AFP-Fast Check , Ocelli Project (Google Map, Satellite Image)

 ကျွန်တော်တို့ မနေ့က Case Study ကနေဘာတွေရလိုက်လဲဆိုရင် - 

- Twitter Bot တွေရဲ့ အကြောင်း သူတို့အလုပ်လုပ်ပုံ

- Visual Graph နဲ့ ပျံ့နှံမှုကို မြင်အောင်ကြည့်တာ။ 

 Visual Graph GEPHI Download Link 

  https://gephi.org/

- Facebook Page ရဲ့ Transparency နဲ့ Facebook Ad Service ကနေ Analysis ပြုလုပ်တာ။

- Page Archive, Website Archive လုပ်တာ။

- သူတို့သုံးသမျှတွေက ကျွန်တော်တို့ အနီးအနားမှာ ရှိတဲ့ Free ရနေတဲ့ အရာတွေက‌နေ ပြုလုပ်သွားတာဖြစ်ပါတယ်။

AFP Fast Check Using Google Street View And Google Maps

(နည်းပညာ အမြင် အနေနဲ့သာ ကြည့်ပေးပါ။) 

February - 2021 - 8 ရက်နေ့က ရဲတွေ စနိုက်ပါ နဲ့ အထပ်မြင့်ကနေ ချိန်နေတဲ့ ပုံ Twitter မှာရော Facebook မှာရော တက်လာတယ်။ 

How To Check 

- ရဲ တွေရှိနေတဲ့ နေရာက အဆောက်အဦးက  Google Street View ကနေ ကြည့်လိုက်ရင် နေရာက ဆာကူရာ တာဝါ။

- ပုံထဲ မှာ အဆောက်အဦးတစ်ခုက အစိမ်းရောင် အစအုပ်ထားတယ် လက်ရှိဆောက်လုပ်ရေး ပြုပြင်ရေးလုပ်နေတဲ့သဘောပါ။

- Google Map ကနေ ပြန်ကြည့်လိုက်ရင် လက်ရှိ 2021 အချိန်မှာ အဆောက်အဦးမှာ  အစိမ်းရောင်အစ အုပ်ထားတာ မရှိတော့ပါဘူး။ 

 - အစိမ်းရောင်အစ ဘယ်တုန်းက အုပ်ထားတာလဲ Google Map မှာ ပြန်ကြည့်လိုက်ရင်January  2018 တုန်းက အုပ်ထားတာကိုတွေ့ရပါတယ်။ 

- အစိမ်းရောင် အစ အုပ်ထားတာဘယ်အချိန်မှာ မရှိဘူးလဲဆိုတာကို Google Map မှာ ပြန်ကြည့်ရင် November 2020 မှာထဲက မရှိတော့တာ တွေ့ရပါတယ်။ 

ဒါဆိုရင် Twitter , Facebook ‌ပေါ်ကဓာတ်ပုံက 2018 January ပတ်၀န်းကျင်မှာ ရိုက်ထားတာကို သိသာစွာ ညွန်ပြနေပါတယ်။

Ocelli Project 

 ရခိုင်မှာ ရွာတွေ မီးလောင်တာကို အရင်က Satellite Image , ယခု Goog Satellite Image တွေနဲ့ပြဖို့ အတွက် ဖွဲ့ထားတဲ့ Project  ဖြစ်ပါတယ်။ 

ခေါင်းဆောင်က Benjamin Strike (Bellingcat) ဖြစ်ပါတယ်။ London က ကျောင်းသား 10 ယောက်လောက်က Part-time အနေနဲ့ ကူပေးပါတယ်။ အခြားကူညီပေးတဲ့ Volunteer တွေလဲ ပါပါတယ်။

ဘယ်လိုလုပ်တာလဲဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ

အဖွဲ့ကလူတွေကို Area အလိုက်ပိုင်းပြီး Analysis လုပ်ရမဲ့ Area ပေးပါတယ်။

 လက်ရှိ Google Satellite Image နဲ့  Sentinel-hub  ကနေရတဲ့ အရင်က Satellite Image တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာဖြစ်ပါတယ်။ 3000 Square Kilometers အထိ Analysis လုပ်မယ်လို့ သိရပါတယ်။ 

 Sentinel-hub က အရင်က Satellite Image တွေကို ရောင်းပါတယ်။ 

ပုံအရတော့ 2017 လောက်က Satellite Image တွေစပြီး တိုက်ဆိုင် စစ်ဆေးမယ်လို့ ယူဆရပါတယ်။ 

Sentinel- hub Website Link

https://www.sentinel-hub.com/

REFERENCE - AFP Fast Check, Ocelli Project



Google Street View 


January - 2018 

                                                         November - 2020




Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool