်ဖိုးရှိတယ် ပြီးရင် Forensics Analysis လုပ်မယ်ဆိုရင် Format လုပ်ပြီး Recovery ပြန်ဆွဲမယ်ဆိုရင် မူရင်းအတိုင်း Data တွေ ပြန်ရဖို့ မလွယ်ပါဘူး။ Forensics Analysis လုပ်မယ်ဆိုရင် ပိုဆိုးပါတယ်။ ကျွန်တော်တို့က Data ကို ရနိုင်သမျှ ရအောင်လိုချင်တာကိုး။

Format ကိုမှ မူလ Fash Drive မှာ သုံးထားတာက FAT လား NTFS လားဆိုတာမသိလို့ FAT သုံးထားတာကို NTFS နဲ့ Format လုပ်မိရင်။ ဒါမှမဟုတ် NTFS သုံးထားတာကို FAT နဲ့ Format လုပ်မိရင်။ 

File System လွဲပြီး Format လုပ်မိလိုက်တယ်။ But 

Cluster Size တော့မချိန်းပဲ Format လုပ်မိမယ်ဆိုရင်တောင် File System ရဲ့ Default Cluster Size ကြောင့် Cluster Size တွေက Shuffle ဖြစ်သွားတဲ့အတွက် Data ပြန်ရဖို့ မလွယ်ကူတော့ပါဘူး။

ဒီနေရာမှာ Low-Level Analysis ကိုအသုံးပြုပြီး Flash Drive ထဲက Data ကိုပြန်ရယူပါတယ်။

မူရင်း File System ရော Cluster Size ရောမပျက်တဲ့အတွက် အရင်က ဖျက်ထားတာ‌တွေပါ တွေ့နိုင်ပါတယ်။ 

Cluster Size ကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတော့ Slack Space တွေဖြစ်လာပြီ။ Recovery Or Forensics Analysis အတွက် အသုံး၀င်လာပြန်ပါတယ်။ 

PS - Stick က ကျွန်တော်ဟာပါ Bootable လုပ်နေရင်း ပျက်သွားလို့။ 😅









Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool